Connect with us

Hi, what are you looking for?

News

စစ်ယာဉ်တန်း လမ်းကြောင်းရှင်းစစ်ကြောင်းကို မတူပီ CDFတိုက်ခိုက်၊ စစ်ကောင်စီတပ် ခုနစ်ဦးထပ်သေ

စစ်ကောင်စီယာဉ်တန်းသည် မင်းတပ်မြို့သို့ ဦးတည်ထွက်ခွာလာရာ လမ်းတလျှောက်တွင် ပြင်းထန်စွာ တိုက်ခိုက်မည်ဖြစ်ကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

(မ​ကွေးတိုင်း ​ကျောက်ထုမှ မတူပီမြို့သို့ သွား​ရောက်​သော စစ်​ကောင်စီယာဥ်တန်းအား ​တွေ့ရစဥ်)

မတူပီမှ မင်းတပ်မြို့သို့ ပြန်ဆင်းသည့် စစ်ကောင်စီတပ်၏ယာဉ်တန်း လုံခြုံရေးရှေ့ပြေးစစ်ကြောင်းကို မတူပီ ချင်းကာကွယ်ရေးတပ်(CDF)က ယနေ့ ထပ်မံတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့သည် မတူပီ CDFက ထုတ်ပြန်သည်။

ဧပြီ ၂၈ရက် နံနက် ၇နာရီခွဲတွင် မတူပီမြို့မှ ၁၆မိုင်ခန့် အကွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်မှ ခုနစ်ဦး သေဆုံးခဲ့ကာ အများအပြားဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

“သူတို့ စုစုပေါင်း ၇၃စီးလောက်ဆင်းတယ် ယာဉ်တန်းက။ ဒါပေမဲ့ တိုက်ပွဲဖြစ်ပွားတဲ့ ဧရိယာထဲကို ဒီယာဉ်တန်းက မရောက်လာသေးဘူး။ ကျွန်တော်တို့နဲ့ထိတွေ့ဖြစ်တဲ့ စစ်ကြောင်းက လမ်းကြောင်း ရှင်းတဲ့ ကြိုပွိုင့်ပေါ့နော်။ အဲဒီမှာ အင်အားက မနေ့ကတော့ ၃၀ပေါ့။ ဒီနေ့တော့ နည်းနည်းပိုများတယ်။ သူက ၃နေရာလောက်ခွဲပြီးသွားတာ။ ဒီနေ့မှာလည်း ကျွန်တော်တို့က ခြုံခိုတိုက်ခဲ့တာ ပြုလုပ်တယ်။ ပြုလုပ်တော့ လောလောဆယ် ဒီနေ့တော့ ၇ယောက်ကျတယ်။ မိုင်းကြောင့်လည်း သူတို့တော်တော်လေး ဒဏ်ရာရတဲ့ အခြေအနေ ရှိတယ်”ဟု မတူပီ CDF ပြောရေးဆိုခွင့်
ရှိသူက ပြောသည်။

Public Service Announcement

အဆိုပါ စစ်ယာဉ်တန်းသည် ဧပြီ ၂၇ရက်တွင် မတူပီမှ စတင်ထွက်ခွာလာရာ ယင်းနေ့ မွန်းလွဲပိုင်းတွင် မိုင်တိုင်အမှတ် (၉၁)နှင့် (၉၀) ကြား၌ ပထမအကြိမ်တိုက်ခိုက်ခံခဲ့ရသည်။ ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၈ဦးသေဆုံးခဲ့ရာ အဆိုပါ လမ်းပိုင်း၌ နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးထက် မနည်းသေဆုံးခဲ့ကြောင်း မတူပီ CDF က ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီယာဉ်တန်းသည် မင်းတပ်မြို့သို့ ဦးတည်ထွက်ခွာလာရာ လမ်းတလျှောက်တွင် ပြင်းထန်စွာ တိုက်ခိုက်မည်ဖြစ်ကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

ထို့ကြောင့် မတူပီ မြို့နယ်အတွင်းတိုက်ပွဲများဆက်လက်ပြင်းထန်လာမည်ဟု ၎င်းကသတိပေးထားသည်။

မင်းတပ် – မတူပီလမ်းအား တရားဝင် ပိတ်ထားဆဲဖြစ်၍ တိုက်ပွဲအခြေအနေများနှင့် ပြည်သူများအန္တရာယ်ကင်းစေရန် အတွက် အဆိုပါလမ်းမကြီးအား လုံး၀ အသုံးမပြုကြသေးရန် မင်းတပ် CDFက ယနေ့ ပန်ကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook