Connect with us

Hi, what are you looking for?

News

ဘုတလင်နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးလာပြီးနောက် စစ်ဘေးရှောင်ပြည်သူ ကိုးဦးအားသတ်ဖြတ်သွား

သတ်ဖြတ်ခံရသူများသည် အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်လာမှုကြောင့် အုတ်ဖိုရွာနှင့် တစ်မိုင်အကွာရှိ ယောဂီကျောင်းဆောင်၌ ခိုလှုံနေစဥ် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးလာပြီးနောက် ယောဂီကျောင်း၌ ခိုလှုံနေသည့် စစ်ဘေးရှောင်ပြည်သူ ကိုးဦးအား သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ယမန်နေ့ (မေလ၂ ရက်)က ဘုတလင်မြို့နယ်အတွင်းရှိ အုတ်ဖိုရွာနှင့် လက်ပံကျေးရွာများသို့ စစ်ကြောင်းထိုးခဲ့သည်။ ယနေ့ (မေလ ၃ ရက်) လက်ပံမြောက်ရွာမှ စစ်ရှောင်ပြည်သူ တစ်ဦးနှင့် အုတ်ဖိုကျေးရွာမှ စစ်ရှောင် ပြည်သူရှစ်ဦး၊ စုစုပေါင်း ကိုးဦး၏ ရုပ်အလောင်းများ တွေ့ရှိရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သတ်ဖြတ်ခံရသူများသည် အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်လာမှုကြောင့် အုတ်ဖိုရွာနှင့် တစ်မိုင်အကွာရှိ ယောဂီကျောင်းဆောင်၌ ခိုလှုံနေစဥ် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

“မ၁ဦး ကျား ၈ဦး စုစုပေါင်း (၉) ဦး သတ်ဖြတ်ခံရကြောင်း မြေပြင်ဆောင်ရွက်နေတဲ့ ‌ရွှေဘိုခရိုင် တပ်ရင်း ၂၁ / တပ်ခွဲ (၂) တပ်ခွဲမှူးထံမှ တဆင့်သတင်းအတည်ပြုရယူနိုင်ခဲ့ပါတယ်။”ဟု ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ၎င်းကျေးရွာများရှိ နေအိမ်များနှင့် ကြက်ခြံများကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် ဘုတလင်မြို့နယ် ရဲထွက်ကျေးရွာသို့ အကြမ်းဖက်ဝင်ရောက်နေ၍ ဒေသခံပြည်သူများ နွားလှည်းများဖြင့် သက်ကြီးရွယ်အိုများအား တင်ဆောင်ကာ ပြေးလွှားနေကြရကြောင်း ဒေသခံများက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ကိုင်းနှင့် မကွေးတိုင်းရှိ ကျေးရွာများမှ ပြည်သူလူထုနေအိမ်များ အပါအဝင် နေရာပေါင်း ၄၀ကျော်၌ မီးရှို့ဖျက်ဆီးမှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့၍ နှစ်ပတ်အတွင်း အိမ်ခြေ ၂၂၃၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရကြောင်း Data for Myanmar က သတင်းထုတ်ပြန်ထားသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၂ ဧပြီ ၃၀ရက်အတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများက နေရာပေါင်း ၂၉၆ နေရာမှ လူနေအိမ် ခန့်မှန်းခြေ ၁၁,၄၁၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။ Data for Myanmarက ဧပြီ ၁၃ရက်အထိ ထုတ်ပြန်ခဲ့သည့် စာရင်းမှာ နေရာပေါင်း ၂၅၄ နေရာမှ နေအိမ် ၉,၁၈၇လုံးကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟု ဖော်ပြခဲ့ရာ ယခုနှစ်ပတ်အတွင်း အိမ်ခြေ ၂ထောင်ကျော်ကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကို ရောက်နေတဲ့ စစ်တပ်က နေရာ ၃ခုမှာ တပ်စွဲထားပြီး ဒေသခံ စစ်ဘေးရှောင် ၁၀ဦး ခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။