Connect with us

Hi, what are you looking for?

News

ဒေသ ၅ခုကို လူသားချင်းစာနာမှုအကူအညီများပေးအပ်ရန် အာဆီယံ ကနဦးရွေးချယ်

ဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ထိပ်တန်းအရာရှိများက လူကိုယ်တိုင်သို့မဟုတ် အွန်လိုင်းမှတဆင့် တက်ရောက်ခဲ့ကြ သည်။

ကိုးကား - Phnompenh Post

မြန်မာနိုင်ငံ၏ ဒေသ ၅ခုကို လူသားချင်းစာနာမှုအကူအညီများ ပေးအပ်သွားရန် ကနဦးရွေးချယ် ခဲ့ကြောင်း အာဆီယံအထူးကိုယ်စားလှယ်က ပြောသည်။

မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီများပေးရေး ဆွေးနွေးပွဲကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်၌ ယမန်နေ့တွင် ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲအပြီး ဒေသ ၅ ခုကို ကနဦးရွေးချယ်ကာ ဒေသ ၂ ခုကို ဦးစားပေးသတ်မှတ်မည်ဖြစ်ကြောင်း အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီး ပရက်ဆော့ခွန်းက ပြောသည်။

“အချို့နိုင်ငံတွေ ဒါမှမဟုတ် အေဂျင်စီတွေက အိမ်ရှင်နိုင်ငံရဲ့ စောင့်ကြည့်တာ၊ ဆွေးနွေးတိုင်ပင် တာ မလုပ်ဆောင်ဘဲ မြန်မာပြည်သူတွေဆီ အကူအညီတွေ ပေးလိုကြတယ်။ အိမ်ရှင်နိုင်ငံကလည်း သတ်မှတ်ချက်တချို့ ချမှတ်ထားတယ်။ သတ်မှတ်ချက်တွေထဲက တစ်ခုက လူသားချင်းစာနာမှုအကူအညီတွေအပေါ် အခွန်ကောက်ခံဖို့ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒါကို အောင်မြင် စွာ ညှိနှိုင်းဆွေးနွေးခဲ့ပြီး အဲဒီသတ်မှတ်ချက်ကို ဖယ်ရှားခဲ့ပါပြီ”ဟု အာဆီယံအထူးကိုယ်စားလှယ်က ဆိုသည်။

ယင်းဆွေးနွေးပွဲသို့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ကိုကိုလှိုင်တက်ရောက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ထိပ်တန်းအရာရှိများက လူကိုယ်တိုင်သို့မဟုတ် အွန်လိုင်းမှတဆင့် တက်ရောက်ခဲ့ကြ သည်။

ယင်းအစည်းအဝေးမတိုင်မီ တစ်ရက်အလိုတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် အွန်လိုင်းမှတွေ့ဆုံကာ စစ်ဘေးရှောင်များအတွက် ကျန်းမာရေးအပါအဝင် လူသားချင်းစာနာမှုအကူအညီများပေးအပ်နိုင် ရေးဆွေးနွေးခဲ့သည်။

အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းသည် ယခုလနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်လာရောက်ရန် စီစဉ်ထားသည်ဟုဆိုသည်။

လာမည့်သီတင်းပတ်တွင် အာဆီယံခေါင်းဆောင်များသည် အမေရိကန်-အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတက်ရောက်ရန် ဝါရှင်တန်သို့ သွားရောက်မည်ဖြစ်ပြီး ယင်းခရီးစဉ်မှအပြန်တွင် အာဆီယံ အထူးကိုယ်စားလှယ်က မြန်မာပြည်သို့ လာရောက်မည်စီစဉ်ထားခြင်းဖြစ်သည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ ဖိတ်ကြားမှုဖြင့် အာဆီယံခေါင်းဆောင်များသည် ဝါရှင်တန်သို့ သွားရောက်မည်ဖြစ်ပြီး တရားမဝင်အာဏာသိမ်းထားသည့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်း အောင်လှိုင်ကို ဝါရှင်တန်က ဖိတ်ကြားခြင်းမရှိပေ။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

မင်း​အောင်လှိုင်က အာဆီယံဘုံသ​ဘောတူညီချက် ၅ ရပ်နဲ့ပတ်သက်ပြီးထိုင်းကိုဘာကတိမှ မ​ပေးဟုဆို

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး(အာဆီယံ)က မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ မလိုတော့ကြောင်း အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ပြောကြားမှုကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ပယ်ချခဲ့ပါတယ်။