Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေါငံခါးတွင် ဒီးမော့ဆို PDFတိုက်ခိုက်၍ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ငါးဦးခန့်ဒဏ်ရာရ

ဒီးမော့ဆိုမြို့နယ်၏ စစ်ဇုံနေရာအချို့တွင်လည်း DMO Local PDF၏ ဗျူဟာ(၃)တပ်ရင်းများ၏ တပ်ဖွဲ့အချို့မှ နယ်မြေရှင်းလင်းစဥ် ဧပြီ ၂၉ရက်က အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်စွာ အသတ်ခံခဲ့ရသော အသက် ၇၃နှစ်အရွယ် ဒေါ်ရောဇော၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးပြီး ငါးဦးခန့် ပြင်းထန်ဒဏ်ရာရရှိခဲ့ဟု ဒီးမော့ဆိုပြည်သူ့ကာကွယ် ရေးတပ်(DMO Local PDF)က ယနေ့(မေ၁ရက်) ထုတ်ပြန်သည်။

DMO Local PDF တပ်ဖွဲ့ ဗျူဟာ(၁)တပ်ခွဲအချို့၊ အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်းရှိ တပ်ခွဲအချို့နှင့် KRU တပ်ဖွဲ့တို့ ပူးပေါင်းကာ စစ်ကောင်စီစစ်ကြောင်းကို ယမန်နေ့ (ဧပြီ ၃၀ရက်) နေ့လယ် ၂နာရီခန့်တွင် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ငါးဦးခန့်ပြင်းထန် ဒဏ်ရာရရှိခဲ့ကာ အကြမ်းဖက်စစ်တပ်က ဒေသခံလူထုနေအိမ်တစ်လုံးကို မီးရှို့ခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

ဒီးမော့ဆိုမြို့နယ်၏ စစ်ဇုံနေရာအချို့တွင်လည်း DMO Local PDF၏ ဗျူဟာ(၃)တပ်ရင်းများ၏ တပ်ဖွဲ့အချို့မှ နယ်မြေရှင်းလင်းစဥ် ဧပြီ ၂၉ရက်က အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်စွာ အသတ်ခံခဲ့ရသော အသက် ၇၃နှစ်အရွယ် ဒေါ်ရောဇော၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုအမျိုးသမီးရုပ်အလောင်းကို ယမန်နေ့က သယ်ဆောင်ခဲ့ပြီး သဂြိုလ်ပေးခဲ့ကြောင်း DMO Local PDF က ဆိုသည်။

ထို့အပြင် နယ်မြေရှင်းလင်းမှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဝတ်စုံနှင့် ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက် ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။