Connect with us

Hi, what are you looking for?

News

မြင်းခြံနှင့် ​တောင်သာမြို့တို့ရှိ စစ်အုပ်စု​နေရာများကို ​ဖောက်ခွဲတိုက်ခိုက်

မြင်းခြံမြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်သည့်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အားကောင်းရာ ဒေသတစ်ခုဖြစ်သည်။

မန္တလေးတိုင်း၊ မြင်းခြံနှင့် တောင်သာမြို့တို့ရှိ ခရိုင်တရား ရုံးအနီးအပါအဝင် မြို့ပေါ်နေရာအများအပြားအား မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းပြည်သူ့ကာ ကွယ်ရေးအဖွဲ့များက ပြောသည်။

မေလ ၅ရက် နံနက် ၉နာရီခန့်က မြင်းခြံမြို့၊ ပြောင်းပြာတံတားမြောက်ထိပ်၌ ကင်းပတ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား မိုင်းဆွဲကာတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း မဟာမိတ်အဖွဲ့များက ပြောသည်။

ယမန်နေ့ (မေလ ၆ ရက်)နံနက် ၁၁နာရီခန့်တွင် မြင်းခြံမြို့ ခရိုင်တရားရုံးနှင့် ယာဥ်ထိန်းရဲရုံးကြား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း၊ ထိုနေ့တွင်ပင် တောင်သာမြို့နယ်အထွက် အကြမ်းဖက်စစ်တ​ပ်၏ကင်းတဲအား မိုင်းဆွဲကာ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ် စာတမ်းချိတ်ဆွဲခြင်းများ ပြုလုပ်ခဲ့ကြောင်း မဟာမိတ်အဖွဲ့များက ပြောသည်။

“ဖောက်ခွဲ စစ်ဆင်ရေးများပြုလုပ်ပြီး မအလနှင့်အပေါင်းအပါများအသက်သည် ကျွန်ုပ်တို့လက်ထဲတွင်ရှိကြောင်းသတိပေးခဲ့ပါသည်”ဟု မဟာမိတ်အဖွဲ့များက ရေးသားထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါဖြစ်စဥ်များအား မဟာမိတ်အဖွဲ့ ​လေးဖွဲ့ဖြစ်သော TTAပြောက်ကျားတပ်(တောင်သာ)၊ မြေလတ်-PDF MGN District၊ 27 Revolution Force နှင့် Seven People Defense Force အဖွဲ့တို့ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က အသိ​ပေးသည်။

မြင်းခြံမြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်သည့်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အားကောင်းရာ ဒေသတစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာအုပ်စုမှာ ချောင်းရေကြီးလို့ ကျေးရွာထဲ ရေဝင်ပြီး သီးနှံတွေ ရေမြုပ်ပျက်စီးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။