Connect with us

Hi, what are you looking for?

News

ဒီပဲယင်းနယ်တွင် နေအိမ်များမီးရှို့ဖျက်ဆီးပြီး အရက်ဝိုင်းဖွဲ့သောက်နေသည့် အကြမ်းဖက်စစ်အုပ်စု တိုက်ခိုက်ခံရပြီး ငါးဦးခန့်သေ

မီးရှို့ဖျက်ဆီးခံပြည်သူများနှင့် စစ်ရှောင်ပြည်သူများအား အနီးနားကျေးရွာများနှင့် နိုင်ငံရပ်ခြားမှ အလှူရှင်များအနေဖြင့် နီးစပ်ရာ အဖွဲ့စည်းများထံမှဖြစ်စေ၊ ဒီပဲယင်းမြို့ကသတင်းတစ်ချို့Pageမှ ထောက်ပို့Admin များသို့ချိတ်ဆက်၍ဖြစ်စေ ဝိုင်းဝန်းထောက်ပံ့ကြရန် ၎င်းအဖွဲ့များက မေတ္တာရပ်ခံအကူညီတောင်းထားသည်။

(မီးလောင်ကျွမ်းပျက်စီးပြီးနောက် ယင်းတွေကျေးရွာအတွင်း တွေ့ရစဥ်။ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာအား မီးရှို့ဖျက်ဆီးပြီး အရက်ဝိုင်းဖွဲ့သောက်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်အုပ်စုမှ ငါးဦးခန့်သေဆုံးနိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဧပြီ ၂၉ ရက်က ဒီပဲယင်းမြို့မှ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ပျူစောထီးနှင့်စစ်ကောင်စီသတင်းပေးများ၏ လမ်းပြမှုဖြင့် ယင်းတွေကျေးရွာနှင့် လက်တီးကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့ကြရာ ယင်းတွေရွာမှ နေအိမ် ၁၄ လုံး၊ လက်တီးကျေးရွာမှ နေအိမ် သုံးလုံး၊နှစ်ရွာပေါင်း နေအိမ် ၁၇လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ​ဒေသခံများက ပြောသည်။

(မီးလောင်ကျွမ်းပျက်စီးပြီးနောက် ယင်းတွေကျေးရွာအတွင်း တွေ့ရစဥ်။ဓာတ်ပုံ – CJ)

အဆိုပါနေ့တွင်ပင် အကြမ်းဖက်စစ်ကောင်စီတပ်သည် နေအိမ်များအား မီးရှို့ဖျက်ဆီးပြီးနောက် ယင်းတွေရွာအတွင်းရှိ အိမ်တစ်အိမ်၌ ခုနစ်ဦးခန့် အရက်ဝိုင်းဖွဲ့ကာ စားသောက်နေကြစဥ် ဒေသတွင်း Jokers Local အဖွဲ့ နှင့်အခြားPDFများစုပေါင်း၍ ဝင်ရောက်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးနှင့် စစ်ကောင်စီသတင်းပေးဒလန် စုစုပေါင်း ငါးဦးခန့် သေဆုံးနိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

“ဂိန်သွားတဲ့ခွေးများကို အိမ်ထဲသို့ တရွတ်တိုက်ဆွဲ၍ နေရာချထားခဲ့ပြီး အုတ်နံရံ အကာကွယ်ယူကာ ပြန်လည်ပစ်ခတ်ခဲ့ရာ တစ်ချက်မှ ထိမှန်ခြင်းမရှိခဲ့ဘူးလို့ မြေပြင်သတင်းတာဝန်ခံဆီမှ သိရှိခဲ့ရပါတယ်။”ဟု ဒီပဲယင်းမြို့ကသတင်းတစ်ချို့ စာမျက်နှာက ရေးသားထားသည်။

Public Service Announcement

Public Service Announcement

(မီးလောင်ကျွမ်းပျက်စီးပြီးနောက် ယင်းတွေကျေးရွာအတွင်း တွေ့ရစဥ်။ဓာတ်ပုံ – CJ)

မီးရှို့ဖျက်ဆီးခံပြည်သူများနှင့် စစ်ရှောင်ပြည်သူများအား အနီးနားကျေးရွာများနှင့် နိုင်ငံရပ်ခြားမှ အလှူရှင်များအနေဖြင့် နီးစပ်ရာ အဖွဲ့စည်းများထံမှဖြစ်စေ၊ ဒီပဲယင်းမြို့ကသတင်းတစ်ချို့Pageမှ ထောက်ပို့Admin များသို့ချိတ်ဆက်၍ဖြစ်စေ ဝိုင်းဝန်းထောက်ပံ့ကြရန် ၎င်းအဖွဲ့များက မေတ္တာရပ်ခံအကူညီတောင်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

သဖန်းဆိပ်ဆည်ဖောက်ချလို့ ​ရေ​ဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေအတွက် မော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ဒေသခံတွေက အလှူငွေ ကျပ်သိန်း၅၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ရေဘေးကြောင့် ပြည်သူ ၇ ဦးသေဆုံးပြီး ၂၅၀၀၀ ကျော်ဟာ ရေဘေးသင့်ကာ အကူအညီတွေ လိုအပ်နေကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲက ပြောပါတယ်။

Facebook