Connect with us

Hi, what are you looking for?

News

မုံရွာ-မန္တလေးလမ်းပိုင်းတွင် ယာဥ်ငယ်တစ်စီးဖြင့်လာသည့် စစ်အုပ်စုကို မိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

ကားရှေ့ပိုင်းမှာ မိုင်း နှစ်လုံး တည့်တည့်ထိမှန်၍ ဘေးသို့လည်ပြီး ၅ မိနစ်ကျော်ခန့် ရပ်တန့်နေခဲ့ကြောင်း၊ တတိယမိုင်းမှာမူ အပိုင်းအစများသာ သွားရောက် ထိမှန်နိုင်ကြောင်း၊ ထိခိုက်သေဆုံးမှုအခြေအနေ မသိရသေးကြောင်း PDF-South Monywaက ပြောသည်။

(စစ်ကိုင်းတိုင်းအတွင်း တွေ့ရသည့် အကြမ်းဖက်စစ်တပ်၏ ယာဥ်တစ်စီး။)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ယာဥ်ငယ်တစ်စီးဖြင့် ဖြတ်သန်းလာသည့် စစ်အုပ်စုအား မိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း PDF- South Monywa က သတင်းထုတ်ပြန်သည်။

ယနေ့(မေလ ၁၁ ရက်) နေ့လယ်ပိုင်းက မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် Mini Markကား အဝါရောင်(အရပ်ကား)ဖြင့် အကြမ်းဖက်စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသည်ဟု သတင်းရသဖြင့် စောင့်ဆိုင်းခဲ့ကြောင်း PDF- South Monywa က ပြောသည်။

အဆိုပါကားကို ချောင်းဦးနှင့် ခင်မွန်ရွာကြား လမ်းပိုင်းတွင် မိုင်း သုံးလုံး တပြိုင်တည်းခွဲကာ တိုက်ခိုက်ခဲ့ကြောင်း PDF-South Monywa က အသိပေးသည်။

Public Service Announcement

ကားရှေ့ပိုင်းမှာ မိုင်း နှစ်လုံး တည့်တည့်ထိမှန်၍ ဘေးသို့လည်ပြီး ၅ မိနစ်ကျော်ခန့် ရပ်တန့်နေခဲ့ကြောင်း၊ တတိယမိုင်းမှာမူ အပိုင်းအစများသာ သွားရောက် ထိမှန်နိုင်ကြောင်း၊ ထိခိုက်သေဆုံးမှုအခြေအနေ မသိရသေးကြောင်း PDF-South Monywaက ပြောသည်။

Public Service Announcement

Public Service Announcement

“ကားက စစ်ကိုင်း ၃၃ က ခွေးတွေလို့ သတင်းရတာပါဗျ။၂၅ ဝန်းကျင်ရှိမယ်ကား အပြည့်ပဲ။ မစ်ရှင်သွားတဲ့ ရဲဘော်တွေ ပြောတာက ကားက မှန်အနက်တွေ တင် အရှိန်နဲ့ မောင်းလာတာ
အရပ်ဝတ်တွေပဲတွေ့တယ်။ အကုန်တော့ သေချာ မမြင်ရဘူးဗျ။ရှေ့ပိုင်းတော့ သေချာပေါက်ထိတယ်ခင်ဗျ။ ဘေးဆွဲပြီး လည်ထွက်သွားတာ။ သုံးမရအောင် ထိတာတော့ မဟုတ်ဘူးဗျ။ ၅ မိနစ်ကျော်လောက်နေတော့ ပြန်မောင်းထွက်သွားတော့လေ။”ဟု PDF-South Monywa တာဝန်ရှိသူက ပြောသည်။

မုံရွာ-မန္တလေးလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီယာဥ်များ မကြာခဏတိုက်ခိုက်ခံနေရပြီး ပြည်သူများ စစ်ကားများနောက် ကပ်မလိုက်ရန် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။