Connect with us

Hi, what are you looking for?

News

မန္တ​လေးနန်းတွင်းမှစစ်​ကောင်စီတပ်သားတစ်ဦး ကျားသစ်နက်​ပြောက်ကျားတပ်ဖွဲ့မှတစ်ဆင့် ပြည်သူ့ရင်ခွင်ခိုလှုံ

ကျန်ရှိနေသေးသော ရဲသား ၊စစ်သားများလည်း အချိန်မီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အမြန်ဆုံးပူးပေါင်းကြရန် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းသည်။

စစ်ကိုင်းတိုင်းအတွင်း ရှေ့တန်းတစ်နေရာတွင် မန္တလေးနန်းတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်မှ တ​ပ်သားတစ်ဦးထွက်ပြေးလာပြီး ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ CDM ပြုလုပ်လာကြောင်း ကျားသစ်နက်ပြောက်ကျားတ​ပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

တပ်သား ကျော်ဇင်အောင်၊ ကိုယ်ပိုင်အမှတ်တ/၅၆၁၅၁၁၊ မန္တလေးနန်းတွင်း၊ ခ.လ.ရ ၁၂၁ သည် ယနေ့ (ဧပြီလ ၂၆ ရက်) နံနက်တွင် ‌‌ရှေ့တန်းတစ်နေရာမှ ထွက်ပြေးကာ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့သို့ ဆက်သွယ်ပြီး ပြည်သူများနှင့် ပူးပေါင်းလာပါကြောင်း၊ CDM ပြုလုပ်လာသော တပ်သား ကို ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့မှ လွတ်မြောက်နယ်မြေသို့ လုံခြုံစွာ ပို့ဆောင်နိုင်ခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

“ပြည်သူနဲ့ ပူးပေါင်းချင်တာကြာပါပြီ။ အခွင့်မသာလို့ မဝင်ဖြစ်ခဲ့တာပါ။ အခုတော့ပြည်သူကို ပြန်သတ်နေတဲ့စစ်တပ်မှာ တာဝန်မထမ်းဆောင်နိုင်တော့လို့ ပြည်သူနဲ့ပူးပေါင်းတာလို့ပြောပါတယ်ဗျ။”ဟု CDM စစ်သား၏ ပြောကြားချက်ကိုကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက တဆင့်ပြန်ပြောပြသည်။

ကျန်ရှိနေသေးသော ရဲသား ၊စစ်သားများလည်း အချိန်မီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အမြန်ဆုံးပူးပေါင်းကြရန် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook