Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ယာဥ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ရာ သုံးဦးထက်မနည်း ထိခိုက်နိုင်ကြောင်း ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု​ပြော

တိုက်ခိုက်ခံရပြီးနောက် ယာဥ်ကို အရှိန်ပြင်းစွာမောင်းပြေးသွားပြီး ဝမ်းတွင်းဆေးရုံအတွင်း ဝင်ရောက်သွားကြောင်း​ ဒေသခံအချို့က ပြောသည်။

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီတပ်ယာဥ်တစ်စီးအား ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ သုံးဦးထက်မနည်း ထိခိုက်နိုင်ကြောင်း ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု (WTRF)က ပြော သည်။

ယမန်နေ့ (မေလ ၁၂ ရက်) ည ၇နာရီအချိန်က သဲတော ရွာအဝင် လိပ်တက်​ကျေးရွာ အနောက်ဘက် တံတားတွင် စစ်ကောင်စီတပ်ယာဥ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု WTRFက သတင်းထုတ်ပြန် သည်။

တိုက်ခိုက်ခံရပြီးနောက် ယာဥ်ကို အရှိန်ပြင်းစွာမောင်းပြေးသွားပြီး ဝမ်းတွင်းဆေးရုံအတွင်း ဝင်ရောက်သွားကြောင်း​ ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးလိုက်ပါလာသော ယာဥ်မှာ ရှေ့ခန်းမှန်ချကာ ရှေ့နှစ်ယောက်၊ နောက်ငါးယောက် လိုက်ပါလာသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“မိုင်းနှစ်လုံးနဲ့ ပဒေသာမိုင်းဆွဲလိုက်တာ ကားကထိုးရပ်သွားတာ။ ၁မိနစ်လောက်နေတော့မောင်းပြေးသွားတာ။ ရှေ့ကားခေါင်းထဲကကောင်တွေကတော့သိပ်ဒဏ်ရာမရနိုင်ဘူး၊ မှန်တော့ကွဲသွားတယ်။ မိုင်းဘက်ကတစ်ယောက်ကတော့ ဒဏ်ရာရနိုင်တယ်။ နောက်ကငါးယောက်ကတော့ ကားကနောက်ပွင့်ဆိုတော့ အနည်းဆုံး သုံးယောက်ကတော့ သေမှာပါ။”ဟု ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု(WTRF) တာဝန်ရှိသူက ပြောသည်။

ညပိုင်းတွင် သဲတော(၃)၊ အောင်ချမ်းသာတောင်ပိုင်းရပ်ကွက်တွင် အိမ်ထောင်စုစာရင်း၀င်စစ်ပြီး ပြည်သူအချို့အား ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook