Connect with us

Hi, what are you looking for?

LuduNwayOo

News

အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးအပါအဝင် လူငယ်လေးဦးကို စစ်ကောင်စီတပ် အဓမ္မဖမ်းဆီး

ဖမ်းဆီးခံရသူများမှာ ကိုကောင်းခန့်နိုင် (စတုတ္ထနှစ် ကုန်ထုတ်ဓာတုဗေဒ) အပါအဝင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများဖြစ်ကြသော ကိုဟိန်းထက်ဇော် (ဒုတိယနှစ် မြန်မာစာ အဝေးသင်)၊ ကိုသီဟအောင် (ဒုတိယနှစ် ဥပဒေပညာ အဝေးသင်) တို့နှင့်အတူ (၁၂) နှစ်အရွယ် ကလေးတစ်ဦး စုစုပေါင်း လေးဦးတို့ ဖြစ်သည်။

ဓာတ်ပုံ - EYUSU

ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရရတကသ) အဖွဲ့ဝင်၊ ကော်မတီတာဝန်ခံ ကိုကောင်းခန့်နိုင် အပါအဝင် လူငယ်လေးဦးကို ယမန်နေ့ (ဧပြီ ၂၈) ညနေပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီဝင်များက အဓမ္မဖမ်းဆီးသွားကြောင်း အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ယနေ့ (ဧပြီ ၂၉) ထုတ်ပြန်သည်။

ယင်းလူငယ်လေးဦးသည် ယမန်နေ့ (ဧပြီ ၂၈ ရက်) ညနေပိုင်းတွင် ဒေါပုံဘောလုံးကွင်း၌ အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးခြင်းကို ခံလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ကိုကောင်းခန့်နိုင် (စတုတ္ထနှစ် ကုန်ထုတ်ဓာတုဗေဒ) အပါအဝင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများဖြစ်ကြသော ကိုဟိန်းထက်ဇော် (ဒုတိယနှစ် မြန်မာစာ အဝေးသင်)၊ ကိုသီဟအောင် (ဒုတိယနှစ် ဥပဒေပညာ အဝေးသင်) တို့နှင့်အတူ (၁၂) နှစ်အရွယ် ကလေးတစ်ဦး စုစုပေါင်း လေးဦးတို့ ဖြစ်သည်။

” ကိုကောင်းခန့်နိုင်နဲ့ မနေ့က အဆက်အသွယ် မရလို့ လိုက်စုံစမ်းကြည့်မှ စစ်တပ်ရဲ့ ဖမ်းဆီးခြင်း ခံရတာကို သိရတာပါ။ ဖမ်းတာက လေးယောက်ဖမ်းခံရပြီး ဘယ်ကိုဖမ်းသွားလဲ ဆိုတာတော့ မသိရသေးပါဘူး။ စုံစမ်းနေတုန်းပဲ ရှိပါသေးတယ် ” ဟု ကျောင်းသားသမဂ္ဂဝင် လူငယ်တစ်ဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အနေဖြင့်လည်း ဖမ်းဆီးခံ ကိုကောင်းခန့်နိုင် အပါအဝင် လူငယ်လေးဦး၏ သတင်းအား မပြတ်နားစွင့်နေပြီး ယင်းတက္ကသိုလ်ကျောင်းသားများ တစ်စုံတစ်ရာဖြစ်ခဲ့ပါက အကြမ်းဖက်စစ်အုပ်စု၏ တာဝန်သာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။