Connect with us

Hi, what are you looking for?

News

ဖိုလ်ဝင်တောင်အနီး စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး တစ်စီးတိမ်းမှောက်

မိုင်းထိ၍တိမ်းမှောက်မှုကြောင့် သေဆုံးပြီးအများအပြား ထိခိုက်ဒဏ်ရာရ၍ ယမ်းစီကုမ္ပဏီမှ မှန်လုံယာဥ်ဖြင့် မုံရွာဇက်သို့ ပို့ဆောင်နေကြောင်း အလောင်းတော်ကဿပ နယ်မြေသတင်းက ဖော်ပြသည်။

(ပြီးခဲ့သည့် လပိုင်းအတွင်းက ယင်းမာပင်နယ်အတွင်း တွေ့ရသည့် အကြမ်းဖက်စစ်တပ်၏ ယာဥ်တစ်စီး)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဖိုလ်ဝင်တောင်အနီးတွင် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး တစ်စီးတိမ်းမှောက်သွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့(မေလ ၁၁) နံနက် ၉နာရီခန့်က အကြမ်းဖက်စစ်ကောင်စီ၏ ကားကြီးသုံးစီးသည် မုံရွာမြို့ မှ ညောင်ပင်ကြီးဇက်ဆိပ်သို့ကူးလာပြီး ယင်းမာပင်လမ်းအတိုင်း တက်လာခဲ့ကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ကားကြီး သုံးစီးသည် အင်ကြင်းတောင်အနီး(ဖိုလ်ဝင်တောင်အနီး)တွင် မိုင်းမိခဲ့ပြီးတစ်စီးတိမ်းမှောက်သွားကြောင်း ဒေသခံများက ပြောသည်။

မိုင်းထိ၍တိမ်းမှောက်မှုကြောင့် သေဆုံးပြီးအများအပြား ထိခိုက်ဒဏ်ရာရ၍ ယမ်းစီကုမ္ပဏီမှ မှန်လုံယာဥ်ဖြင့် မုံရွာဇက်သို့ ပို့ဆောင်နေကြောင်း အလောင်းတော်ကဿပ နယ်မြေသတင်းက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့(​မေ ၁၀ )ညပိုင်း ၁၁နာရီခွဲခန့်ကလည်း ပုလဲနယ်သို့ စစ်ကူသွားမည့် အကြမ်းဖက်စစ်ကောင်စီယာဥ် သုံးစီးအား ဖိုလ်ဝင်တောင်လမ်းတလျှောက်ပဒေသာ (၈)လုံးတွဲများဖြင့် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ယာဥ်သုံးစီးလုံး ပျက်စီးသွားကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ပြောသည်။

“ဒီမနက် သုံးစီးကလည်း မိုင်းကွင်းထဲတည့်တည့်ရပ်မိရာ ပဒေသာ (၁၂)လုံး အဝစားကားတစ်စစီစုတ်ပြတ်သတ်ထွက်သွားတယ်။ အရေအတွက်မသိရသေးဘူး။ စခအလောင်းများကို မြန်မာရန်စီကားများနဲ့ ခေါက်တုံ့ခေါက်ပြန်သယ်နေတာကိုတွေ့ရပါတယ်။”ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ပြောသည်။

ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် မုံရွာမြို့ဘက်မှ အကြမ်းဖက်စစ်ကောင်စီယာဥ်များ ညောင်ပင်ကြီးဆိပ်ဘက်သို့ ထပ်မံကူးလာကြောင်း ဒေသခံတို့က ပြောသည်။

ညောင်ပင်ကြီး-ယင်းမာပင်လမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ မကြာခဏတိုက်ခိုက်ခံနေရပြီး ပြည်သူများ အကြမ်းဖက်စစ်ကားများနှင့် ကပ်မလိုက်ရန် ဒေသတွင်းအဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook