Connect with us

Hi, what are you looking for?

News

စစ်ကောင်စီရိက္ခာများသယ်ဆောင်လာသော ရေယာဥ်သုံးစင်းကို ပြည်သူ့ကာကွယ်ရေးတပ်များ ဖမ်းဆီးပြီး ရိက္ခာများသိမ်းဆည်း

ဆီပုံးနှင့် ဆန်အိတ်များ၊ စစ်ကောင်စီထုတ်အရက်ပုလင်းများကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့သည်။

စစ်ကောင်စီအတွက်ရိက္ခာများ ကုန်တင်ရေယာဥ်သုံးစင်းဖြင့် ချင်းတွင်းမြစ်ကြောင်းအတိုင်း သယ်ဆောင်လာစဥ် ပြည်သူ့ကာကွယ်ရေးမဟာမိတ်ဖွဲ့က တားဆီးစစ်ဆေးပြီး ရိက္ခာအများအပြားကို သိမ်းဆည်းနိုင်ခဲ့သည်။

မုံရွာမှခန္တီးမြို့သို့ ထွက်ခွာလာသော ကုန်တင်ရေယာဥ်သုံးစင်းကို နဂါးညီနောင်အထူးတပ်ဖွဲ့ DBTF နှင့် မဟာမိတ်အဖွဲ့က ယနေ့(မေလ ၆ရက်)တွင် တားဆီးစစ်ဆေးပြီး စစ်ကောင်စီ၏ ရိက္ခာများကို သိမ်းဆည်းလိုက်ခြင်းဖြစ်သည်။

ချင်းတွင်းမြစ်ရိုးတစ်လျှောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေစဥ်အတွင်း ယင်းကဲ့သို့ စစ်ဆေးသိမ်းဆည်းနိုင်ခြင်းဖြစ်ပြီး “ကုန်တင်အမြန်ယာဥ် သုံးစင်းမှာ မအလရဲ့လက်ပါးစေများ တပ်စွဲထားသောကနီမြို့သို့ ရိက္ခာများသွားရောက်ထောက်ပံ့တယ်လို့ တပ်တွင်းသတင်းပေးပို့ချက်အရ ကျွန်တော်တို့ DBTFအဖွဲ့နှင့်မဟာမိတ်ညီနောင်အဖွဲ့များ ပူးပေါင်းပီးအချိန်မှီသွားရောက်ဖမ်းဆီးထိမ်းသိမ်းနိုင်ခဲ့ပါတယ်”ဟု DBTFက ထုတ်ပြန်သည်။

ဆီပုံးနှင့် ဆန်အိတ်များ၊ စစ်ကောင်စီထုတ်အရက်ပုလင်းများကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

တပ်တွင်းသတင်းပေးမှုသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအတွက် အလွန်အသုံးဝင်နေပြီး ယနေ့ နံနက်ပိုင်းကလည်း ပုလဲမြို့နယ်တွင် စစ်ကောင်စီနှင့် ပျူစောထီးများလာရောက်မည်ဟု တပ်တွင်း အတိအကျသတင်းပေးမှုဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းခွဲတိုက်ခိုက်နိုင်ခဲ့သည်။

တပ်တွင်းပေးသည့်သတင်းကြောင့် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအဖွဲ့မှ နှစ်ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။