Connect with us

Hi, what are you looking for?

News

လဲပင်ရွာဘုန်ကြီးကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်က နင်းမိုင်းများထောင်ထားဟု ပေါင်းတည် PDF အသိပေး

ပဲခူးရိုးမ နှင့် နီးကပ်သည့် ပေါင်းတည်ခရိုင်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူ့ကာ ကွယ်ရေးတပ်များနှင့် မကြာခဏ တိုက်ပွဲများဖြစ်ပွားလျှက်ရှိသည်။

(လဲပင်ဘုန်ကြီးကျောင်းဝင်းအတွင်းတွေ့ရသော နင်းမိုင်းများ ဖြစ်သည်။)

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် လဲပင်ကျေးရွာဘုန်ကြီးကျောင်းဝင်းအတွင်း အကြမ်းဖက်စစ် ကောင်စီတပ်က နင်းမိုင်းများထောင်ထားကြောင်း ပေါင်းတည် PDFက ယနေ့(မေ ၇ ရက်) ထုတ်ပြန်သည်။

ထို့ကြောင့် ရွာသူ၊ရွာသားများနှင့် အနီးပတ်ဝန်းကျင်မှ သွားလာနေကြသူများအနေဖြင့် လဲပင်ဘုန်းကြီး ကျောင်းအတွင်းဖြတ်သန်းခြင်းမပြုရန် သတိပေးသည်။

(လဲပင်ဘုန်ကြီးကျောင်းဝင်းအတွင်းတွေ့ရသော နင်းမိုင်းများ ဖြစ်သည်။)

“ပြီးခဲ့တဲ့ လက လဲပင်ရွာထဲကို စခ စစ်ကြောင်းဝင်ခဲ့တာ။အိမ် ၁၅ လုံးလောက်လဲ မီးရှို့ ခံခဲ့ရတယ်”ဟု ပေါင်းတည်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

ပေါင်းတည်မြို့နယ် လဲပင်ကျေးရွာနှင့်ငါးရှည့်ကွင်းရွာတို့တွင် ဧပြီလ(၁၅)၊(၁၆)ရက်နေ့များ၌ တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စုစုပေါင်း အကြမ်းဖက်စစ်ကောင်စီတပ်သား အနည်းဆုံးရှစ် ဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ပဲခူးရိုးမ နှင့် နီးကပ်သည့် ပေါင်းတည်ခရိုင်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူ့ကာ ကွယ်ရေးတပ်များနှင့် မကြာခဏ တိုက်ပွဲများဖြစ်ပွားလျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။