Connect with us

Hi, what are you looking for?

News

မိုးဗြဲမြို့နယ် ဆီးမီး​လော့ရွာတွင်တိုက်ပွဲဆက်ဖြစ်​နေ

စစ်ကောင်စီတပ်ဖက်​သေဆုံး ထိခိုက်မှုကိုလည်းအတည်မပြုနိုင်သေးဘဲ ပြည်သူကာကွယ်ရေးတပ်များထိခိုက်မှုမရှိ​ပေ။

(အကြမ်းဖက်စစ်တပ်က​ဆောင်နန်းခဲရွာကို ​မေ ၁၆ ရက်တွင်မီးရှို့ဖျက်ဆီး​ခဲ့သည်)

ရှမ်းပြည်နယ်တောင်ပိုင်း၊မိုးဗြဲမြို့နယ် ဆီးမီးလော့ရွာ အောက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများတိုက်ပွဲဖြစ်ပွား​နေ​ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဖယ်ခုံ ဇုန်က ထုတ်ပြန်သည်။

ယနေ့(မေ ၁၇ ရက်)နံနက် ၅ နာရီကစ၍ ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းမှ တဆင့် စစ်ကြောင်းထိုး လာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဖြစ်နေခြင်းဟု အသိပေးထားသည်။

“မနက်အစောကတည်းကထိတွေ့တိုက်ပွဲဖြစ်ပွါးနေတာကြောင့် အားလုံးဘေးကင်းကြပါစေ။ ပြည်သူများဘေးလွှတ်ရာသို့ ပုန်းရှောင်ကြပါဗျ”ဟု ၁၀၀၈ တပ်ရင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

(အကြမ်းဖက်စစ်တပ်က​ဆောင်နန်းခဲရွာကို ​မေ ၁၆ ရက်တွင်မီးရှို့ဖျက်ဆီး​ခဲ့သည်)

ယမန်နေ့(မေ ၁၆ ရက်)ကလည်း မိုးဗြဲဆည် ဆီမီးလော့ရွာ အနီးတွင် ပြည်သူကာကွယ်ရေးတပ်များနှင့် စစ်ကြောင်းထိုးလာသောအကြမ်း ဖက်စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွါးခဲ့​ပြီးယ​နေ့တွင်လည်းဆက်လက်တိုက်ပွဲဖြစ်ပွား​နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖက်​သေဆုံး ထိခိုက်မှုကိုလည်းအတည်မပြုနိုင်သေးဘဲ ပြည်သူကာကွယ်ရေးတပ်များထိခိုက်မှုမရှိ​ပေ။

မေ ၁၅ ရက်ကဖယ်ခုံ အရှေ့ဘက်ကမ်း တိုက်ပွဲတွင် စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့်အပါ အဝင် ရှစ်ဦးထက်မနည်းသေဆုံးကာ PDF ရဲဘော်တစ်ဦးကျဆုံးခဲ့သည်။

အထိနာခဲ့သောစစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်အုပ်စုတို့သည် ​မေ ၁၆ ရက်ညနေပိုင်းတွင်ဆောင်နန်းခဲရွာ အား တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ရွာတစ်ရွာလုံးနီးပါး မီးရှို့ဖျက်စီးခဲ့သည်။

မေ ၁၃ ရက်ကစ၍ ညောင်ရွှေမြို့နယ် တောင်ပို့ကွဲ ၊ဆောင်နန်းခဲရွာဖက်မှစတင်စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် စစ်​ကြောင်းကို ၁၀၀၈ တပ်ရင်းတို့ကို ဖယ်ခုံ PDFတပ်ရင်း ၂ ၊ အင်းလေး PDF ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆေးရေးအဖွဲ့၊ တပ်ရင်း ၁၀၀၅၊ KNDF နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်နေသည်။

တိုက်ပွဲမှာ ပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က လက်နက်ကြီး​​​ဖြင့်ဆက်တိုက်ပစ်ကူ​ပေးခြင်း ၊ဂျက်လေယာဉ် နှစ် စီးဖြင့် ဗုံးကျဲခြင်း ၊ ဟယ်လီကော်ပတာဖြင့်ပစ်ခတ်ခြင်းတို့ ပြုလုပ်ခဲ့သည်။

​မေလ ၇ ရက်က မိုးဗြဲအင်းအ​ရှေ့ဘက်ရှိထီခိရွာစာသင်​ကျောင်းတွင်တပ်စွဲထား​သော စစ်​ကောင်စီတပ်နှင့်PNO ပြည်သူ့စစ်​ကြောင်းကို KNDF ၊ KA နှင့် PDF တို့က ပူး​ပေါင်ူတိုက်ခိုက်ရာ ဗိုလ်မှူးအပါအဝင် ၁၄ ဦး​သေဆုံးခဲ့ပြီး ၅ ဦးကိုဖမ်းဆီးနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။