Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူအဖွဲ့က ကျေးရွာသုံးရွာအား မီးရှို့ဖျက်ဆီးရာ ​နေအိမ်၆၀၀ကျော် ပြာကျ

အကြမ်းဖက်စစ်တပ်သည် ​မနီးမဝေးရှိလောင်းပြည့်ရွာကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း၊ ​ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် ပျက်စီးဆုံးရှုံးမှုအခြေအနေ မသိရသေးကြောင်း ​ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့က ကျေးရွာသုံးရွာအား မီးရှို့ဖျက်ဆီးရာ ​နေအိမ်ပေါင်း၆၀၀ကျော် ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။

အင်အား ၁၅၀ရှိ စစ်ကောင်စီစစ်ကြောင်းနှင့် နယ်ခံပျူစောထီးနှင့် အကြမ်းဖက်စစ်သား ၈၀ခန့် စုစုပေါင်း အင်အား ၂၃၀ခန့်သည် မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ဘေးရှိ သံပေါက်ကျေးရွာနှင့် ဇင်ကလဲ့ကျေးရွာတို့ကို ဧပြီ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ရာ ရွာနှစ်ရွာပေါင်း အိမ်ခြေ ၆၀၀ကျော် မီးလောင်ပျက်စီးခဲ့ရကြောင်း Myanmar Defense Force က အသိပေးသည်။

“ရွာသူရွာသားများ ရဟန်းသံဃာတော်များအားလုံးဟာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပြေးလွှား စစ်ရှောင်ရပါတယ်။ ဘာအသုံးအဆောင်ပစ္စည်း စားနပ်ရိက္ခာမှ ယူချိန်မရတာကြောင့် စစ်ဘေးရှောင်ပြည်သူအားလုံး နေစရာ စားသောက်စရာက အစ ဒုက္ခရောက်နေပါတယ်။လက်တလောအချိန်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများနဲ့ စစ်ရေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တဲ့အခြေအနေရှိပါတယ်(ဖြစ်ကိုဖြစ်မှာပါ)။ စစ်ဘေးသင့်ပြည်သူများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လုံခြုံနိုင်မယ့်နေရာများသို့ ရွှေ့ပြောင်းပေးထားပြီး တပ်ရင်းများရဲ့ ရိက္ခာ အိပ်ယာ များကို ရှိသလောက် ဖြည့်ဆည်းထားပေမယ့် လုံလောက်မှု (လုံးဝ)မရှိပါ။ဒါကြောင့် မိဘပြည်သူများမှ လူသားချင်းစာနာထောက်ထားသောအားဖြင့် စားနပ်ရိက္ခာ အသုံးအဆောင်ပစ္စည်းများ ကူညီထောက်ပံ့နိုင်ဖို့ ပါဝင်ကြပါရန် လေး နက်စွာ ဖိတ်ခေါ် တိုက်တွန်းအပ်ပါတယ်။MDFတပ်ရင်းများမှတဆင့်လည်း စစ်ဘေးသင့်ပြည်သူများထံ ထောက်ပံ့ကူညီနိုင်ပါတယ်။”ဟု Myanmar Defense Force – ကွန်မန်ဒိုတပ်ရင်းမှ ဗိုလ်အဲရစ်က အသိပေးသည်။

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးအဖွဲ့ဝင်များသည် ဧပြီ ၂၅ ရက်က မင်းကင်းမြို့နယ် မြစ်ရိုးအောက်ဒေသ သံပေါက်ကျေးရွာကို မြစ်ရိုးအောက်အခြေစိုက်ထိုင်နေသည့် အကြမ်းဖက်စစ်အုပ်စုမှ တဲတစ်လုံးအား မီးရှို့ခဲ့ပြီး တစ်ဘက်ကမ်းသို့ကူးသွားခဲ့ကြောင်း၊ တဲတစ်လုံးသာ မီးလောင်နေသည်ကို မကျေနပ်သော ပျူများမှာ သံပေါက်ဘက်ကမ်းသို့ ပြန်လည် ကူးလာခဲ့ပြီး ရွာလုံးကျွတ်မီးရှို့ခဲ့ရာသံပေါက် ရွာတစ်၀က်ကျော် မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် သံပေါက်ကျေးရွာကို မီးတင်ရှို့သွားကြသော အကြမ်းဖက်စစ်တပ်နှင့် ပျူအုပ်စုသည် ယမန်နေ့ (ဧပြီ ၂၆ ရက်)တွင် ဇင်ကလဲကျေးရွာကိုထပ်မံမီးရှို့သွားကြကြောင်းသိရပြီး ရွာလုံးကျွတ်နီးပါးပျက်စီးသွားကြောင်း၊ မင်းကင်းတွင်ဖုန်းလိုင်းများပြတ်တောက်နေသောကြောင့် ဒေသခံများနှင့်ချိတ်ဆက်မရသေးသဖြင့် သတင်းကိုအကြမ်းဖျင်းသာသိရသေးပြီး ထပ်မံသိရှိရပါက တင်ပြပေးသွားမည်ဟု မင်းကင်းနွေဦးတော်လှန်ရေးသတင်းစဉ်က အသိပေးသည်။

“မနက် ၉နာရီလောက်မှာ စခနဲ့ ပျူစောထီးတွေ ပေါင်းပြီး ရှို့ သွားတာတဲ့။ ရွာထဲမှာပဲ ရှိပါသေးတယ်တဲ့။ လူအသေအပျောက်တော့ မသိရသေးဘူး။ အိမ်မီးရှို့ခံရလို့ သတိလစ်တဲ့သူက လစ်သွားတယ် တချို့တွေက စပါး၊ဆီ၊ပဲ စတာတွေကို မသယ်နိုင်ကြတော့ အိမ်မှာပဲ ထားထားကြရတယ်။ ခုလိုရှို့ကြတော့ စားသောက်စရာတွေ ခက်ခဲနေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ​မနီးမဝေးရှိလောင်းပြည့်ရွာကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း၊ ​ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် ပျက်စီးဆုံးရှုံးမှုအခြေအနေ မသိရသေးကြောင်း ​ဒေသခံများက ပြောသည်။

ဧပြီ၂၅ ရက် နံနက် ၁၁ နာရီခွဲခန့်ကလည်း ကလေးမြို့ ဒကစ မှဆင်းလာသော အကြမ်းဖက်စစ်တပ် ကားသုံးစီးအား မင်းကင်းမြို့မှ အကြမ်းဖက်စစ်တပ်နှင့် ပျူအင်အား ၇၀ခန့်တို့မှ အကြိုသွားကြရာ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂) ၊ တပ်ခွဲ (၁) မှ ဗျူဟာအရကြိုတင်ပြင်ဆင်ထားသော တိုက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ သင်္ဘော- ကမ်းပြည့် (ကဗျစ်) အရောက်တွငတိုက်မိုင်း ပဒေသာမိုင်းများ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီအုပ်မှ ၁၃ဦးခန့် နေရာတွင်ပင် သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။