Connect with us

Hi, what are you looking for?

News

သမိုင်းလမ်းဆုံမှအသစ်​ဆောက်ထား​သော စစ်​ကောင်စီဘန်ကာတိုက်ခိုက်ခံရ ရဲနှစ်ဦး​သေဆုံးနိုင်

ဗုံးနှင့်အထုခံရသည့်အပြင် သေနတ်ဖြင့် ပစ် ခတ်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ ရဲနှစ်ဦးထိခိုက်ပြီး သေဆုံးနိုင်ခြေရှိကြောင်း ဒေသခံများက ပြောသည်။

(တိုက်ခိုက်ခံရပြီး​နောက်သမိုင်းလမ်းဆုံကိုစစ်​ကောင်စီတပ်ကလုံခြုံ​ရေးမြှင့်ပြီးပိတ်ဆို့စစ်​ဆေး​နေသည်။)

မကြာခဏ တိုက်ခိုက်ခံရသဖြင့်နေရာပြောင်း၍ ဘန်ကာအဖြစ်ဆောက်ထားသည့်မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံစစ်​ကောင်စီတပ်၏ဘန်ကာကိုဗုံးဖြင့်ပစ်ပြီးပစ်ခတ်မှု ဖြစ်ပွားရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးနိုင်ကြောင်းဒေသခံများကပြောသည်။

ယနေ့နေ့လယ် ၁၂ နာရီဝန်းကျင်က မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံရှိ စစ်ကောင်စီတပ်၏ဘန်ကာကို ဗုံးပစ်တိုက်ခိုက်ခဲ့သည်အပြင် သေ နတ်ဖြင့်ပါ ပစ်ခတ်သွားကြောင်း ဒေသခံများက ပြောသည်။

“ဖြစ်တာတော့ ဒီနေ့ ၁၂ ဝန်းကျင်လောက်က ဖြစ်တာ။ ပထမဗုံးနဲ့ပစ်တယ်။ ပြီးမှ သေနတ်နဲ့ထပ်ပစ်သွားတာ။ ထိခိုက်သေဆုံးစာရင်းတော့ အတိအကျမသိရသေးဘူး။ လူနာတင်ကားတွေတော့မြင်တယ်”ဟု သမိုင်းလမ်းဆုံအနီးနေထိုင်သူတစ်ဦးက ပြောသည်။

ဗုံးနှင့်အထုခံရသည့်အပြင် သေနတ်ဖြင့် ပစ် ခတ်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ ရဲနှစ်ဦးထိခိုက်ပြီး သေဆုံးနိုင်ခြေရှိကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုနှင့် စပ်လျဥ်းပြီး မည်သည့်အဖွဲ့အစည်းက တိုက်ခိုက်ခဲ့သည်ကို မသိရသေးသလို ထိခိုက်သေဆုံးမှုအခြေအနေအား ဆက်လက်စုံစမ်းဆဲ ဖြစ်သည်။

သမိုင်းလမ်းဆုံတိုက်ခိုက်မှုကြောင့် ရန်ကုန်-အင်းစိန်လမ်းမကြီးအပါအဝင် လမ်းအချို့ကို စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးလျက်ရှိသည်။

“အခု နေ့လည် ၁ နာရီကျော်တဲ့အထိ သမိုင်းလမ်း ဆုံကို ပိတ်စစ်နေတုန်း။ပြီးတော့ အရေးပေါ်ကားတွေပါရှိနေသေးတယ်”ဟု မရမ်းကုန်း မြို့နယ်ပြည်သူတစ်ဦးက ပြောသည်။

ထို့အပြင် ပြည်လမ်း ၈ မိုင် ဘက်ခြမ်း နှင့် ဘုရင့်နောင်တံတားအတက် နေရာများတွင် စစ်ကောင် စီတပ်က အင်အားအများအပြားဖြင့် ပိတ်ဆို့စစ်ဆေးနေဆဲဟု သိရသည်။

မည်သူည့်အဖွဲ့ကတိုက်ခိုက်​ကြောင်းတရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေ။ယခုဖြစ်စဥ်မတိုင်မီက ၂၀၂၁ ခုနှစ် အောက် တိုဘာ နှင့် ဒီဇင်ဘာလ တို့တွင် သမိုင်းလမ်းဆုံ City Mart ရှေ့ရှိ ဂိတ်စခန်းမှာ နှစ်ကြိမ်တိုင် တိုက်ခိုက်ခံရကာ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေဆုံးခဲ့သည်။

ထို့ကြောင့် ယခုထပ်မံတိုက်ခံရသည့်ကင်းစခန်းကို မကြာသေးမီကပင် သမိုင်းလမ်းဆုံ၏ အလယ်ဗဟိုကျွန်း​နေရာသို့ ပြောင်း၍ နှစ်ထပ်အဆောက်အဦးငယ်ဘန်ကာအဖြစ် စစ်ကောင်စီကအခိုင်အမာဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ထိုသို့မကြာခဏတိုက်ခိုက်ခံရသဖြင့် ရန်ကုန်တွင် အဓိကလမ်းများ၌ ထိုကဲသို့ဘန်ကာများကိုစစ်​ကောင်စီတပ်က​ဆောက်လုပ်ခဲ့ပြီး ၊အခိုင်အမာဆောက်ထား​သောဘန်ကာကိုပါ ဗုံးခွဲတိုက်ခိုက်မှုမှာ သမိုင်းလမ်းဆုံမှာပထမဆုံးဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်