Connect with us

Hi, what are you looking for?

News

စစ်တပ်ရှေ့တန်းစခန်းမှအရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးတို့ လက်နက်ခဲယမ်းအများအပြားဖြင့်ပြည်သူ့ရင်ခွင်ခိုလှုံ

အကြမ်းဖက်စစ်ကောင်စီတပ်ကို စွန့်ခွာသူနှစ်ဦးသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)နှင့် ကချင်နိုင်ငံရေးဆိုင်ရာကြားကာလညှိနှိုင်း​ရေးအဖွဲ့(KPICT)တို့၏ ထပ်မံကူညီဆောင်ရွက်ပေးမှုဖြင့် အောင်မြင်စွာစွန့်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

●ရှေ့တန်းတွင်အကျအရှုံးများ​နေ၍​စစ်တပ်ရှေ့တန်းမှတပ်ဖွဲ့ဝင်များစစ်​ခေါင်း​ဆောင်များအ​ပေါ်မယုံကြည်မှုတိုး​နေ

စစ်ကောင်စီတပ် ရှေ့တန်းစခန်းမှ အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးတို့သည် လက်နက်ခဲယမ်းအများအပြားနှင့်အတူ CDM ပြုလုပ်လာကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က သတင်းထုတ်ပြန် သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ကို စွန့်ခွာသူနှစ်ဦးသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)နှင့် ကချင်နိုင်ငံရေးဆိုင်ရာကြားကာလညှိနှိုင်း​ရေးအဖွဲ့(KPICT)တို့၏ ထပ်မံကူညီဆောင်ရွက်ပေးမှုဖြင့် အောင်မြင်စွာစွန့်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

“ရှေ့တန်းစခန်းကနေ လက်နက်အများအပြားနဲ့ CDM ဝင်လာတာပေါ့။ တချို့လည်း တိုင်ပင်ထားတဲ့သူတွေရှိတယ်။ တချို့တွေကျလည်း လက်နက်နဲ့ထွက်လာဖို့ဆိုတာ သူတို့ကို ခွန်အားတွေ ပေးရတာပေါ့” ဟု ပြည်သူ့ပန်းတိုင်အဖွဲ့မှ ကိုညီသုတကပြောသည်။

Public Service Announcement

Public Service Announcement

ယခုနောက်ပိုင်းတွင် CDM ပြုလုပ်သည့် ပုံစံပြောင်းလဲလာပြီး ရှေ့တန်းစခန်းမှ အကြမ်းဖက်စစ် ကောင်စီတပ်ကို စွန့်ခွာလာသူ ပိုမိုများပြားလာကြောင်း CDM ဗိုလ်ကြီးဟောင်း ကိုညီသုတက ရှင်းပြသည်။

“အခုနောက်ဆုံးထွက်လာတဲ့သူတွေရဲ့ ပြောစကားအရ အထူးသဖြင့် ရှေ့တန်းက သူတွေက အခြေအနေကို ပိုသိတယ်။ ရှေ့တန်းမှာ ကျဆုံးမှုတွေ များတယ်။ စခန်းလိုက် ကျရှုံးမှုတွေ ရှိနေတော့ ရှေ့တန်းက စစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့အပေါ် မယုံကြည်မှုက ပိုတိုးလာတယ်လို့ ပြောလို့ ရပါတယ်” ဟု ၎င်းကဆိုသည်။

အထက်ပါ ရှေ့တန်းစခန်းမှ လက်နက်အများအပြားဖြင့် CDM ဝင်လာသူနှစ်ဦးကို ပြည်သူ့ပန်းတိုင်အဖွဲ့က ကျပ်သိန်း ၃၀ ချီးမြှင့်သွားမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ထပ်မံချီးမြှင့်သွားမည်ဟု သိထားရကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ဆိုသည်။

“တချို့တွေကျတော့လည်း ထွက်သာထွက်လာတယ် ကျွန်တော်တို့က အများကြီး မကူညီနိုင်ရင် လူချည်းသပ်သပ်ထွက်လာတာရှိတယ်။ ထွက်လာဖို့ ဆွေးနွေးတိုင်ပင်ရင် ကျွန်တော်တို့ မှာလည်း ဘတ်ဂျက်မလောက်ရင် သူတို့ကို အရမ်းကြီးမတိုက်တွန်းရဲဘူးပေါ့”ဟု ကိုညီသုတက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။