Connect with us

Hi, what are you looking for?

News

ဖယ်ခုံတိုက်ပွဲတွင် အထိနာသည့် စစ်ကောင်စီတပ်က ဆောင်နန်းခဲရွာကို မီးရှို့ဖျက်ဆီး

ဆောင်နန်းခဲရွာအနီးတောင်ကြော၌ မေလ ၁၅ရက်က ဖြစ်ပွားသည့် ဒေသတွင်းကာကွယ်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်က သေဆုံးမှုများရှိခဲ့သည်ဟု ဆိုသည်။

ရှမ်းပြည်နယ် တောင်ပိုင်းဖယ်ခုံနှင့် ညောင်ရွှေနယ်စပ်၌ ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားရာအနီးရှိ ဖယ်ခုံမြို့နယ် ဆောင်နန်းခဲရွာကို ယနေ့ ညနေပိုင်း၌ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (PDF)က သတင်းထုတ်ပြန်သည်။

ယနေ့(မေလ ၁၆ရက်)ညနေ ၅နာရီခန့်တွင် တိုက်ပွဲဖြစ် ပွားမှုမရှိဘဲ စစ်ကောင်စီတပ်သည် ဆောင်နန်းခဲရွာကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။

ဆောင်နန်းခဲရွာအနီးတောင်ကြော၌ မေလ ၁၅ရက်က ဖြစ်ပွားသည့် ဒေသတွင်းကာကွယ်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်က သေဆုံးမှုများရှိခဲ့သည်ဟု ဆိုသည်။

ယနေ့တွင် မိုးဗြဲရေကာတာ အရှေ့ဘက်တာဘောင်အနီး၌ ထိတွေ့တိုက်ပွဲ တစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟုလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်များဘက်က ထိခိုက်မှု့မရှိကြောင်း၊ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုကိုလည်း အတည်ပြုချက်မရကြောင်း ဖယ်ခုံ PDFက ထုတ်ပြန်သည်။

အဆိုပါဒေသရှိ ထီရိရွာ စစ်ကောင်စီကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် မေလ ၁၃ရက်မှစ၍ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာရာ မေလ ၁၄ရက်တွင် ဒေသတွင်း ကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မေလ ၁၅ရက်တွင် ဆောင်နန်းခဲရွာအနီး၌ တိုက်ပွဲဖြစ်ခဲ့သည်။ အဆိုပါ တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ၈ဦးထက်မနည်းသေဆုံးပြီး ကာကွယ် ရေးပူးပေါင်းတပ်မှ တစ်ဦးကျဆုံးကာ ဒဏ်ရာရသူ အချို့ရှိခဲ့သည်ဟု တိုက်ပွဲတွင် ပါဝင်နေသည့် ရှမ်းတောင်အခြေစိုက်လူငယ်များဖြင့်စုဖွဲ့ထားသည့် တပ်ရင်း (၁၀၀၈)က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။