Connect with us

Hi, what are you looking for?

News

မြိုင်မြို့နယ်တွင် စစ်​ကောင်စီတပ်မီးရှို့ဖျက်ဆီးသွားသည့်ကျေးရွာများအား ​PDFက အိမ်ထောင်စုတစ်စုလျှင် ကျပ်တစ်သိန်းနှုန်း ထောက်ပံ့

မိဘပြည်သူများမှလှူဒါန်းငွေများနှင့် မြိုင်အဖွဲ့မှ ထုတ်လုပ်သော လက်လုပ်လက်နက်များအား မဟာမိတ်များထံသို့ မျှဝေခြင်းမှရရှိလာသော ငွေကြေးများအား လှူဒါန်းခြင်းဖြစ်ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ပြောသည်။

(အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် မြိုင်နယ်ရှိ ကျေးရွာအချို့ကို ​တွေ့ရစဥ်)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်​ကောင်စီတပ်မီးရှိူ့ဖျက်ဆီးသွားသည့်ကျေးရွာများအား ​ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က အိမ်ထောင်စုတစ်စုလျှင် ကျပ်တစ်သိန်းနှုန်း ထောက်ပံ့ခဲ့သည်။

မြိုင်မြို့နယ်အတွင်း စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည့် ရွာသစ်ကြီး​ကျေးရွာမှ ​နေအိမ် ၇၆ လုံး၊ နှမ်းစားကျင်းရွာမှ ၇လုံးနှင့် သံဘိုကြီးရွာမှ ၁၀လုံး၏ အိမ်ထောင်စုများအား ယမန်နေ့ (မေလ ၁၂ ရက်)က အိမ်ထောင်စုတစ်စုလျှင် ကျပ်တစ်သိန်းဖြင့် ၉၃ သိန်းကျပ် မျှဝေလှူဒါန်းပေးခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

(အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် မြိုင်နယ်ရှိ ကျေးရွာအချို့ကို ​တွေ့ရစဥ်)

ထို့အပြင် စစ်​ကောင်စီတပ်၏ သတ်ဖြတ်ခြင်းခံခဲ့ရသော အပြစ်မဲ့ပြည်သူ နှစ်ဦး၏ ကျန်ရစ်သူ မိသားစုများအား တစ်အိမ်ထောင်လျှင် ငါးသိန်းကျပ် ထောက်ပံ့ခဲ့ကြောင်း၊ စုစုပေါင်း ကျပ်၁၀၃သိန်း ထောက်ပံ့ခဲ့သည်ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

မိဘပြည်သူများမှလှူဒါန်းငွေများနှင့် မြိုင်အဖွဲ့မှ ထုတ်လုပ်သော လက်လုပ်လက်နက်များအား မဟာမိတ်များထံသို့ မျှဝေခြင်းမှရရှိလာသော ငွေကြေးများအား လှူဒါန်းခြင်းဖြစ်ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

(အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် မြိုင်နယ်ရှိ ကျေးရွာအချို့ကို ​တွေ့ရစဥ်)

“ပြည်သူတွေမှာ နေစရာမရှိစားစရာမရှိတော့ ကျွန်တော်တို့က ဘယ်လိုလုပ်ကြည့်နေနိုင်မှာလဲဗျာ။ ပြည်သူထဲက ပြည်သူပဲလေ ကျွန်တော်တို့က။ မင်းအောင်လှိုင်ရဲ့ စကစတွေသာ အထက်အမိန့်ကို နာခံနေကြတာ မှားတာမှန်တာ မခွဲခြားတတ်ဘဲ။”ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

စစ်​ကောင်စီတပ်သည် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းသုံးကြောင်းဖြင့် ဝင်ရောက်ဖျက်ဆီးနေပြီး ပြည်သူအချို့လည်း သတ်ဖြတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook