Connect with us

Hi, what are you looking for?

News

ဖယ်ခုံတိုက်ပွဲ ဗိုလ်မှူးအဆင့်အပါအဝင် စစ်ကောင်စီတပ် ရှစ်ဦးသေ

အထိနာခဲ့သောစစ်ကောင်စီတပ်သည် လက်နက်ကြီးဆက်တိုက်ပစ်ကူခြင်း ၊တိုက်ဂျက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲခြင်း ၊ ရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ခတ်ခြင်းတို့ပြုလုပ်ကာ ညနေအထိတိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

(တိုက်ပွဲမထွက်မီ ကျဆုံးခဲ့ရသော ကိုချစ်ကောင်း(စခန်းမှူး)နှင့် နောက်ဆုံးရိုက်ကူးခဲ့ရသောမှတ်တမ်း ဓာတ်ပုံဖြစ်ပါသည်။)

▪️အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဒေသ- ၃၊ တပ်ရင်း (၁၀၀၈)မှ စခန်းမှူးကျဆုံးခဲ့ရ

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့အရှေ့ဘက်ခြမ်း တိုက်ပွဲ၌ ဗိုလ်မှူးအဆင့်အပါအဝင် စစ်ကောင်စီတပ်သား ရှစ်ဦး သေဆုံးကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဒေသ- ၃၊ တပ်ရင်း (၁၀၀၈)က ယနေ့(မေ ၁၆ ရက်) ထုတ်ပြန်သည်။

ညောင်ရွှေမြို့နယ် တောင်ပို့ကွဲ ၊ဆောင်နန်းခဲ​ကျေးရွာဖက်မှစတင်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင် စီတပ်နှင့် PNO ပြည်သူ့စစ်ကို (၁၀၀၈) တပ်ရင်း၊ ဖယ်ခုံ PDF တပ်ရင်း (၂) ၊ အင်းလေး PDF၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆေးရေးအဖွဲ့၊ တပ်ရင်း (၁၀၀၅)၊ KNDF နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

မေလ၁၄ ရက်က စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်ကို ကနဦးအနေဖြင့် (၁၀၀၈)တပ်ရင်းနှင့် အင်းလေး PDFတို့ ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့မှုတွင် စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့​ပြီးလက်နက်ကြီးများဖြင့် ထုပြီးနောက် ပြန်ဆုတ်သွားခဲ့ရသည်ဟု ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

ထို့နောက် ယမန်နေ့ နံနက်၈ နာရီတွင် ကာကွယ်ရေးတပ်များနှင့် စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကြောင်းတစ်ကြောင်းမှာ (၁၀၀၈)တပ်ရင်းဖြင့် အနီးကပ်ထိပ်တိုက်တွေ့ကာ ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အနီးကပ်တိုက်ရာတွင် (၁၀၀၈)တပ်ရင်းမှ စခန်းမှူးကျဆုံးခဲ့ရပြီး ဒဏ်ရာပြင်းထန်သူတစ်ဦး အပါအဝင် လက်နက်နှစ်လက်ဆုံးရှုံးခဲ့ရသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သေဆုံးသူလေးဦးအနက်ဗိုလ်မှူးတစ်ဦးပါရှိကာ တပ်ရင်းကို စုံစမ်းဆဲဟု အသိပေးသည်။

အထိနာခဲ့သောစစ်ကောင်စီတပ်သည် လက်နက်ကြီးဆက်တိုက်ပစ်ကူခြင်း ၊တိုက်ဂျက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲခြင်း ၊ ရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ခတ်ခြင်းတို့ပြုလုပ်ကာ ညနေအထိတိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

လက်ရှိ စစ်ရေးအခြေအနေမှာ တင်းမာနေဆဲဖြစ်ပြီး တိုက်ပွဲပြင်းထန်နိုင်သည့်အတွက် ပြည်သူများ ဘေးကင်းရာတွင်နေထိုင်ကြရန် တပ်ရင်း(၁၀၀၈)က တိုက် တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။