Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီပဲယင်းနယ်တွင် နေအိမ်များမီးရှို့ဖျက်ဆီးပြီး အရက်ဝိုင်းဖွဲ့သောက်နေသည့် အကြမ်းဖက်စစ်အုပ်စု တိုက်ခိုက်ခံရပြီး ငါးဦးခန့်သေ

မီးရှို့ဖျက်ဆီးခံပြည်သူများနှင့် စစ်ရှောင်ပြည်သူများအား အနီးနားကျေးရွာများနှင့် နိုင်ငံရပ်ခြားမှ အလှူရှင်များအနေဖြင့် နီးစပ်ရာ အဖွဲ့စည်းများထံမှဖြစ်စေ၊ ဒီပဲယင်းမြို့ကသတင်းတစ်ချို့Pageမှ ထောက်ပို့Admin များသို့ချိတ်ဆက်၍ဖြစ်စေ ဝိုင်းဝန်းထောက်ပံ့ကြရန် ၎င်းအဖွဲ့များက မေတ္တာရပ်ခံအကူညီတောင်းထားသည်။

(မီးလောင်ကျွမ်းပျက်စီးပြီးနောက် ယင်းတွေကျေးရွာအတွင်း တွေ့ရစဥ်။ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာအား မီးရှို့ဖျက်ဆီးပြီး အရက်ဝိုင်းဖွဲ့သောက်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်အုပ်စုမှ ငါးဦးခန့်သေဆုံးနိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဧပြီ ၂၉ ရက်က ဒီပဲယင်းမြို့မှ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ပျူစောထီးနှင့်စစ်ကောင်စီသတင်းပေးများ၏ လမ်းပြမှုဖြင့် ယင်းတွေကျေးရွာနှင့် လက်တီးကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့ကြရာ ယင်းတွေရွာမှ နေအိမ် ၁၄ လုံး၊ လက်တီးကျေးရွာမှ နေအိမ် သုံးလုံး၊နှစ်ရွာပေါင်း နေအိမ် ၁၇လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ​ဒေသခံများက ပြောသည်။

(မီးလောင်ကျွမ်းပျက်စီးပြီးနောက် ယင်းတွေကျေးရွာအတွင်း တွေ့ရစဥ်။ဓာတ်ပုံ – CJ)

အဆိုပါနေ့တွင်ပင် အကြမ်းဖက်စစ်ကောင်စီတပ်သည် နေအိမ်များအား မီးရှို့ဖျက်ဆီးပြီးနောက် ယင်းတွေရွာအတွင်းရှိ အိမ်တစ်အိမ်၌ ခုနစ်ဦးခန့် အရက်ဝိုင်းဖွဲ့ကာ စားသောက်နေကြစဥ် ဒေသတွင်း Jokers Local အဖွဲ့ နှင့်အခြားPDFများစုပေါင်း၍ ဝင်ရောက်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးနှင့် စစ်ကောင်စီသတင်းပေးဒလန် စုစုပေါင်း ငါးဦးခန့် သေဆုံးနိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

“ဂိန်သွားတဲ့ခွေးများကို အိမ်ထဲသို့ တရွတ်တိုက်ဆွဲ၍ နေရာချထားခဲ့ပြီး အုတ်နံရံ အကာကွယ်ယူကာ ပြန်လည်ပစ်ခတ်ခဲ့ရာ တစ်ချက်မှ ထိမှန်ခြင်းမရှိခဲ့ဘူးလို့ မြေပြင်သတင်းတာဝန်ခံဆီမှ သိရှိခဲ့ရပါတယ်။”ဟု ဒီပဲယင်းမြို့ကသတင်းတစ်ချို့ စာမျက်နှာက ရေးသားထားသည်။

Public Service Announcement

Public Service Announcement

(မီးလောင်ကျွမ်းပျက်စီးပြီးနောက် ယင်းတွေကျေးရွာအတွင်း တွေ့ရစဥ်။ဓာတ်ပုံ – CJ)

မီးရှို့ဖျက်ဆီးခံပြည်သူများနှင့် စစ်ရှောင်ပြည်သူများအား အနီးနားကျေးရွာများနှင့် နိုင်ငံရပ်ခြားမှ အလှူရှင်များအနေဖြင့် နီးစပ်ရာ အဖွဲ့စည်းများထံမှဖြစ်စေ၊ ဒီပဲယင်းမြို့ကသတင်းတစ်ချို့Pageမှ ထောက်ပို့Admin များသို့ချိတ်ဆက်၍ဖြစ်စေ ဝိုင်းဝန်းထောက်ပံ့ကြရန် ၎င်းအဖွဲ့များက မေတ္တာရပ်ခံအကူညီတောင်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။