Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖရူဆို – ဘောလခဲလမ်း၌ စစ်ယာဉ်တန်း ကရင်နီပူးပေါင်းတပ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄၄ဦးသေ၊ ယာဉ် ၈စီးမီးလောင်ပျက်စီး

မေလ ၁ ရက်နေ့မှ ၇ ရက်အထိ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် ဘောလခဲမြိုနယ်တို့တွင် စုစုပေါင်းတိုက်ပွဲ ၁၃ကြိမ်ခန့်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တစ်ပတ်အတွင်း စစ်ကောင်စီတပ်သား နှစ်ဦးအရှင်ဖမ်းမိပြီး လက်နက် ၁၅လက်ရဟု KNDF ထုတ်ပြန်

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမှ ဘောလခဲမြို့နယ်သို့သွားရာလမ်း၌ စစ်ကောင်စီတပ်ယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၄၄ဦးပွဲချင်းပြီး သေဆုံးပြီး ယာဉ် ၈စီးပျက်စီးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့ထုတ်ပြန်သည်။

မေလပထမအပတ်အတွင်း တိုက်ပွဲသတင်းများကို ထုတ်ပြန်ရာ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဖရူဆိုမြို့နယ်မှ ဘောလခဲမြို့နယ်ဘက်သို့ လည်ကောင်း၊ ဘောလခဲမြို့နယ်မှ ဖရူဆိုမြို့နယ်ဖက်သို့လည်ကောင်း ရိက္ခာနှင့် လက်နက်ခဲယမ်းများ အသွားအပြန်ပို့ရန် ကား ၃၀စီးပါယာဉ်တန်းနှင့်အတူ စစ်ကြောင်း ထိုးလျက်ရှိ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ဖော်ပြသည်။

မေလ ၁ ရက်နေ့မှ ၇ ရက်အထိ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် ဘောလခဲမြိုနယ်တို့တွင် စုစုပေါင်းတိုက်ပွဲ ၁၃ကြိမ်ခန့်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ဘောလခဲ-ဖရူဆိုလမ်မကြီးတစ်ကြောရှိ နန်းဖဲနှင့် လောကျေခူကျေရွာအနီးတို့တွင် ရိက္ခာနှင့် လက်နက်ခဲယမ်းများတင်ဆောင်ကာ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့၏ ကားအစီး ၃၀ခန့်ပါ ယဉ်တန်းအား ကရင်နီပူးပေါင်းတပ်များမှ ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့်အကြမ်းဖက်စစ်ကောင်စီဖက်မှ ၄၄ဦးပွဲချင်းပြီးသေဆုံးခဲ့ကာ ထောက်ပို့ကား ၈စီးမီးလောင်ပျက်ဆီးခဲ့သည်ဟု KNDFက ထုတ်ပြန်သည်။

အထက်ပါတိုက်ပွဲများအတွင်း ကရင်နီပူးပေါင်းတပ်များမှ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးအား အရှင်ဖမ်းမိပြီး လက်နက် ၁၅လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြသည်။

ဖရူဆိုမြို့နယ်၊ မာခရောရှေ့ခြေကုပ်စခန်းမှ၊ လောကျာခူရွာသစ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် ကရင်နီပူးပေါင်းတပ်တို့ မေလ ၂ရက်က ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ခဲ့ပြီး မေလ ၃ရက်တွင် ဖရူဆိုမြို့နယ်၊ ထားလဲကျေးရွာနှင့် ဒေါပိုရှေ့ကျေးရွာအကြားတွင် ထောက်ပို့လမ်းကြောင်းအတွက် တံတားပြုပြင်နေသော စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“ဒီနေ့(မေ ၉ ရက်)မှာလည်း ဖရူဆိုဘက်မှာ တိုက်ပွဲ ပြင်းထန်နေတယ်။ကျွန်တော်တို့ဘက်က ဒဏ်ရာရတဲ့သူနဲ့ ကျတဲ့သူ အချို့ရှိတယ်။စကစ ဘက်က သေတဲ့သူများနေတယ်”ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက People’s Springသို့ ပြောသည်။

မေလ ၄ ရက် နံနက်အစောပိုင်းတွင် ဖရူဆိုမြို့နယ်မှ၊ ဘောလခဲမြိုနယ် နန်းဖဲကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ယဉ်တန်းအား ကရင်နီပူးပေါင်းတပ်တို့မှ နန်းဖဲနှင့် လောကျေခူကျေးရွာအနီးတို့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဘက်မှ မော်တော်ယာဉ် သုံးစီး မီးလောင်းပျက်စီးခဲ့ကြောင်း ဖော်ပြသည်။

မေလ ၆ရက်ကလည်း လောကျေခူတိုက်ပွဲတွင် KNDF မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်းလည်း အသိပေးထားသည်။

ဘောလခဲမြို့နယ်အတွင်း မေလ ၁ရက်တွင် ဘောလခဲမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းမှ မိုင်းထမ်းကျေးရွာသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ နေအိမ် နှစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း၊ ဧပြီ ၃၁ရက် ညပိုင်းကလည်း ဘောလခဲမြို့နယ်၊ စရဖရုံးနှင့် စုပေါင်းရုံးတို့အား ကရင်နီပူးပေါင်းအဖွဲ့များမှဝငရောက်တိုက်ခိုက်ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။

ထို့အတူ ဒီးမော့ဆိုမြို့နှင့် အနီးတဝိုက်ရှိ ရပ်ကွက်များအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ဆက်လက်တပ်စွဲထားသည့်အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်ဟု ဆိုသည်။

ထို့ပြင် ကုန်းသာ၊ ဒေါငံခါးနှင့် ခေါက်ပလော့ရပ်ကွက်၊ ထူလွှီးဘီလာနှင့် အနီးတဝိုက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်နီပူးပေါင်းတပ်များ၊ PDF မဟာမိတ်အဖွဲ့များ နေ့စဉ်နှင့်အမျှ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

အမှတ်(၂)တံတားအနီးရှိ မွေးမြူရေးဇုန်အနီးတွင်လည်း လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။