Connect with us

Hi, what are you looking for?

News

စစ်ယာဉ်တန်း လမ်းကြောင်းရှင်းစစ်ကြောင်းကို မတူပီ CDFတိုက်ခိုက်၊ စစ်ကောင်စီတပ် ခုနစ်ဦးထပ်သေ

စစ်ကောင်စီယာဉ်တန်းသည် မင်းတပ်မြို့သို့ ဦးတည်ထွက်ခွာလာရာ လမ်းတလျှောက်တွင် ပြင်းထန်စွာ တိုက်ခိုက်မည်ဖြစ်ကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

(မ​ကွေးတိုင်း ​ကျောက်ထုမှ မတူပီမြို့သို့ သွား​ရောက်​သော စစ်​ကောင်စီယာဥ်တန်းအား ​တွေ့ရစဥ်)

မတူပီမှ မင်းတပ်မြို့သို့ ပြန်ဆင်းသည့် စစ်ကောင်စီတပ်၏ယာဉ်တန်း လုံခြုံရေးရှေ့ပြေးစစ်ကြောင်းကို မတူပီ ချင်းကာကွယ်ရေးတပ်(CDF)က ယနေ့ ထပ်မံတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့သည် မတူပီ CDFက ထုတ်ပြန်သည်။

ဧပြီ ၂၈ရက် နံနက် ၇နာရီခွဲတွင် မတူပီမြို့မှ ၁၆မိုင်ခန့် အကွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်မှ ခုနစ်ဦး သေဆုံးခဲ့ကာ အများအပြားဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

“သူတို့ စုစုပေါင်း ၇၃စီးလောက်ဆင်းတယ် ယာဉ်တန်းက။ ဒါပေမဲ့ တိုက်ပွဲဖြစ်ပွားတဲ့ ဧရိယာထဲကို ဒီယာဉ်တန်းက မရောက်လာသေးဘူး။ ကျွန်တော်တို့နဲ့ထိတွေ့ဖြစ်တဲ့ စစ်ကြောင်းက လမ်းကြောင်း ရှင်းတဲ့ ကြိုပွိုင့်ပေါ့နော်။ အဲဒီမှာ အင်အားက မနေ့ကတော့ ၃၀ပေါ့။ ဒီနေ့တော့ နည်းနည်းပိုများတယ်။ သူက ၃နေရာလောက်ခွဲပြီးသွားတာ။ ဒီနေ့မှာလည်း ကျွန်တော်တို့က ခြုံခိုတိုက်ခဲ့တာ ပြုလုပ်တယ်။ ပြုလုပ်တော့ လောလောဆယ် ဒီနေ့တော့ ၇ယောက်ကျတယ်။ မိုင်းကြောင့်လည်း သူတို့တော်တော်လေး ဒဏ်ရာရတဲ့ အခြေအနေ ရှိတယ်”ဟု မတူပီ CDF ပြောရေးဆိုခွင့်
ရှိသူက ပြောသည်။

Public Service Announcement

အဆိုပါ စစ်ယာဉ်တန်းသည် ဧပြီ ၂၇ရက်တွင် မတူပီမှ စတင်ထွက်ခွာလာရာ ယင်းနေ့ မွန်းလွဲပိုင်းတွင် မိုင်တိုင်အမှတ် (၉၁)နှင့် (၉၀) ကြား၌ ပထမအကြိမ်တိုက်ခိုက်ခံခဲ့ရသည်။ ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၈ဦးသေဆုံးခဲ့ရာ အဆိုပါ လမ်းပိုင်း၌ နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးထက် မနည်းသေဆုံးခဲ့ကြောင်း မတူပီ CDF က ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီယာဉ်တန်းသည် မင်းတပ်မြို့သို့ ဦးတည်ထွက်ခွာလာရာ လမ်းတလျှောက်တွင် ပြင်းထန်စွာ တိုက်ခိုက်မည်ဖြစ်ကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

ထို့ကြောင့် မတူပီ မြို့နယ်အတွင်းတိုက်ပွဲများဆက်လက်ပြင်းထန်လာမည်ဟု ၎င်းကသတိပေးထားသည်။

မင်းတပ် – မတူပီလမ်းအား တရားဝင် ပိတ်ထားဆဲဖြစ်၍ တိုက်ပွဲအခြေအနေများနှင့် ပြည်သူများအန္တရာယ်ကင်းစေရန် အတွက် အဆိုပါလမ်းမကြီးအား လုံး၀ အသုံးမပြုကြသေးရန် မင်းတပ် CDFက ယနေ့ ပန်ကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ် ကံကုန်းကို ရောက် နေတဲ့ စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်တွေ မနေ့ညပိုင်းက အပြင်းထန်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်အထိခိုက်အကျဆုံးများတယ်လို့ တော်လှန်ရေး သတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။