Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာ့အရေးအနီးကပ်စောင့်ကြည့်ဖို့အထူးကိုယ်စားလှယ်တစ်ဦးထိုင်းအစိုးရခန့်အပ်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပြီး ပဋိပက္ခတွေဖြစ်ပွားနေချိန်မှာ ထိုင်းနိုင်ငံက မြန်မာ့အရေးကိုအနီးကပ်စောင့်ကြည့်နိုင်အောင် အထူးကိုယ်စားလှယ်ခန့်အပ်လာတာလည်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ အိမ်နီးချင်းမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို အနီးကပ်စောင့်ကြည့်နိုင်ဖို့အတွက် အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်လိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးတစ်ဦးဖြစ်တဲ့ Ms Pornpimol Kanchanalak ကို မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်လိုက်တာပါ။

Ms Pornpimol Kanchanalak ဟာ မြန်မာနိုင်ငံအကြောင်းသိရှိထားသူလည်းဖြစ်တယ်လို့ ဘန်ကောက်ပို့စ်ကဆိုထားပါတယ်။

မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံအတွက် ပထဝီနိုင်ငံရေး ၊ စီးပွားရေး၊လူမှုရေးနဲ့အမျိုးသားလုံခြုံရေးကဏ္ဍတွေမှာ မဟာဗျုဟာမြောက်အရေးပါတဲ့နိုင်ငံဖြစ်တာကြောင့် အခုခန့်အပ်လိုက်တဲ့အထူးကိုယ်စားလှယ်က အနီးကပ်စောင့်ကြည့်ကာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကိုအကြံဉာဏ်ပေးသွားမှာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပြီး ပဋိပက္ခတွေဖြစ်ပွားနေချိန်မှာ ထိုင်းနိုင်ငံက မြန်မာ့အရေးကိုအနီးကပ်စောင့်ကြည့်နိုင်အောင် အထူးကိုယ်စားလှယ်ခန့်အပ်လာတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

နိုင်ငံတကာ

နောက်ဆက်တွဲအဖြစ် ပါနစ်ချ်ဟာ ကောင်းမွန်စွာ နေထိုင်နေကြောင်း အာဏာပိုင်တွေဆီ ၁ နှစ်ကြာ ပုံမှန် သတင်းပို့ဖို့နဲ့ ယာဉ်မောင်းလိုင်စင် ၆ လ ဆိုင်းငံ့ခံရဖို့လည်း တရားရုံးက အမိန့်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

မြ၀တီ၌ နောက်ဆုံးကျန်နေသည့် ခမရ(၂၇၅)ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)၊ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)တို့မှ ယနေ့မနက်အစော၌ အပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။