Connect with us

Hi, what are you looking for?

News

ဟားခါး – ဖလမ်းလမ်း၌ ချင်းပူးပေါင်းတပ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ၂၆ဦးသေ၊ ပူးပေါင်းတပ်ဖွဲ့ဝင် ၉ဦးကျဆုံး

မေလ ၂ရက်တွင် ဟားခါးမှ ဖလမ်းသို့ ထွက်ခွာလာသည့် အင်အား ၁၅၀ ကျော်ပါ စစ်ယာဉ် ၂၀ကျော်ကို မေလ ၄ရက်နှင့် ၅ရက်တွင် ဟားခါး -ဖလမ်းလမ်း မိုင်တိုင် အမှတ် ၂၆၊ မိုင်တိုင် (၂၀)တို့တွင် ကာကွယ်ရေးပူးပေါင်းတပ်မှ ချုံခိုတိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း ပြုလုပ်ခဲ့သည်ဟု ဖော်ပြသည်။

(CNDF တပ်သားများအား တွေ့ရစဥ်)

ချင်းပြည်နယ် ဟားခါး – ဖလမ်း လမ်းပိုင်း၌ သံချပ်ကာ ယာဉ် နှစ်စီးပါဝင်သည့် စစ်ကောင်စီယာဉ်တန်းကို ချင်းလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့ဝင်များကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂၆ဦးသေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၉ဦးကျဆုံးခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ထပ်မံ သတင်းထုတ်ပြန်သည်။

မေလ ၂ရက်တွင် ဟားခါးမှ ဖလမ်းသို့ ထွက်ခွာလာသည့် အင်အား ၁၅၀ ကျော်ပါ စစ်ယာဉ် ၂၀ကျော်ကို မေလ ၄ရက်နှင့် ၅ရက်တွင် ဟားခါး -ဖလမ်းလမ်း မိုင်တိုင် အမှတ် ၂၆၊ မိုင်တိုင် (၂၀)တို့တွင် ကာကွယ်ရေးပူးပေါင်းတပ်မှ ချုံခိုတိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း ပြုလုပ်ခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်များ၌ စစ်ကောင်စီတပ်မှ ၁၈ဦးသေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့မှ ၈ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။ အလားတူ မေလ ၆ရက်တွင်လည်း မိုင်တိုင်(၁၆)အကျော်တွင် CNO လက်အောက်ခံ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)က မိုင်းပဒေသာဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၈ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိသည်ဟုဆိုသည်။ မေလ ၇ရက်တွင် မိုင်းရှင်းလင်းစဉ် CNDF ရဲဘော်တစ်ဦး မိုင်းမတောတဆဖြစ်၍ ကျဆုံးခဲ့ကြောင်း အသိပေးထားသည်။

ထို့ကြောင့် စစ်ကောင်စီယာဉ်တန်း ဟားခါးမြို့မှထွက်ခွာလာသည့် မေလ ၂ရက်မှ မေလ ၇ရက်အတွင်း စစ်ကောင်စီတပ်မှ ၂၆ဦးသေဆုံးပြီး ချင်းအမျိုးသားတပ်မတော်(CNA)၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)နှင့် CNDFတို့မှ တပ်ဖွဲ့ဝင် ၉ဦးကျဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။