Connect with us

Hi, what are you looking for?

News

နိုင်ငံတကာကုမ္ပဏီများစွန့်ခွာသွား​သောရဲတံခွန်သဘာဝဓါတ်​ငွေ့စီမံကိန်းတွင်လုပ်ကိုင်လို​​သောကုမ္ပဏီများကို စစ်​ကောင်စီ​ဖိတ်​ခေါ်

ရဲတံခွန် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းကြီးသည် ၃ ဒဿမ ၂ ထရီလျံ ကုဗပေ ထုထည်ရှိသော သဘာဝဓာတ်ငွေ့သိုက်ဖြစ်ပြီး ၂၀၀၀ပြည်နှစ် တွင် စတင် ထုတ်ယူကာ တစ်နေ့လျင် ၂၀၀ မီလီယံပေ ကနဦး ထုတ်ယူနိုင်ကြောင်း သိရသည်။

●ထိုင်း​ရေနံကုမ္ပဏီက ပြည်တွင်းဘဏ်တစ်ခုကို အမည်ခံလွှဲ​ပြောင်းပူး​ပေါင်းလုပ်ရန်စီစဥ်​နေဟုသတင်းထွက်​ပေါ်​

နိုင်ငံတကာကုမ္ပဏီများစွန့်ခွာသွားသည့် ရဲတံခွန်သဘာဝဓာတ်ငွေ့တူးဖော်ရေးစီမံကိန်းကိုဆက်လက်လုပ်ကိုင်လိုသည့် ကုမ္ပဏီများအား ဖိတ်ခေါ်ကြောင်းအာဏာသိမ်း စစ်ကောင်စီက ကြေညာလိုက်သည်။

အဆိုပါစီမံကိန်းသည့် မုတ္တမကမ်းလွန်ရှိ လုပ်ကွက်များဖြစ်သည့် M-12 ၊M-13နှင့် M-14တို့တွင်တည်ရှိ ပြီး ထိုစီမံကိန်းအတွက် စီမံကိန်းတခုလုံးကို ဦးဆောင်လည်ပတ်သူ တာဝန်ခံ အော်ပရေတာ သို့မဟုတ် ရှယ်ယာရှင်အဖြစ် ဆောင်ရွက်ရမည်ဟု စစ်ကောင်စီကဆိုသည်။

ထိုလုပ်ကွက်မှ ပြင်သစ်ကုမ္ပဏီ Total ၊ မလေးရှားကုမ္ပဏီ PETRONAS ၊ ထိုင်းအစိုးရပိုင် PTTEP ၊ ဂျပန်ထိပ်သီးရေနံကုမ္ပဏီ ENEOS တို့က နှုတ်ထွက်ပြီးနောက်အာဏာသိမ်းစစ်ကောင်စီက ကုမ္ပဏီအသစ်များကို ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စိတ်ဝင်စားသည့် ကုမ္ပဏီများကို မေ ၂၇ ရက် နောက်ဆုံးထားပြီး စိတ်ဝင်စားမှုဖော်ပြလွှာ(EOI ) တင်သွင်းရမည်ဟုဆိုသည်။

“တင်ဒါခေါ်တာဟန်ပြပါပဲ။ ထိုင်းရေနံကုမ္ပဏီက ဘဏ်လောကမှာနာမည်ကြီးနေတဲ့ ပြည်တွင်းကုမ္ပဏီတခုကို နာမည်ခံ လွှဲပြောင်းပြီး ပေါင်းလုပ်ဖို့ စီစဉ်နေတာပါ”ဟု စွမ်းအင်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မူများကြောင့် စစ်ကောင်စီထိန်းချုပ်ထားသည့် MOGEနှင့် လက်တွဲလုပ်ဆောင်ရန် မလွယ်ကူသောကြောင့် ယခုလို့ မလိမ့်တပတ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ၎င်းကသုံးသပ်သည်။

ရဲတံခွန် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းကြီးသည် ၃ ဒဿမ ၂ ထရီလျံ ကုဗပေ ထုထည်ရှိသော သဘာဝဓာတ်ငွေ့သိုက်ဖြစ်ပြီး ၂၀၀၀ပြည်နှစ် တွင် စတင် ထုတ်ယူကာ တစ်နေ့လျင် ၂၀၀ မီလီယံပေ ကနဦး ထုတ်ယူနိုင်ကြောင်း သိရသည်။

မလေးရှားရေနံကုမ္ပဏီ Petronas က ၂၀၀၃ ခုနှစ်မှ စ၍ ရဲတံခွန်တွင် စတင်ပါဝင်ခဲ့ပြီး ပိုင်ဆိုင်မှု ၄၀ ဒဿမ ၉ ရာခိုင်နှုန်းရှိသည်။မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းMOGEက ၂၀ ဒဿမ ၅၊ ENEOS ၏ လက်အောက်ခံကုမ္ပဏီကNippon Oil Explorationက၁၉ ဒဿမ၉၊PTTEPက ၁၉ ဒဿမ ၃ ရာခိုင်နှုန်း အသီးသီးပိုင်ဆိုင်သည်။

MOGEကို အီးယူက အရေးယူပိတ်ဆို့ပြီး ထိုစီမံကိန်းမှ နိုင်ငံခြားကုမ္ပဏီအားလုံး နှုတ်ထွက်ထားပြီးလည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။