Connect with us

Hi, what are you looking for?

News

စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ တာဝန်မှ နုတ်ထွက်ရပ်နားရန် KIO အုပ်ချုပ်ရေးရုံးများထုတ်ပြန်

KIO၏ မြစ်ကြီးနားခရိုင်နှင့် ဟူးကောင်းခရိုင် အုပ်ချုပ်ရေးရုံးများနှင့် တနိုင်းမြို့နယ် အုပ်ချုပ်ရေးရုံး တို့က မေလ ၁၄ရက် ရက်စွဲဖြင့် သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မလိုက်နာပါက ဖြစ်လာမည့် ပြဿနာအကျိုးဆက်များ မိမိတာဝန်သာဖြစ်ဟု သတိပေး

စစ်ကောင်စီ၏ လက်အောက်ခံဝန်ကြီးဌာန အသီးသီး၌ တာဝန်ထမ်းဆောင်နေသည့် အမှုထမ်း၊အရာထမ်းများအားလုံး မိမိစိတ်ဆန္ဒဖြင့် လက်ရှိထမ်းဆောင်နေသော တာဝန်များမှ နုတ်ထွက်ရပ်နားသွားရန် အလေးအနက် တိုက်တွန်းလိုက်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခရိုင်ရုံးများက ယနေ့ထုတ်ပြန်သည်။

KIO၏ မြစ်ကြီးနားခရိုင်နှင့် ဟူးကောင်းခရိုင် အုပ်ချုပ်ရေးရုံးများနှင့် တနိုင်းမြို့နယ် အုပ်ချုပ်ရေးရုံး တို့က မေလ ၁၄ရက် ရက်စွဲဖြင့် သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မိမိဆန္ဒဖြင့် တာဝန်မှ နုတ်ထွက်ရပ်နားခြင်းမရှိဘဲ စစ်ကောင်စီလက်အောက်၌ ဆက်လက် အမှုထမ်းနေပါက ဖြစ်ပေါ်လာမည့် ပြဿနာ အကျိုးဆက်များ အားလုံးသည် မိမိ၏ တာဝန်သာ ဖြစ်ကြောင်း သတိပေး ထုတ်ပြန်လိုက်သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် စစ်ကောင်စီမှ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မတရား အဓမ္မ သိမ်းယူပြီး ပြည်သူများအား ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများကို နည်းမျိုးစုံဖြင့် ကျူးလွန်နေခြင်းကြောင့် ပြည်သူလူထု တစ်ရပ်လုံးမှ စစ်အာဏာရှင်အား လုံး၀ လက်မခံနိုင်ဘဲ စစ်အာဏာရှင် ကျရှုံးရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် တိုက်ပွဲဝင်နေသည့် အချိန်ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို KIO၏ အုပ်ချုပ်ရေးနယ်မြေ၌ ထုတ်ပြန်ခြင်း ဟုတ်မဟုတ် အတည်ပြုမေးမြန်းရန် KIO သတင်းနှင့်ပြန်ကြားရေးဌာနာတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။