Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်များ အညံ့ခံရသည်အထိအရှိန်မြှင့် တိုက်ခိုက်ချိန်ရောက်ပြီဟု PDFတည်ထောင်မှု ကြေညာခြင်း(၁)နှစ်ပြည့်တွင် NUG ကာကွယ်ရေးဝန်ကြီးပြော

ပြည်သူ့ကာကွယ်ရေးတပ်မတော်ထူထောင်ရာ၌ ကူညီမှု၊ စောင့်‌ရှောက်မှု၊ ထောက်ပံ့မှု ပေးခဲ့ကြသည့် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၏ ကျေးဇူးကို အလေးအနက်ထားရမည်ဟုလည်း ဝန်ကြီးက ပြောကြားခဲ့သည်။

▪️ပြည်သူများ တာဝန်ကျေချိန်တွင် တော်လှန်ရေးအောင်ပွဲခံသည်အထိ တိုက်ပွဲဝင်ကြရန် PDF၏ တာဝန် ဖြစ်ဟုဆို

စစ်ကောင်စီတပ်သည် တစ်နေ့တခြားအင်အားပြုန်းတီးနေပြီး စိတ်ဓာတ်အရ ဖရိုဖရဲပြိုကွဲ နေပြီဖြစ်၍ အဆက်မပြတ်အရှိန်မြှင့် တိုက်ခိုက်ချိန်ရောက်ပြီဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

“မုဆိုးစိုင်သင်ဆိုသလိုပဲ PDF ရဲဘော်များအနေနဲ့ တစ်နှစ်အတွင်း ထိုက်သင့်တဲ့ စစ်ရေးအတွေ့အကြုံ၊ စစ်ရေးအတတ်ပညာများလည်း ဆည်းပူးရရှိထားပြီးဖြစ်တယ်။ ပျောက်ကြားစစ်၊ လှုပ်ရှားစစ်အရာမှာ ပိုမိုကျွမ်းကျင်ပိုင်နိုင်ပြီး ရန်သူကိုအထိနာအောင် တိုက်ခိုက်နိုင်တဲ့ ရဲဘော်တွေ ဖြစ်လာပြီလို့လည်း ယုံကြည်တယ်။ ရဲဘော်တို့ရဲ့စွမ်းဆောင်မှုကြောင့် တစ်နေ့တခြားအင်အားပြုန်းတီးနေတဲ့ စစ်ကောင်စီတပ်ဟာ စိတ်ဓာတ်အရလည်း ဖရိုဖရဲပြိုကွဲနေပြီဆိုတာ သိသာတယ်။ ဒီအချိန်မှာ ရန်သူကို အနားမပေး ဘဲပြည်သူ့ရှေ့မှောက်မှာ စစ်အာ ဏာရှင်တွေ ဒူးထောက်အညံ့ခံရတဲ့အချိန်အထိ အဆက် မပြတ်အရှိန်မြှင့် တိုက်ခိုက်ကြဖို့ အချိန်ဟာရောက်ရှိလာပြီ” ဟု ၎င်းက ​ပြောသည်။

ထို့ကြောင့် PDF ရဲဘော်အားလုံးအနေဖြင့် စစ်ဖက်ဆိုင်ရာကျင့်ဝတ်နဲ့စည်းကမ်းများကို လေးစားလိုက်နာကြရန် ၊ အထက်အမိန့် အဆင့်ဆင့်ကို နာခံကြရန်နှင့် သတိ၊ ဝီရိယနှင့် ဉာဏ်ပညာကို ကောင်းကောင်း အသုံးချကြရန် ဝန်ကြီးက တိုက်တွန်း မှာကြားခဲ့သည်။

Public Service Announcement

Public Service Announcement

ယနေ့ (မေလ ၅ရက်)ကျရောက်သည့် ပြည်သူ့ကာကွယ် ရေးတပ်မတော်(PDF)တည်ထောင်ကြောင်း ကြေညာခြင်း တစ်နှစ်ပြည့် အမှာစကားပြောရာတွင် ဝန်ကြီးဦးရည်မွန်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်တစ်နှစ်တာကာလအတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူ့ခုခံတွန်းလှန်စစ်ကို ရွံရွံချွံချွံ ဆင်နွှဲနေကြသည့် ရဲဘော်တစ်ဦးချင်းစီတိုင်းကို ဦးညွှတ်အလေးပြုကြောင်းနှင့် တော်လှန်ရေးအတွင်း ကျဆုံးခဲ့သည့် ရဲဘော်များ၊ ခြေလက်အင်္ဂါစွန့်လှူခဲ့ရသည့် ရဲဘော်များကို အထူးသတိရနေကြောင်း ဝန်ကြီးဦးရည်မွန်က ပြောသည်။

ထို့ပြင် ပြည်သူများအနေဖြင့် တာဝန်ကျေကြကြောင်း၊ ပြည်သူများတာဝန်ကျေချိန်၌ တော်လှန်ရေးအောင်ပွဲ ခံသည်အထိ တိုက်ပွဲဝင်ကြရန်မှာ ပြည်သူ့ကာကွယ်ရေး တပ်မတော်၏ တာဝန်ဖြစ်လာကြောင်း ၎င်းက ဆိုသည်။

“ပြည်သူဆိုတဲ့အထဲမှာ စစ်အာဏာရှင်အုပ်စိုးမှုကို လုံးဝ လက်မခံကြောင်း ကိုယ်ရဲ့အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်ကို စွန့်လွှတ်ပြီး အာဏာဖီဆန်ခဲ့ကြတဲ့ ပြည်သူ့ဝန်ထမ်း တွေပါတယ်။ အာဏာသိမ်း တာတစ်နှစ်ကျော်ကြာပေမယ့် ဇွဲနဘဲမလျော့ပဲ လမ်းမပေါ်ထွက်ပြီး အသက်စွန့် ဆန္ဒပြနေတဲ့လူငယ်တွေ၊ အမျိုးသမီးတွေပါတယ်။စစ်ကောင်စီရဲ့အကျဉ်းစခန်းတွေထဲမှာ အချုပ် အနှောင်ခံရ၊ ညှင်းပန်းနှိပ်စက်ခံနေရတဲ့ ရဲဘော်တွေ ပါတယ်။စစ်ကောင်စီတပ်ရဲ့လူသတ်၊ မီးရှို့၊ အကြမ်းဖက်မှုကို နေ့စဉ်ရက်ဆက်ခံနေရပေမယ့် PDFနဲ့တော်လှန်ရေးအပေါ် အားပေးထောက်ခံမှု မပျက်တဲ့ ကျေးလက်နေ တိုင်းရင်းသားပြည်သူတွေ ပါတယ်။ တစ်ချိန်က စစ်ကောင်စီလက်အောက်ခံဖြစ်ခဲ့ပေမယ့် အကြမ်းဖက်မှု တွေကို မသတီလို့ စစ်ကောင်စီကိုစွန့်ခွာပြီး ပြည်သူနဲ့ပူးပေါင်းလာတဲ့ တပ်မတော်သားတွေ၊ ပြည်သူ့ရဲ တပ်ဖွဲ့ဝင်တွေ ပါတယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ထူထောင်ရာ၌ ကူညီမှု၊ စောင့်‌ရှောက်မှု၊ ထောက်ပံ့မှု ပေးခဲ့ကြသည့် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၏ ကျေးဇူးကို အလေးအနက်ထားရမည်ဟုလည်း ဝန်ကြီးက ပြောကြားခဲ့သည်။

“တော်လှန်ရေးဆင်နွှဲရာမှာ PDF ရဲဘော်တွေနဲ့ လက်တွဲရှေ့ဆောင်တိုက်ပွဲဝင်နေတဲ့ မဟာမိတ်ရဲဘော်များ အပေါ်မှာလည်း ညီရင်းအကိုစိတ်ဓာတ်မွေးမြူပြီး တစ်သွေးတစ်သားတည်းရှိကြောင်း ဖော်ပြကြရမယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင် မိမိအသိစိတ်ဓာတ်ဖြင့် ဒေသအလိုက် တော်လှန် ရေးအစုအဖွဲ့များ ဖွဲ့စည်း လှုပ်ရှားနေသည့် ​ပြောက်ကျားရဲဘော်များနှင့်လည်း နားလည်မှုရှိရှိ ဟန်ချက်ညီညီ လက်တွဲ အလုပ်လုပ်ရန်လည်း ဝန်ကြီးဦးရည်မွန်က မှာကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ