Connect with us

Hi, what are you looking for?

News

စစ်တပ်ရှေ့တန်းစခန်းမှအရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးတို့ လက်နက်ခဲယမ်းအများအပြားဖြင့်ပြည်သူ့ရင်ခွင်ခိုလှုံ

အကြမ်းဖက်စစ်ကောင်စီတပ်ကို စွန့်ခွာသူနှစ်ဦးသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)နှင့် ကချင်နိုင်ငံရေးဆိုင်ရာကြားကာလညှိနှိုင်း​ရေးအဖွဲ့(KPICT)တို့၏ ထပ်မံကူညီဆောင်ရွက်ပေးမှုဖြင့် အောင်မြင်စွာစွန့်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

●ရှေ့တန်းတွင်အကျအရှုံးများ​နေ၍​စစ်တပ်ရှေ့တန်းမှတပ်ဖွဲ့ဝင်များစစ်​ခေါင်း​ဆောင်များအ​ပေါ်မယုံကြည်မှုတိုး​နေ

စစ်ကောင်စီတပ် ရှေ့တန်းစခန်းမှ အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးတို့သည် လက်နက်ခဲယမ်းအများအပြားနှင့်အတူ CDM ပြုလုပ်လာကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က သတင်းထုတ်ပြန် သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ကို စွန့်ခွာသူနှစ်ဦးသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)နှင့် ကချင်နိုင်ငံရေးဆိုင်ရာကြားကာလညှိနှိုင်း​ရေးအဖွဲ့(KPICT)တို့၏ ထပ်မံကူညီဆောင်ရွက်ပေးမှုဖြင့် အောင်မြင်စွာစွန့်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

“ရှေ့တန်းစခန်းကနေ လက်နက်အများအပြားနဲ့ CDM ဝင်လာတာပေါ့။ တချို့လည်း တိုင်ပင်ထားတဲ့သူတွေရှိတယ်။ တချို့တွေကျလည်း လက်နက်နဲ့ထွက်လာဖို့ဆိုတာ သူတို့ကို ခွန်အားတွေ ပေးရတာပေါ့” ဟု ပြည်သူ့ပန်းတိုင်အဖွဲ့မှ ကိုညီသုတကပြောသည်။

Public Service Announcement

Public Service Announcement

ယခုနောက်ပိုင်းတွင် CDM ပြုလုပ်သည့် ပုံစံပြောင်းလဲလာပြီး ရှေ့တန်းစခန်းမှ အကြမ်းဖက်စစ် ကောင်စီတပ်ကို စွန့်ခွာလာသူ ပိုမိုများပြားလာကြောင်း CDM ဗိုလ်ကြီးဟောင်း ကိုညီသုတက ရှင်းပြသည်။

“အခုနောက်ဆုံးထွက်လာတဲ့သူတွေရဲ့ ပြောစကားအရ အထူးသဖြင့် ရှေ့တန်းက သူတွေက အခြေအနေကို ပိုသိတယ်။ ရှေ့တန်းမှာ ကျဆုံးမှုတွေ များတယ်။ စခန်းလိုက် ကျရှုံးမှုတွေ ရှိနေတော့ ရှေ့တန်းက စစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့အပေါ် မယုံကြည်မှုက ပိုတိုးလာတယ်လို့ ပြောလို့ ရပါတယ်” ဟု ၎င်းကဆိုသည်။

အထက်ပါ ရှေ့တန်းစခန်းမှ လက်နက်အများအပြားဖြင့် CDM ဝင်လာသူနှစ်ဦးကို ပြည်သူ့ပန်းတိုင်အဖွဲ့က ကျပ်သိန်း ၃၀ ချီးမြှင့်သွားမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ထပ်မံချီးမြှင့်သွားမည်ဟု သိထားရကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ဆိုသည်။

“တချို့တွေကျတော့လည်း ထွက်သာထွက်လာတယ် ကျွန်တော်တို့က အများကြီး မကူညီနိုင်ရင် လူချည်းသပ်သပ်ထွက်လာတာရှိတယ်။ ထွက်လာဖို့ ဆွေးနွေးတိုင်ပင်ရင် ကျွန်တော်တို့ မှာလည်း ဘတ်ဂျက်မလောက်ရင် သူတို့ကို အရမ်းကြီးမတိုက်တွန်းရဲဘူးပေါ့”ဟု ကိုညီသုတက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဖမ်းဆီးရသူအများစုဟာ စိတ်ကြွရူးသွပ်ဆေးပြားအလွန်အကျွံ သုံးစွဲထားပြီး ရှေ့ဆုံးကတက်ခိုင်းတဲ့ပြည်သူ့စစ်တွေဖြစ်​နေ

သတင်း

အာရက္ခတပ်တော်(AA) ရော၊ စစ်တပ်ကိုပါ ဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းခွင်သုံးကားတွေကို မပစ်ခတ်ဖို့ တရုတ်ဘက်က သတိ‌ပေးထားတဲ့ အမ်း-ပဒါန်းကားလမ်းမှာ တရုတ်နိုင်ငံသားဝန်ထမ်းလိုက်ပါလာတဲ့ကားတစ်စီးကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဆောင်းပါး

ဂေဇက်ရ ဘုရားပွဲတော်တွေအကြောင်း ပြောကြပြီဆိုရင် အညာမြေ စစ်ကိုင်းတိုင်းက ရွေဘိုမြို့ထောင့်စေတီပွဲက ချန်ထားလို့ မရပါဘူး။ နှစ်စဥ် တော်သလင်းလပြည့်ကျော် ၇ ရက်နေ့ကနေ သီတင်းကျွတ်လဆန်း ၁ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် ကျင်းပလေ့ရှိတယ်။ ၁ဝ ရက်ဆိုပေမယ့် ပွဲတော်မစခင်ကတည်းက ဆိုင်ခန်းတွေ ရောက်နေခင်းနေကြပြီမို့ လချီကျင်းပတဲ့ပွဲတော်ဆိုလည်း...

သတင်း

ချင်းပြည်နယ်၊မင်းတပ် မြို့နယ်ထဲက ခရစ်ယာန် ဘုရားကျောင်း တစ်ခုကို အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကို Burma Research Institute (BRI)က ရှုတ်ချလိုက်ပါတယ်။ ပြီးတော့ ခရစ်ယာန် ဘုရားကျောင်းတွေအပေါ် မြန်မာစစ်တပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်နေမှုတွေကို စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ်...