Connect with us

Hi, what are you looking for?

News

တပ်မ(၁၁)စစ်ကြောင်းနှင့် ထီးလင်း – ကျောက်ထုလမ်းပိုင်း၌ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်၍ ပြည်သူများ သတိထားသွားလာကြရန် YDF ထီးလင်း သတိ​ပေး

ဧပြီကစ၍ ထီးလင်းမြို့နယ်သို့ အင်အား ၁၀၀ကျော်ပါ တပ်မ(၁၁)စစ်ကြောင်းဝင်ရောက်ခဲ့ပြီး မြို့၏အနောက်ဘက်တစ်ကြောကို စစ်ထိုးခဲ့ကာ မေလ ၅ရက်တွင် ထီးလင်းမြို့ပေါ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

အင်အား ၈၀ခန့်ပါ တပ်မ(၁၁)စစ်ကြောင်းသည် ထီးလင်းမြို့မှ စတင်ထွက်ခွာလာ၍ ထီးလင်း – ကျောက်ထုလမ်းပိုင်း၌ အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားနိုင်ကြောင်း Yaw Defence Force Htilin က ထုတ်ပြန်သည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းသည် ယနေ့(မေ ၁၅ရက်) နံနက်၇နာရီခွဲခန့်တွင် အောင်မြင်ရွာ(တောင်ဘက်ရွာ)အနီးသို့ရောက်ရှိနေပြီဟုလည်း အသိပေးသည်။

ထို့ကြောင့် ထီးလင်း-ကျောက်ထုလမ်းပိုင်းတွင် ထိတွေ့တိုက်ပွဲများအချိန်မရွေးဖြစ်ပွားနိုင်သာကြောင့် အများပြည်သူခရီးသွားလာခြင်းများ အထူးဂရုပြုရန် YDF Htilin က တိုက်တွန်းသည်။

“အခုက ကျောက်ထုဘက်ကို ဦးတည်နေတယ်ဆိုပေမယ့်လို့ ဘယ်ကို စစ်ထိုးမယ်ဆိုတာ တပ်အပ်မပြောနိုင်သေးဘူး။နောက်ပြီး စကစ က ထီးလင်းမြို့ရဲ့မြောက်ဖက်ခြမ်းကိုလည်း ဒရုန်းတွေ တောက်လျှောက်လွှတ်နေတယ်”YDF ထီးလင်း တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ဧပြီကစ၍ ထီးလင်းမြို့နယ်သို့ အင်အား ၁၀၀ကျော်ပါ တပ်မ(၁၁)စစ်ကြောင်းဝင်ရောက်ခဲ့ပြီး မြို့၏အနောက်ဘက်တစ်ကြောကို စစ်ထိုးခဲ့ကာ မေလ ၅ရက်တွင် ထီးလင်းမြို့ပေါ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

စစ်ကြောင်းထိုးစဥ်ကာလအတွင် စစ်ကောင်စီတပ်သားများသည် အရှင်ဖမ်းခံရခြင်း၊တိုက်ပွဲအတွင် သေဆုံးခြင်းနှင့် CDM ဝင်လာသူများကြောင့် စစ်ကြောင်းအင်အားလျော့နည်းသွားခြင်းဟု YDF ထီးလင်းကသုံးသပ်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။