Connect with us

Hi, what are you looking for?

LuduNwayOo

News

ကယန်းသာယာလမ်းခွဲတိုက်ပွဲ လွိုင်ကော် PDF စနိုက်ပါလက်ချက်‌ကြောင့် စစ်ကောင်စီတပ်သားတစ်ဦးသေ

“အဲဒီကယန်းသာယာလမ်းခွဲမှာက စစ်ကောင်စီ ဂိတ်ရှိတယ်။ပြီးတော့ ဒီကောင်တွေ ကင်းပုန်း ဝပ် တာတွေ အဲဒီနားမှာ ဖြတ်သွားရင် တွေ့ရတယ်”ဟု လွိုင်ကော်ဒေသခံတစ်ဦးက People’s Springသို့ ပြောသည်။

ကရင်နီ(ကယား)ပြည်နယ်၊လွိုင်ကော်မြို့ ကယန်းသာယာလမ်းခွဲတိုက်ပွဲတွင် စနိုက်ပါဖြင့် ပစ်ခတ်ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကြောင်း လွိုင်ကော် PDF က ထုတ်ပြန်သည်။

ယနေ့(မေ ၁၂ ရက်) နံနက် ၉နာရီ မိနစ် ၂၀ခန့်တွင် လွိုင်ကော် PDF တပ်ခွဲ (၅) ၊ ကရင်နီ တပ်မတော်(KA)နှင့် KNDF တပ်ရင်း (၂) တို့၏ စနိုက်ပါတပ်ဖွဲ့က ၁၅ မိနစ်ကြာ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“အဲဒီကယန်းသာယာလမ်းခွဲမှာက စစ်ကောင်စီ ဂိတ်ရှိတယ်။ပြီးတော့ ဒီကောင်တွေ ကင်းပုန်း ဝပ် တာတွေ အဲဒီနားမှာ ဖြတ်သွားရင် တွေ့ရတယ်”ဟု လွိုင်ကော်ဒေသခံတစ်ဦးက People’s Springသို့ ပြောသည်။

ယနေ့ တိုက်ခိုက်မှုတွင် မြေပြင်ရဲဘော် အတည် ပြုချက်အရ အကြမ်းဖက်စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးပြီး ၎င်းတို့ဘက်မှ အထိခိုက် ကျဆုံးမရှိဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် တိုက်ပွဲဖြစ်ပွားရာ လမ်းခွဲတစ်ဝိုက်တွင် ဖြတ်သန်းသွားလာနေကြသော ပြည်သူများ အထူး သတိပြုကာ ရှောင်ရှားသွားလာရန် လွိုင်ကော် PDF က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။