Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ တာဝန်မှ နုတ်ထွက်ရပ်နားရန် KIO အုပ်ချုပ်ရေးရုံးများထုတ်ပြန်

KIO၏ မြစ်ကြီးနားခရိုင်နှင့် ဟူးကောင်းခရိုင် အုပ်ချုပ်ရေးရုံးများနှင့် တနိုင်းမြို့နယ် အုပ်ချုပ်ရေးရုံး တို့က မေလ ၁၄ရက် ရက်စွဲဖြင့် သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မလိုက်နာပါက ဖြစ်လာမည့် ပြဿနာအကျိုးဆက်များ မိမိတာဝန်သာဖြစ်ဟု သတိပေး

စစ်ကောင်စီ၏ လက်အောက်ခံဝန်ကြီးဌာန အသီးသီး၌ တာဝန်ထမ်းဆောင်နေသည့် အမှုထမ်း၊အရာထမ်းများအားလုံး မိမိစိတ်ဆန္ဒဖြင့် လက်ရှိထမ်းဆောင်နေသော တာဝန်များမှ နုတ်ထွက်ရပ်နားသွားရန် အလေးအနက် တိုက်တွန်းလိုက်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခရိုင်ရုံးများက ယနေ့ထုတ်ပြန်သည်။

KIO၏ မြစ်ကြီးနားခရိုင်နှင့် ဟူးကောင်းခရိုင် အုပ်ချုပ်ရေးရုံးများနှင့် တနိုင်းမြို့နယ် အုပ်ချုပ်ရေးရုံး တို့က မေလ ၁၄ရက် ရက်စွဲဖြင့် သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မိမိဆန္ဒဖြင့် တာဝန်မှ နုတ်ထွက်ရပ်နားခြင်းမရှိဘဲ စစ်ကောင်စီလက်အောက်၌ ဆက်လက် အမှုထမ်းနေပါက ဖြစ်ပေါ်လာမည့် ပြဿနာ အကျိုးဆက်များ အားလုံးသည် မိမိ၏ တာဝန်သာ ဖြစ်ကြောင်း သတိပေး ထုတ်ပြန်လိုက်သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် စစ်ကောင်စီမှ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မတရား အဓမ္မ သိမ်းယူပြီး ပြည်သူများအား ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများကို နည်းမျိုးစုံဖြင့် ကျူးလွန်နေခြင်းကြောင့် ပြည်သူလူထု တစ်ရပ်လုံးမှ စစ်အာဏာရှင်အား လုံး၀ လက်မခံနိုင်ဘဲ စစ်အာဏာရှင် ကျရှုံးရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် တိုက်ပွဲဝင်နေသည့် အချိန်ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို KIO၏ အုပ်ချုပ်ရေးနယ်မြေ၌ ထုတ်ပြန်ခြင်း ဟုတ်မဟုတ် အတည်ပြုမေးမြန်းရန် KIO သတင်းနှင့်ပြန်ကြားရေးဌာနာတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။