Connect with us

Hi, what are you looking for?

News

ဘုတလင်နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးလာပြီးနောက် စစ်ဘေးရှောင်ပြည်သူ ကိုးဦးအားသတ်ဖြတ်သွား

သတ်ဖြတ်ခံရသူများသည် အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်လာမှုကြောင့် အုတ်ဖိုရွာနှင့် တစ်မိုင်အကွာရှိ ယောဂီကျောင်းဆောင်၌ ခိုလှုံနေစဥ် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးလာပြီးနောက် ယောဂီကျောင်း၌ ခိုလှုံနေသည့် စစ်ဘေးရှောင်ပြည်သူ ကိုးဦးအား သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ယမန်နေ့ (မေလ၂ ရက်)က ဘုတလင်မြို့နယ်အတွင်းရှိ အုတ်ဖိုရွာနှင့် လက်ပံကျေးရွာများသို့ စစ်ကြောင်းထိုးခဲ့သည်။ ယနေ့ (မေလ ၃ ရက်) လက်ပံမြောက်ရွာမှ စစ်ရှောင်ပြည်သူ တစ်ဦးနှင့် အုတ်ဖိုကျေးရွာမှ စစ်ရှောင် ပြည်သူရှစ်ဦး၊ စုစုပေါင်း ကိုးဦး၏ ရုပ်အလောင်းများ တွေ့ရှိရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သတ်ဖြတ်ခံရသူများသည် အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်လာမှုကြောင့် အုတ်ဖိုရွာနှင့် တစ်မိုင်အကွာရှိ ယောဂီကျောင်းဆောင်၌ ခိုလှုံနေစဥ် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

“မ၁ဦး ကျား ၈ဦး စုစုပေါင်း (၉) ဦး သတ်ဖြတ်ခံရကြောင်း မြေပြင်ဆောင်ရွက်နေတဲ့ ‌ရွှေဘိုခရိုင် တပ်ရင်း ၂၁ / တပ်ခွဲ (၂) တပ်ခွဲမှူးထံမှ တဆင့်သတင်းအတည်ပြုရယူနိုင်ခဲ့ပါတယ်။”ဟု ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ၎င်းကျေးရွာများရှိ နေအိမ်များနှင့် ကြက်ခြံများကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် ဘုတလင်မြို့နယ် ရဲထွက်ကျေးရွာသို့ အကြမ်းဖက်ဝင်ရောက်နေ၍ ဒေသခံပြည်သူများ နွားလှည်းများဖြင့် သက်ကြီးရွယ်အိုများအား တင်ဆောင်ကာ ပြေးလွှားနေကြရကြောင်း ဒေသခံများက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ကိုင်းနှင့် မကွေးတိုင်းရှိ ကျေးရွာများမှ ပြည်သူလူထုနေအိမ်များ အပါအဝင် နေရာပေါင်း ၄၀ကျော်၌ မီးရှို့ဖျက်ဆီးမှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့၍ နှစ်ပတ်အတွင်း အိမ်ခြေ ၂၂၃၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရကြောင်း Data for Myanmar က သတင်းထုတ်ပြန်ထားသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၂ ဧပြီ ၃၀ရက်အတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများက နေရာပေါင်း ၂၉၆ နေရာမှ လူနေအိမ် ခန့်မှန်းခြေ ၁၁,၄၁၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။ Data for Myanmarက ဧပြီ ၁၃ရက်အထိ ထုတ်ပြန်ခဲ့သည့် စာရင်းမှာ နေရာပေါင်း ၂၅၄ နေရာမှ နေအိမ် ၉,၁၈၇လုံးကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟု ဖော်ပြခဲ့ရာ ယခုနှစ်ပတ်အတွင်း အိမ်ခြေ ၂ထောင်ကျော်ကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က လယ်မကျေးရွာသား လူငယ် ၁၁ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ခလရ(၅၀)တပ်ရင်းဟာ ဒီကနေ့(မေလ ၁၃ရက်) နေ့လည်းမှာ ကျေးရွာတွေကို ထပ်မံစစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်မှ စစ်ဘေးရှောင်များခ်ိုလှုံနေသည့်တောင်လေးလုံဘုန်းကြီးကျောင်းကို စစ်ကောင်စီကပြီးခဲ့သည့် မေလ ၈ရက်တွင်ဗုံးဖြင့်ကြဲချခဲ့သည့်ရုပ်သံမှတ်တမ်းယနေ့ထွက်ပေါ်လာသည်။

သတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေစဉ်ဒေသခံပြည်သူ၄၀၀ကျော်ခိုလှုံနေသည့်ဘုန်းကြီးကျောင်းကို စစ်ကောင်စီကယနေ့ (မေလ ၈ရက်)လေကြောင်းမှ ဗုံးကြဲသောကြောင့် စစ်ရှောင် ၁၅ဦးထက်မနည်းသေဆုံးပြီး ၃၀ကျော် ဒဏ်ရာရရှိခဲ့​ကြောင်း ဗန်း​မော်မြို့တိုက်ပွဲသတင်းများ​ဖော်ပြ​ပေး​နေ​သော Banmaw Scout Team နှင့်​ဒေသခံအချို့က​ပြောသည်။

သတင်း

မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)အတွင်းကို စစ်ကောင်စီက အင်အားအများအပြားဖြည့်တင်းနေပြီး မန္တလေးတိုင်းအတွင်း စစ်ကြောင်းထိုး စစ်ရေးပြင်းထန်လာနိုင်ဖွယ်ရှိတယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တော်လှန်ရေးတပ်တွေက သုံးသပ်ပြောဆိုပါတယ်။

Facebook