Connect with us

Hi, what are you looking for?

News

KNLA နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့မှုဖြစ်ပြီးနောက် ရွာသားတစ်ချို့ကို စစ်တပ်က ဖမ်းဆီးသွား

ထိတွေ့ပစ်ခတ်မှုဖြစ်ပွားတဲ့ နေရာအနီးတစ်ဝိုက်မှာရှိတဲ့ ဒေသခံအရပ်သား အနည်းဆုံးသုံးဦးထက်မနည်းကို စစ်ကောင်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးပြီး ခလယ်ရွာလေးမှာ တပ်စွဲနေထိုင်သွားမယ်လို့လည်း သိရပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်ကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဒေသခံတချို့ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီကနေ့ ဧပြီ ၂၉ ရက် မနက် ၈ နာရီ ၁၅ မိနစ်အချိန်က ခလယ်ရွာကြီးနဲ့ ခလယ်ရွာလေးကြားမှာရှိတဲ့ အထက(ခလယ်)စာသင်ကျောင်းအနီးမှာ KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဒေသခံတွေရဲ့နေအိမ်တချို့လည်း လက်နက်ကျည်ထိမှန်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထိတွေ့ပစ်ခတ်မှုဖြစ်ပွားတဲ့ နေရာအနီးတစ်ဝိုက်မှာရှိတဲ့ ဒေသခံအရပ်သား အနည်းဆုံးသုံးဦးထက်မနည်းကို စစ်ကောင်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးပြီး ခလယ်ရွာလေးမှာ တပ်စွဲနေထိုင်သွားမယ်လို့လည်း သိရပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ ခလယ်တံခွန်တိုင်ကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့က KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုတွေဖြစ်ပွားတာဖြစ်ပြီး ခလယ်တံခွန်တိုင်အပါအဝင် နန်းသိုင်းထွန်း ဒိုင်လွတ်စတဲ့ ကျေးရွာတွေက ဒေသခံထောင်ချီဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။