Connect with us

Hi, what are you looking for?

LuduNwayOo

News

ထိုင်​တော်မူဘုရား​တောင်တိုက်ပွဲ စစ်​ကောင်စီတပ်သားနှစ်ဦး​သေဟု ဖယ်ခုံPDF ​ပြော

ယနေ့ (မေလ ၁၄ ရက်) နံနက် ၆နာရီခန့်တွင် (PDF – Pekhon) နှင့်အတူ(PDF – LK)၊(DMO – PDF)နှင့် အလယ်ပိုင်းတိုင်း အထူးစစ်ဆင်းရေးအဖွဲ့တို့ ပူးပေါင်းပြီး စနိုက်ပါစစ်ဆင်ရေးတိုက်ပွဲ ဆင်နွဲခဲ့သည်ဟု ဆို သည်။

ဓာတ်ပုံ - ဖယ်ခုံ PDF

ရှမ်း – ကယားပြည်ဒေသအစပ်ရှိ ထိုင်တော်မူဘုရားတောင်၌ စနိုက်ပါစစ်ဆင်ရေး တိုက်ပွဲဆင်နွဲခဲ့ပြီး စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံး​ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် – ဖယ်ခုံ (PDF – Pekhon)က ထုတ်ပြန်သည်။

ယနေ့ (မေလ ၁၄ ရက်) နံနက် ၆နာရီခန့်တွင် (PDF – Pekhon) နှင့်အတူ(PDF – LK)၊(DMO – PDF)နှင့် အလယ်ပိုင်းတိုင်း အထူးစစ်ဆင်းရေးအဖွဲ့တို့ ပူးပေါင်းပြီး စနိုက်ပါစစ်ဆင်ရေးတိုက်ပွဲ ဆင်နွဲခဲ့သည်ဟု ဆို သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – ဖယ်ခုံ PDF

“ထိုင်တော်မူဘုရားတောင်က ဖယ်ခုံမြို့နယ်ထဲမှာ။ရန်သူ တွေတပ်စွဲထားတဲ့နေရာဖြစ်တယ်”ဟု PDF – Pekhon တာဝန်ရှိသူက People’s Springသို့ ပြောသည်။

ထိုတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စစ်တပ်မှ နှစ်ဦး သေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့ဝင်အားလုံး အထိအခိုက်မရှိ ကောင်းမွန်စွာ ပြန်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

အဆိုပါ တိုက်ခိုက်မှုအပြီးတွင် အကြမ်းဖက်စစ်ကောင်စစ်တပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။