Connect with us

Hi, what are you looking for?

News

“နန်းထိုက်အောင်”စစ်ဆင်ရေးအဖြစ် ရွှေပြည်သာမြို့နယ်ယာဥ်ထိန်းရဲရုံးအတွင်းရှိ စစ်ကောင်စီတပ်သားများကို တိုက်ခိုက်

စစ်ကောင်စီတပ်သားများ ပြင်းထန်သည့် ဒဏ် ရာရရှိခဲ့ပြီး အသေအပျောက်ရှိနိုင်သည်ဟု YUGA က အသိပေးသည်။

“နန်းထိုက်အောင်”စစ်ဆင်ရေးအစိတ်အပိုင်းအဖြစ် ရွှေပြည်သာမြို့နယ်၊ ဧရာဝတီပတ်လမ်းရှိ ယာဥ်ထိန်းရဲရုံးအတွင်းရှိ စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ YUGA က ထုတ်ပြန် သည်။

တိုက်ခိုက်မှု ဖြစ်စဥ်မှာ ယနေ့(ဧပြီ ၂၆ ရက်)ည ၇ နာရီခွဲခန့်တွင် ယာဥ်ထိန်ရဲရုံးအတွင်း လက်ပစ်ဗုံးနှစ်လုံးနှင့်အတူ သေနတ်ဖြင့် ၁၀ချက်ခန့် ပစ်ခတ်ကာ နောက်ချန်မိုင်းတစ်လုံးပါ ထပ်မံ ဖောက်ခွဲခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သားများ ပြင်းထန်သည့် ဒဏ် ရာရရှိခဲ့ပြီး အသေအပျောက်ရှိနိုင်သည်ဟု YUGA က အသိပေးသည်။

Public Service Announcement

“ပေါက်ကွဲသံကတော်တော်ပြင်းတယ်။ပြီးတော့ အဲဒီပေါက်သွားတဲ့ ယာဥ်ထိန်းရဲရုံးရဲ့ လမ်းထိပ်မှာ စစ်ကားနှစ်စီးနဲ့ ကိုပိတ်စစ်နေတယ်”ဟု ရွှေပြည်သာမြို့နယ်နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေးကို YUGA နှင့်အတူ Shwepyithar Defence Force မှ ရဲဘော်များပူးပေါင်ဆောင်ရွက်ခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့အပြင် ယနေ့ ညပိုင်း ၇နာရီ ၄၀ခန့်က မြောက်ဒဂုံမြို့နယ်၌ အင်အားပြင်းထန်သည့် ပေါက်ကွဲမှု ငါးကြိမ်ခန့်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ဧပြီ ၈ရက်ကစတင်ခဲ့သော “နန်းထိုက်အောင်” စစ်ဆင်ရေးအရ အကြမ်းဖက်စစ်တပ်နှင့် ၎င်း၏ ထောက်တိုင်များကို ပစ်မှတ်ထား၍ မင်္ဂလာဒုံ၊ အင်းစိန် ၊ ကမာရွတ်၊လမ်းမတော်၊ ​ကော့မှုး၊ တွံ​တေး၊ သုံးခွ၊ ​ဒလ နှင့် လှိုင်သာယာမြို့နယ်တို့တွင် ဆောင်ရွက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook