Connect with us

Hi, what are you looking for?

News

ချောင်းဦး PDFမှ ရဲဘော်တစ်ဦး ပိုးထိ၍ကျဆုံး

“ကျော်စွာငြိမ်းက အသက် ၃၃ နှစ်ပါ။ တောင်သူပါ။ အားလုံးကိုစွန့်လွတ်ပြီးသားမို့ ဘယ်လိုအခြေအနေပဲရောက်ရောက် အဆုံးထိတိုက်မယ် လို့ သူအမြဲပြောတတ်ပါတယ်။”ဟု ချောင်းဦး PDF တာဝန်ရှိသူက ပြောသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကင်းစောင့်ရင်း ပိုးထိ၍ နိုင်ငံတော်နှင့် ပြည်သူအတွက် အသက်ပေးလှူသွားခဲ့သည်။

ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်ကျော်စွာငြိမ်းသည် မေလ ၄ ရက်က
ကင်းတာဝန်ထမ်းဆောင်ရင်း ပိုးထိ၍ နိုင်ငံတော်အတွက်အသက်ပေးလှူ၍ မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း ချောင်းဦး PDFက အသိပေးသည်။

“ကျော်စွာငြိမ်းက အသက် ၃၃ နှစ်ပါ။ တောင်သူပါ။ အားလုံးကိုစွန့်လွတ်ပြီးသားမို့ ဘယ်လိုအခြေအနေပဲရောက်ရောက် အဆုံးထိတိုက်မယ် လို့ သူအမြဲပြောတတ်ပါတယ်။”ဟု ချောင်းဦး PDF တာဝန်ရှိသူက ပြောသည်။

စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတွင် နိုင်ငံတော်နှင့်ပြည်သူ့အကျိုးစီးပွားအတွက်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသဖြင့် ကျွန်ုပ်တို့ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် မိသားစုနှင့်ထပ်တူထပ်မျှ ဆို့နင့်ကြေကွဲဝမ်းနည်းရကြောင်း ချောင်းဦး PDFက မှတ်တမ်းပြုသည်။

Public Service Announcement

Public Service Announcement

ကျဆုံးအာဇာနည်ရဲဘော်ဆောင်ရွက်လက်စဖြစ်သော စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတာဝန်ကို ကျန်ရစ်သူကျွန်ုပ်တို့ရဲဘော်များက ဆက်လက်ထမ်းဆောင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ချောင်းဦး PDFက ဝန်ခံကတိပြုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။