Connect with us

Hi, what are you looking for?

News

Ranger Kalay Defend Force မှ ရဲဘော်စည်သူလင်း လက်နက်ကြီးစမ်းသပ်ပစ်ခတ်ရာ မ​တော်တဆထိခိုက်ပြီး ကျဆုံး

ရဲဘော်စည်သူလင်းသည် တပ်ရင်းမှ စမ်းသပ်တီထွင် အောင်မြင်ထားသော လက်လုပ် (၆ဝ) မမ လက်နက်ကြီး Error ဖြစ်ကာ လည်ပင်းဖောက်ထွက် ဒဏ်ရာပြင်းထန်ရရှိပြီး ကျဆုံးသွားခြင်းဖြစ်ကြောင်းRanger Kalay Defend Force – RKDFက ယနေ့(ဧပြီ ၂၉ရက်)ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း ကလေးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တစ်ဦးမှာ လက်နက်ကြီးမတော်တဆဖြစ်ရပ်ကြောင့် ရရှိသည့်ဒဏ်ရာဖြင့် ကျဆုံးသွားခဲ့သည်။

ကလေးမြို့ Ranger Kalay Defend Force မှ ရဲဘော်စည်သူလင်းသည် ဧပြီ ၂၇ရက်က ရှေ့တန်းတနေရာတွင် လက်နက်ကြီး စမ်းသပ်ပစ်ခတ်ရင်း ထိခိုက်ကျဆုံးခဲ့ခြင်းဖြစ်သည်။

ရဲဘော်စည်သူလင်းသည် တပ်ရင်းမှ စမ်းသပ်တီထွင် အောင်မြင်ထားသော လက်လုပ် (၆ဝ) မမ လက်နက်ကြီး Error ဖြစ်ကာ လည်ပင်းဖောက်ထွက် ဒဏ်ရာပြင်းထန်ရရှိပြီး ကျဆုံးသွားခြင်းဖြစ်ကြောင်းRanger Kalay Defend Force – RKDFက ယနေ့(ဧပြီ ၂၉ရက်)ထုတ်ပြန်ထားသည်။

Public Service Announcement

” မိသားစုနှင့် ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရပါသည်။အသက်ပေးလှူခဲ့ရသော ရဲဘော်စည်သူလင်းအား တိုင်းပြည်နှင့်လူမျိုးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း ဂုဏ်ရောင်ပြောင်စွာ အာဇာနည်သူရဲကောင်းအဖြစ် အလေးနီပြုဦးညွတ်ရင်း တော်လှန်ရေးသူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်” ဟု Ranger Kalay Defend Force – RKDFက ဝမ်းနည်းကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံဒေသအနှံ့အပြားမှ ပြည်သူကာကွယ်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီအား တိုက်ခိုက်ရန် လက်နက်မလုံလောက်သည့် ပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် လက်နက်ကြီး၊လက်နက်ငယ်များ ကိုယ်တိုင် တီထွင်ထုတ်လုပ်ကြသည်။ အောင်မြင်မှုအချို့ရှိသလို စမ်းသပ်တီထွင်ရင် မတော်တဆဖြစ်ရပ်ကြောင့်ကျဆုံးမှုအချို့လည်း ကြုံတွေ့ခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။