Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်က ​ရေလယ်ကျွန်း​ဒေသတွင် ၁၀ ရက်အတွင်း​နေအိမ် ၁၄၀ ​ကျော်ကိုမီးရှို့ဖျက်ဆီး

အကြမ်းဖက်စစ်တပ်သည် ယ​နေ့ (မေလ ၁၆ ရက်)နံနက်ပိုင်းက ရေစကြိုမြို့နယ်ရေလယ်ကျွန်းဒေသရှိ မိုးကွဲရွာ၊ ကံဦးရွာ၊တောင်ကုန်းရွာ၊ မဲကုန်းရွာများကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်ကမီးရှို့ဖျက်ဆီးသွား၍ ပြည်သူများကမီးငြှိမ်းသတ်ရန်ကြိုးစားစဥ်။ ဓါတ်ပုံ-CJ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသသို့ အကြမ်းဖက်စစ်တပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးနေဆဲဖြစ်ပြီး ၁၀ရက်အတွင်း လူနေအိမ်​ပေါင်း ၁၄၀ ကျော် မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်ကမီးရှို့ဖျက်ဆီးသွား၍ ပြည်သူများကမီးငြှိမ်းသတ်ရန်ကြိုးစားစဥ်။ ဓါတ်ပုံ-CJ)

အကြမ်းဖက်စစ်တပ်သည် မေလ ၇ ရက်နေ့မှ ယနေ့ မေလ ၁၆ ရက်နေ့အထိ ၁၀ ရက်အတွင်းမကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ရွှေလှံ၊သာဂေါင်၊ဖြုံဘူး၊မိဖုရား၊ မဲကုန်း၊ ကျွဲကုန်း၊ ဆည်သည့်၊ မြေစွန်း၊ ငတရော်၊ မိုးကွဲ၊တောင်ကုန်း၊ကိုင်း၊ လှေခုတ်၊ သောင်ရှေ့၊ မင်းရွာ၊ဘိုကုန်း၊ကံဦး အစရှိသည့် ရွာပေါင်း ၁၇ရွာမှ လူနေအိမ်ပေါင်း ၁၄၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ယ​နေ့ (မေလ ၁၆ ရက်)နံနက်ပိုင်းက ရေစကြိုမြို့နယ်ရေလယ်ကျွန်းဒေသရှိ မိုးကွဲရွာ၊ ကံဦးရွာ၊တောင်ကုန်းရွာ၊ မဲကုန်းရွာများကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

ယမန်နေ့ (မေလ ၁၅ ရက်နေ့) နံနက်ပိုင်းကလည်း ရေလယ်ကျွန်းဒေသရှိ မိုးကွဲရွာနှင့် ကံဦးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ရာ ရေစကြိုPDF များမှ မီးငြှိမ်းသတ်ပေးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

(အကြမ်းဖက်စစ်​ကောင်စီတပ်ကမီးရှို့ဖျက်ဆီးသွား၍ ပြည်သူများကမီးငြှိမ်းသတ်ရန်ကြိုးစားစဥ်။ ဓါတ်ပုံ-CJ)

ယနေ့နံနက်ပိုင်းက မိုးကွဲရွာကို အလွန်အကျွံမီးရှို့ခဲ့ပြီးမြောက်အရပ်ကိုပါ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူများ အကြမ်းဖက်စစ်တပ်နှင့် ဝေးရာတွင် ရှောင်ရှားနေထိုင်ကြရန် ရေလယ်ကျွန်းဒေသပြည်သူကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်း သတိပေးသည်။

ကျေးရွာများအား မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်အား ရေစကြိုဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များအပြင် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းရှိ အဖွဲ့များကပါ လာရောက်ပူးပေါင်းတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေ အလုံးလိုက် စျေးဖြတ်ပြီးရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။