Connect with us

Hi, what are you looking for?

LuduNwayOo

News

Ranger Kalay Defend Force မှ ရဲဘော်စည်သူလင်း လက်နက်ကြီးစမ်းသပ်ပစ်ခတ်ရာ မ​တော်တဆထိခိုက်ပြီး ကျဆုံး

ရဲဘော်စည်သူလင်းသည် တပ်ရင်းမှ စမ်းသပ်တီထွင် အောင်မြင်ထားသော လက်လုပ် (၆ဝ) မမ လက်နက်ကြီး Error ဖြစ်ကာ လည်ပင်းဖောက်ထွက် ဒဏ်ရာပြင်းထန်ရရှိပြီး ကျဆုံးသွားခြင်းဖြစ်ကြောင်းRanger Kalay Defend Force – RKDFက ယနေ့(ဧပြီ ၂၉ရက်)ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း ကလေးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တစ်ဦးမှာ လက်နက်ကြီးမတော်တဆဖြစ်ရပ်ကြောင့် ရရှိသည့်ဒဏ်ရာဖြင့် ကျဆုံးသွားခဲ့သည်။

ကလေးမြို့ Ranger Kalay Defend Force မှ ရဲဘော်စည်သူလင်းသည် ဧပြီ ၂၇ရက်က ရှေ့တန်းတနေရာတွင် လက်နက်ကြီး စမ်းသပ်ပစ်ခတ်ရင်း ထိခိုက်ကျဆုံးခဲ့ခြင်းဖြစ်သည်။

ရဲဘော်စည်သူလင်းသည် တပ်ရင်းမှ စမ်းသပ်တီထွင် အောင်မြင်ထားသော လက်လုပ် (၆ဝ) မမ လက်နက်ကြီး Error ဖြစ်ကာ လည်ပင်းဖောက်ထွက် ဒဏ်ရာပြင်းထန်ရရှိပြီး ကျဆုံးသွားခြင်းဖြစ်ကြောင်းRanger Kalay Defend Force – RKDFက ယနေ့(ဧပြီ ၂၉ရက်)ထုတ်ပြန်ထားသည်။

Public Service Announcement

” မိသားစုနှင့် ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရပါသည်။အသက်ပေးလှူခဲ့ရသော ရဲဘော်စည်သူလင်းအား တိုင်းပြည်နှင့်လူမျိုးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း ဂုဏ်ရောင်ပြောင်စွာ အာဇာနည်သူရဲကောင်းအဖြစ် အလေးနီပြုဦးညွတ်ရင်း တော်လှန်ရေးသူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်” ဟု Ranger Kalay Defend Force – RKDFက ဝမ်းနည်းကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံဒေသအနှံ့အပြားမှ ပြည်သူကာကွယ်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီအား တိုက်ခိုက်ရန် လက်နက်မလုံလောက်သည့် ပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် လက်နက်ကြီး၊လက်နက်ငယ်များ ကိုယ်တိုင် တီထွင်ထုတ်လုပ်ကြသည်။ အောင်မြင်မှုအချို့ရှိသလို စမ်းသပ်တီထွင်ရင် မတော်တဆဖြစ်ရပ်ကြောင့်ကျဆုံးမှုအချို့လည်း ကြုံတွေ့ခဲ့ရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။

သတင်း

စစ်ကောင်စီသည် မတ်လ ၂၇ရက်တွင် ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့ ပိတ်မိနေကြောင်း အသိပေးသည်။

သတင်း

စစ်ကောင်စီထောက်တိုင်များလည်း ပြည်သူများအား ဆက်လက် ဖိအားပေးနေပါက အရေးယူဆောင်ရွက်သွားမည်ဟု ​ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။