Connect with us

Hi, what are you looking for?

LuduNwayOo

News

ဟားခါး – ဖလမ်းလမ်း၌ ချင်းပူးပေါင်းတပ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ၂၆ဦးသေ၊ ပူးပေါင်းတပ်ဖွဲ့ဝင် ၉ဦးကျဆုံး

မေလ ၂ရက်တွင် ဟားခါးမှ ဖလမ်းသို့ ထွက်ခွာလာသည့် အင်အား ၁၅၀ ကျော်ပါ စစ်ယာဉ် ၂၀ကျော်ကို မေလ ၄ရက်နှင့် ၅ရက်တွင် ဟားခါး -ဖလမ်းလမ်း မိုင်တိုင် အမှတ် ၂၆၊ မိုင်တိုင် (၂၀)တို့တွင် ကာကွယ်ရေးပူးပေါင်းတပ်မှ ချုံခိုတိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း ပြုလုပ်ခဲ့သည်ဟု ဖော်ပြသည်။

(CNDF တပ်သားများအား တွေ့ရစဥ်)

ချင်းပြည်နယ် ဟားခါး – ဖလမ်း လမ်းပိုင်း၌ သံချပ်ကာ ယာဉ် နှစ်စီးပါဝင်သည့် စစ်ကောင်စီယာဉ်တန်းကို ချင်းလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့ဝင်များကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂၆ဦးသေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၉ဦးကျဆုံးခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ထပ်မံ သတင်းထုတ်ပြန်သည်။

မေလ ၂ရက်တွင် ဟားခါးမှ ဖလမ်းသို့ ထွက်ခွာလာသည့် အင်အား ၁၅၀ ကျော်ပါ စစ်ယာဉ် ၂၀ကျော်ကို မေလ ၄ရက်နှင့် ၅ရက်တွင် ဟားခါး -ဖလမ်းလမ်း မိုင်တိုင် အမှတ် ၂၆၊ မိုင်တိုင် (၂၀)တို့တွင် ကာကွယ်ရေးပူးပေါင်းတပ်မှ ချုံခိုတိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း ပြုလုပ်ခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်များ၌ စစ်ကောင်စီတပ်မှ ၁၈ဦးသေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့မှ ၈ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။ အလားတူ မေလ ၆ရက်တွင်လည်း မိုင်တိုင်(၁၆)အကျော်တွင် CNO လက်အောက်ခံ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)က မိုင်းပဒေသာဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၈ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိသည်ဟုဆိုသည်။ မေလ ၇ရက်တွင် မိုင်းရှင်းလင်းစဉ် CNDF ရဲဘော်တစ်ဦး မိုင်းမတောတဆဖြစ်၍ ကျဆုံးခဲ့ကြောင်း အသိပေးထားသည်။

ထို့ကြောင့် စစ်ကောင်စီယာဉ်တန်း ဟားခါးမြို့မှထွက်ခွာလာသည့် မေလ ၂ရက်မှ မေလ ၇ရက်အတွင်း စစ်ကောင်စီတပ်မှ ၂၆ဦးသေဆုံးပြီး ချင်းအမျိုးသားတပ်မတော်(CNA)၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)နှင့် CNDFတို့မှ တပ်ဖွဲ့ဝင် ၉ဦးကျဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများ၌ အမ်း၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်​နေကြောင်း၊စစ်ကူ​ပေးရန် ၊​လေ​ကြောင်းမှညအပြင်းအထန်တိုက်ခိုက်ရန် တိုက်တွန်း ရေးသား​နေကြသည်။