Connect with us

Hi, what are you looking for?

News

ပခုက္ကူစက်မှုဇုန်တွင် ကင်းပတ်လာ​သောစစ်​ကောင်စီတပ် ကိုPDF သုံးဖွဲ့တိုက်ခိုက်အနည်းဆုံး ၅ဦး​သေဆုံးနိုင်ဟုထုတ်ပြန်

စက်မှုဇုန် တိုက်ခိုက်မှုတွင် ကားပေါ်ပါ အကြမ်းဖက်စစ်ကောင်စီ ရဲသား၂ ဦးထပ်မံသေဆုံးသည်ဟု သတင်းများထွက်ပေါ်နေကြောင်း ပခုက္ကူမြို့ခံတစ်ဦးက ပြောသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ ပခုက္ကူစက်မှုဇုန်တွင် ကင်းပတ်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ကားအား ဒေသတွင်း PDF ၃ ဖွဲ့ပေါင်းကာ မိုင်းနှင့် ရှော့ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုမှ ၅ ဦးထက်မနည်းသေဆုံးနိုင်ကြောင်းမဟာမိတ်အဖွဲ့များကပြောသည်။

ယမန်နေ့(ဧပြီလ ၂၆ ရက်) ညနေ ၄နာရီခွဲခန့်က ပခုက္ကူမြို့၊ စက်မူ့ဇုန် ဆည်ဘောင်လမ်းတစ်နေရာတွင် စက်မှုဇုန်ဘက်မှ ကင်းပတ်လာသော ၉ ဦးပါ အကြမ်းဖက်စစ်ကောင်စီအဖွဲ့အားမိုင်း ၆လုံး၊ ရှော့ပြောင်းနှစ်လုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၅ ဦးခန့် သေဆုံးပြီးတစ်ဦးထိခိုက်ဒဏ်ရာရရှိနိုင်​ကြောင်းထုတ်ပြန်သည်။ထိုအပြင်ကားသမားနှင့်ကျန်စစ်​ကောင်စီတပ်သားနှစ်ဦးကပြန်လည်ပစ်ခတ်ခဲ့ရာအပြန်
အလှန်ပစ်ခတ်မှု ၃မိနစ်ခန့်ဖြစ်ပွားပြီး လက်ပစ်မိုင်း သုံးလုံးထပ်မံတိုက်ခိုက်သောအခါ အသံများတိတ်ဆိတ်ကာ မောင်းပြေးသွားကြောင်းပါရှိသည်။ထိုတိုက်ခိုက်မှုတွင် မဟာမိတ်အဖွဲ့များဘက်မှ ရဲဘော် နှစ်ဦး အသေးစားဒဏ်ရာရရှိပြီး ကျန်ရဲဘော်များအာလုံး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ​ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုကို PKU N PDF၊ Southern YSO PDF၊ King Cobra PDFညီနောင် သုံးဖွဲ့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မဟာမိတ်အဖွဲ့များက ပြောသည်။

စက်မှုဇုန် တိုက်ခိုက်မှုတွင် ကားပေါ်ပါ အကြမ်းဖက်စစ်ကောင်စီ ရဲသား၂ ဦးထပ်မံသေဆုံးသည်ဟု သတင်းများထွက်ပေါ်နေကြောင်း ပခုက္ကူမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ရဲကားကမောင်းပြေးတယ်လို့ သိရပါတယ်။ အထိအခိုက်ရှိနိုင်ပြီး သေနတ်တွေဆက်တိုက်ဖောက်ပြေးတယ်ပြောတယ်။”ဟု မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ မဟာမိတ်အဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ဧပြီလ ၂၅ ရက်နေ့ကလည်း ပခုက္ကူမြို့နယ်၊ ကိုင်းကျေးရွာအရှေ့ဘက် ရေကန်ဇရပ်၌ ခေတ္တနားနေသောအင်အား၁၀၀ခန့်ပါသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(PUGF)နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များဖြစ်သော မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Myaing PDF)၊ပခုက္ကူမြို့နယ်ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)တို့၏ ပူးပေါင်းစစ်ဆင်ရေးအဖွဲ့သည် ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရအကြမ်းဖက် ၇ ဦးကျဆုံး၍ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။