Connect with us

Hi, what are you looking for?

LuduNwayOo

News

“နန်းထိုက်​အောင်စစ်ဆင်​ရေး”အဖြစ် သမိုင်းလမ်းဆုံရှိ ဘန်ကာအား ပစ်ခတ်တိုက်ခိုက်ရာ စစ်​ကောင်စီတပ်ဖွဲ့ဝင်သုံးဦး​သေ၊ နှစ်ဦးဒဏ်ရာရ

ရန်ကုန်တောင်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်၏ သုံးပွင့်အဆင့်ရှိ အရာရှိတစ်ဦးအပါ အဝင် နှစ်ဦးသေဆုံးခဲ့သည့် ကော့မှုးမြို့နယ် ငှက်အော်စမ်းကျေးရွာအနီး မကျီးကန်-ကျိုက်ထော်လမ်းပေါ်မှ စစ်ယာဉ်တန်းပစ်ခတ်တိုက်ခိုက်မှုသည်လည်း စစ်ကောင်စီကို အထိနာစေခဲ့သည်။

“နန်းထိုက်​အောင်စစ်ဆင်​ရေး”၏ စစ်​ရေးပစ်မှတ်အဖြစ် မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံရှိ စစ်ကောင်စီတပ်ဘန်ကာအား ပစ်ခတ်တိုက်ခိုက်ရာ စစ်​ကောင်စီတပ်ဖွဲ့ဝင် သုံးဦး​သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

ယနေ့နံနက် ၁၁နာရီခွဲခန့်က မရမ်းကုန်းမြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့ရဲ​ဘော်များနှင့် Five revolutionary giants အဖွဲ့တို့ ပူးပေါင်း၍ သမိုင်းလမ်းဆုံရှိ ဘန်ကာအား ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“စစ်​ရေးပစ်မှတ်​တွေကို ​ဆောင်ရွက်တဲ့​နေရာမှာ ​သေသပ်ဖို့နဲ့ သတင်းလက်ဦးမှုရဖို့ အင်မတန်အ​ရေးကြီးပါတယ်။ ကျွန်တော်တို့ လုပ်​နေတဲ့​မြို့ပြစစ်ဆင်​ရေးဟာ အကြမ်းဖက်လူသတ်စစ်​ကောင်စီကို ​ပြောက်ကျားနည်းနဲ့ အမှည့်​ခြွေဖို့ပါပဲ။ စစ်​ကောင်စီနဲ့ ပူး​ပေါင်းပြီး ပြည်သူကို ဖိနှိပ်၊ ခြိမ်း​ခြောက်၊ အကြပ်ကိုင်​နေတဲ့ ဘယ်သူ့ကိုမဆို လုံးဝသက်ညှာမှာမဟုတ်ပါဘူး။ ​ပြည်သူ့ဘက်ကမရပ်တည်ပဲ စစ်​ကောင်စီဘက်​တော်သား သတင်း​ပေး ဒလန်လုပ်​နေတဲ့ အကြမ်းဖက်စစ်​ကောင်စီ​​ထောက်တိုင်​တွေ၊ ပြည်သူကို ဒုက္ခ​ပေး​နေတဲ့သူ​တွေကိုပဲ ကျွန်တော်တို့က ပစ်မှတ်ထားတိုက်ခိုက်​နေတာပါ။ မဆိုင်တဲ့သူ​တွေကို လုပ်ရ​လောက်​အောင် သရဲ​ဘော​ကြောင်တဲ့​တော်လှန်​ရေးသမား​တွေမဟုတ်ဘူး။ ကြွက်မနိုင် ကျီမီးနဲ့ရှို့တတ်တဲ့သူမျိုး​တွေမဟုတ်ဘူး”ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

မေလ ၁၄ရက်ကလည်း “နန်းထိုက်အောင်စစ်ဆင်​ရေး”စစ်ရေးပစ်မှတ်အဖြစ် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၈၂)တပ်ရင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့​သည်။

Public Service Announcement

Public Service Announcement

အမှတ်(၃)လမ်းမကြီးပေါ်ရှိ အမှတ်(၈၂) တပ်ရင်းအား Yangon Federal Army (YFA) နှင့် CGF-YGN တို့က ပူးပေါင်းကာ (၄၀)မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မေလ၁၃ရက် ည​နေပိုင်းကလည်း ရန်ကုန်မြို့ ပြည်လမ်းနှင့်အင်းယားလမ်းထောင့်ရှိ ရဲကင်းအား “နန်းထိုက်အောင်စစ်ဆင်ရေး “အဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကို Anonymous အဖွဲ့က ပစ်ခတ်ရှင်းလင်းမှုပြုလုပ်ခဲ့ခြင်းဟု ဆိုသည်။
“နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”စတင်ပြီး တစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီထောက်တိုင် စုစုပေါင်း ၅၅ဦးကို သုတ်သင်ရှင်းလင်းထားပြီး ၆၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက People’s Springသို့ မေလ၈ရက်က ပြောထားသည်။

Public Service Announcement

ယခုနှစ် ဧပြီ၈ရက်က စတင်ခဲ့သော “နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”သည် မေလ၈ ရက်က တစ်လပြည့်မြောက်​ခြင်း ဖြစ်သည်။

စစ်ဆင်ရေးကာလအတွင်း စစ်ရေးပစ်မှတ် ၃၀၊ အုပ်ချုပ်ရေးပစ်မှတ် ၂၃၊ စီးပွားရေးပစ်မှတ် ၅ခုတို့ကို ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှုတွေဆောင်ရွက်နိုင်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ထို့အပြင် မွန်ပြည်နယ်ရှိ မော်လမြိုင်၊ ကျိုက်ရော၊ သထုံ၊ သိမ်ဇရပ်အပါအဝင်၊ ရန်ကုန်တိုင်းအတွင်း မြို့ နယ် ၂၁ ခု၌ မြို့ပြစစ်ဆင်ရေးများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပြောက်ကျားတော်လှန်ရေးအဖွဲ့များက ဆောင်ရွက်ခဲ့သည်ဟု ၎င်းက ဆိုသည်။

အလားတူ ပဲခူးတိုင်း PDF နှင့် ရန်ကုန်တိုင်း ခရမ်း PDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ဇွဲတွန်စစ် ဆေးရေးဂိတ်ပစ်ခတ်မှုဖြစ်စဉ်တွင် ရန်သူအကြမ်းဖက်အဖွဲ့ဝင် ၁၀ဦးအထိ သေဆုံးခဲ့သည်ဟု အသိပေးသည်။

ထို့အတူ ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်း၊ မြင်းစီးကွင်းအနီးရှိ အကြမ်းဖက်စစ်တပ်စွဲထားရာ အားကစားကွင်းအား People’s Force နှင့် Spring Brothers Force တို့ ပူးပေါင်းပြီး (၄၀) မမ ဗုံးသီး ငါးလုံး ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူအကြမ်းဖက်အဖွဲ့ဝင် ကိုဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ပြောသည်။

ရန်ကုန်တောင်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်၏ သုံးပွင့်အဆင့်ရှိ အရာရှိတစ်ဦးအပါ အဝင် နှစ်ဦးသေဆုံးခဲ့သည့် ကော့မှုးမြို့နယ် ငှက်အော်စမ်းကျေးရွာအနီး မကျီးကန်-ကျိုက်ထော်လမ်းပေါ်မှ စစ်ယာဉ်တန်းပစ်ခတ်တိုက်ခိုက်မှုသည်လည်း စစ်ကောင်စီကို အထိနာစေခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် အကြမ်းဖက်စစ်တပ်သည် ငှက်အော်စမ်းကျေးရွာနှင့် အနီးပတ်ဝန်း ကျင်ရှိ ညောင်ထောင်၊ ရေတာရှည်၊ သံကြိုးစတဲ့ ရွာတွေက အပြစ်မဲ့ ရွာသူ၊ရွာသား ၅၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးခြင်း၊ ရိုက်နှက်နှိပ်စက်မေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခင်နှစ် စက်တင်ဘာ၇ ရက်က စတင်ခဲ့သည့် ပြည်သူ့ခုခံတော်လှန်စစ်ကြေညာပြီးနောက်”ပျံလွှားအောင်စစ်ဆင်ရေး”ကို စတင်ခဲ့ရာ ၇ လတာကာလအတွင်း ပစ်မှတ်ပေါင်း ၄၁၉ ခု အား ပစ်ခတ်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး ရန်သူအကြမ်းဖက်တပ်ဖွဲ့ဝင် ၂၅၃ ယောက်သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးကို ယခုထက်အရှိန်မြှင့်တင်ဆောင်ရွက်သွားရန် အစီအစဉ်များ ချမှတ်ထားပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ပြည်သူ့ဘက်တော်သား အတွင်းဖရဲသီးများ၏ သတင်းပေးချက်များ၊ သတိပေးချက်များနှင့် ပူးပေါင်းပါဝင်မှုများကိုလည်း အထူးပင်ကျေးဇူးတင်ရှိကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ဆိုသည်။

အထူးသဖြင့် နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး၏ အဓိက မောင်းနှင်အားများဖြစ်သော PDF ရဲဘော်များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ အထူးကော်မန်ဒိုတပ်ဖွဲ့များ၊ မြို့ပြပြောက်ကျား တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူများအားလုံးကို လေးစားဂုဏ်ပြုကြောင်းလည်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။