Connect with us

Hi, what are you looking for?

News

ရေစကြိုတွင် ပျူအသတ်ခံရသည်ကိုလာစစ်​ဆေး​သော စစ်​ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

ဗုံးခွဲတိုက်ခိုက်မှုသည် အဆိုပါကျေးရွာများနေ အပြစ်မဲ့ပြည်သူများနှင့် သက်ဆိုင်ခြင်းမရှိဘဲမဟာမိတ်ညီနောင်များဖြစ်သော 27 Revolution Force – မြင်းခြံ ၊ ​တောင်လတ်အင်အား – TLF PDF နှင့် SYSOPDFတို့မှဦးဆောင်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့များက အသိပေးသည်။

(ရေစကြိုမြို့နယ် ဂွတ်ကြီးကျေးရွာရှိ နေအိမ်တစ်လုံးအား အကြမ်းဖက်အုပ်စုက မီးရှို့နေစဥ်။ ။ဓါတ်ပုံ-CJ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင်တစ်ဦးအသတ်ခံရ၍ လာရောက်စစ်ဆေးပြီးပြန်လာသည့်စစ်ကောင်စီတပ်နှင့် ပျူစောထီးများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးနိုင်ကြောင်း South Yesagyo People’s Defense Force – SYSO PDF အဖွဲ့က ယ​နေ့သတင်းထုတ်ပြန်သည်။

ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ရေစကြိုမြို့နယ် ၊ ဂွက်ကြီးကျေးရွာအား ဟင်္သာနှင့် ဆင်မရဲမှ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ဝင်ရောက်စီးနင်းပြီး အပြစ်မဲ့ ပြည်သူနေအိမ် (၁)လုံးနှင့် မီးဖိုးချောင်တစ်ဆောင်အားမီးရှို့ဖျက်ဆီးခဲ့သည်။ မီးရှို့ဖျက်ဆီးပြီးပြန်လာသည့် အကြမ်းဖက်စစ်တပ်နှင့် ပျူအဖွဲ့ဝင်များအား 27 Revolution Forces – မြင်းခြံ ၏ နည်းပညာအကူညီဖြင့် အဝေးထိန်းစက် ၊ SYSO PDF ပြောက်ကျားတပ်ဖွဲ့၏ အထူးထုတ် မိုင်းတစ်လုံးဖြင့် ဂွက်ကြီးကျေးရွာနှင့် ဇီးပင်ကုန်းကျေးရွာ လမ်းပိုင်းတွင် စောင့်ဆိုင်းဖောက်ခွဲခဲ့သည်။

မိုင်းခွဲတိုက်ခိုက်မှု​ကြောင့် အကြမ်းဖက်အုပ်စု၏ ဆိုင်ကယ်၆ စီးမှာ သုံးစီး ထိမှန်ကာ ၂စီးပျက်စီးသွားပြီး၊ ၂ ဦးသေဆုံးနိုင်ကာ ၄ ဦးမှာပြင်းထန်ဒဏ်ရာရရှိနိုင်ကြောင်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ဗုံးခွဲတိုက်ခိုက်မှုသည် အဆိုပါကျေးရွာများနေ အပြစ်မဲ့ပြည်သူများနှင့် သက်ဆိုင်ခြင်းမရှိဘဲမဟာမိတ်ညီနောင်များဖြစ်သော 27 Revolution Force – မြင်းခြံ ၊ ​တောင်လတ်အင်အား – TLF PDF နှင့် SYSOPDFတို့မှဦးဆောင်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့များက အသိပေးသည်။

Public Service Announcement

Public Service Announcement

ဧပြီ ၃၀ ရက် နံနက် ၉း၀၀ နာရီ အချိန်က ရေစကြိုမြို့နယ် အလယ်သောင်အုပ်စု ဂွက်ကြီးကျေးရွာနေ ဦးမောင်ဆန်းဆိုသူသည် ကျေးရွာအတွင်း ပျူစောထီးအဖွဲ့ ဖွဲ့ရန်နှင့် ပျူစောထီး သင်တန်းတက်ရန်လှုံ့ဆော်ခြင်း ၊ ဧပြီလ ၂၈ ရက်နေ့က ဟင်္သာနှင့် ဆင်မရဲကျေးရွာတွင်တပ်စွဲထားသော စစ်သားများနှင့်ပျူများအား ခေါ်ဆိုကာ အပြစ်မဲ့ ပြည်သူ (၃)ဦးအား ဖမ်းဆီးခိုင်းစေခြင်း ၊ အပြစ်မဲ့ပြည်သူများ၏ပစ္စည်းများဖျက်ဆီး သိမ်းယူခိုင်းစေခြင်း နှင့် မဟုတ်မမှန်သော သတင်းများကို ဖုန်းဆက်၍ စစ်တပ်နှင့် ပျူများထံသို့ အမြဲပေးပြီး နယ်မြေနှင့် ကျေးရွာနေပြည်သူများအား အမျိုးမျိုးဖိအားပေး ခြိမ်းခြောက်နေသောကြောင့် မဟာမိတ် ညီနောင်များက ရှင်းလင်းခဲ့ကြောင်းလည်း​ဖော်ပြထားသည်။အဆိုပါကျေးရွာသည် ပျူ ဒလန်များပေါများပြီး မဟုတ်မမှန်သတင်းပေး၍ ကျေးရွာကို အမျိုးမျိုး ဒုက္ခပေးလျက်ရှိသည်ဟု သိရပြီး အခြားသော ပြည်သူများအနေနှင့် မိမိတို့၏လူမှုရေးကိစ္စများကို နိုင်ငံရေးနှင့်ပေါင်းပြီး တစ်ဦးကို တစ်ဦး ဒုက္ခမပေးရန်နှင့် ကျေးရွာကို ဆက်လက်ဒုက္ခမပေးရန် ညီနောင်များမှ အထူးမေတ္တာရပ်ခံကြောင်း၊လည်း​ဖော်ပြထားသည်။ထိုသို့ မဟုတ်ဘဲ ဒလန်အလုပ်နှင့်ကျေးရွာကို ဆက်လက်ဖိအားပေးခြိမ်းခြောက်ခြင်းများပြုလုပ်နေပါက မည်သူမဆို အချိန်ဆိုင်းနေမည်မဟုတ်ဘဲ သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း SYSOPDFက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်ရဲ့ ခလရ(၂၅၆)တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ၁ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း ၊ယောဒေသ၊ဂန့်ဂေါမြို့နယ် လယ်မရွာကို စစ်ကြောင်းထိုးပြီး ပြည်သူတွေကို အစုလိုက်သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ စစ်တပ် စစ်ကြောင်းမှာ လိုက်ပါခဲ့တဲ့ ပျူစောထီးတဦးကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တဖွဲ့က ဖမ်းမိခဲ့ပါတယ်။