Connect with us

Hi, what are you looking for?

News

မြန်မာ့အရေးအနီးကပ်စောင့်ကြည့်ဖို့အထူးကိုယ်စားလှယ်တစ်ဦးထိုင်းအစိုးရခန့်အပ်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပြီး ပဋိပက္ခတွေဖြစ်ပွားနေချိန်မှာ ထိုင်းနိုင်ငံက မြန်မာ့အရေးကိုအနီးကပ်စောင့်ကြည့်နိုင်အောင် အထူးကိုယ်စားလှယ်ခန့်အပ်လာတာလည်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ အိမ်နီးချင်းမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို အနီးကပ်စောင့်ကြည့်နိုင်ဖို့အတွက် အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်လိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးတစ်ဦးဖြစ်တဲ့ Ms Pornpimol Kanchanalak ကို မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်လိုက်တာပါ။

Ms Pornpimol Kanchanalak ဟာ မြန်မာနိုင်ငံအကြောင်းသိရှိထားသူလည်းဖြစ်တယ်လို့ ဘန်ကောက်ပို့စ်ကဆိုထားပါတယ်။

မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံအတွက် ပထဝီနိုင်ငံရေး ၊ စီးပွားရေး၊လူမှုရေးနဲ့အမျိုးသားလုံခြုံရေးကဏ္ဍတွေမှာ မဟာဗျုဟာမြောက်အရေးပါတဲ့နိုင်ငံဖြစ်တာကြောင့် အခုခန့်အပ်လိုက်တဲ့အထူးကိုယ်စားလှယ်က အနီးကပ်စောင့်ကြည့်ကာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကိုအကြံဉာဏ်ပေးသွားမှာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပြီး ပဋိပက္ခတွေဖြစ်ပွားနေချိန်မှာ ထိုင်းနိုင်ငံက မြန်မာ့အရေးကိုအနီးကပ်စောင့်ကြည့်နိုင်အောင် အထူးကိုယ်စားလှယ်ခန့်အပ်လာတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းက အိမ်တစ်လုံးထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ တရုတ် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

Facebook