Connect with us

Hi, what are you looking for?

News

ကယန်းသာယာလမ်းခွဲတိုက်ပွဲ လွိုင်ကော် PDF စနိုက်ပါလက်ချက်‌ကြောင့် စစ်ကောင်စီတပ်သားတစ်ဦးသေ

“အဲဒီကယန်းသာယာလမ်းခွဲမှာက စစ်ကောင်စီ ဂိတ်ရှိတယ်။ပြီးတော့ ဒီကောင်တွေ ကင်းပုန်း ဝပ် တာတွေ အဲဒီနားမှာ ဖြတ်သွားရင် တွေ့ရတယ်”ဟု လွိုင်ကော်ဒေသခံတစ်ဦးက People’s Springသို့ ပြောသည်။

ကရင်နီ(ကယား)ပြည်နယ်၊လွိုင်ကော်မြို့ ကယန်းသာယာလမ်းခွဲတိုက်ပွဲတွင် စနိုက်ပါဖြင့် ပစ်ခတ်ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကြောင်း လွိုင်ကော် PDF က ထုတ်ပြန်သည်။

ယနေ့(မေ ၁၂ ရက်) နံနက် ၉နာရီ မိနစ် ၂၀ခန့်တွင် လွိုင်ကော် PDF တပ်ခွဲ (၅) ၊ ကရင်နီ တပ်မတော်(KA)နှင့် KNDF တပ်ရင်း (၂) တို့၏ စနိုက်ပါတပ်ဖွဲ့က ၁၅ မိနစ်ကြာ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“အဲဒီကယန်းသာယာလမ်းခွဲမှာက စစ်ကောင်စီ ဂိတ်ရှိတယ်။ပြီးတော့ ဒီကောင်တွေ ကင်းပုန်း ဝပ် တာတွေ အဲဒီနားမှာ ဖြတ်သွားရင် တွေ့ရတယ်”ဟု လွိုင်ကော်ဒေသခံတစ်ဦးက People’s Springသို့ ပြောသည်။

ယနေ့ တိုက်ခိုက်မှုတွင် မြေပြင်ရဲဘော် အတည် ပြုချက်အရ အကြမ်းဖက်စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးပြီး ၎င်းတို့ဘက်မှ အထိခိုက် ကျဆုံးမရှိဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် တိုက်ပွဲဖြစ်ပွားရာ လမ်းခွဲတစ်ဝိုက်တွင် ဖြတ်သန်းသွားလာနေကြသော ပြည်သူများ အထူး သတိပြုကာ ရှောင်ရှားသွားလာရန် လွိုင်ကော် PDF က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။