Connect with us

Hi, what are you looking for?

News

စစ်တပ်အကြမ်းဖက်မှုကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေရသူများအတွက်ကူညီကယ်ဆယ်ရေးအဖြစ် ဧပြီအတွင်း ကျပ်သန်း၁၀၀ကျော် NUG ထောက်ပံ့

ပြည်သူလူထုထံသို့ပြီးခဲ့သည့် ဧပြီအတွင်း ထောက်ပံ့ခဲ့သည့်အခြေအနေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ယမန်နေ့(မေ ၁၇ရက်) ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

(ဒီး​မော့ဆိုမြို့နယ်မှ စစ်​ဘေး​ရှောင်ပြည်သူများကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)

စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် အရပ်သားပြည်သူများအား ကူညီကယ်ဆယ်ရေးအတွက် ဧပြီအတွင်း ကျပ်သန်း၁၀၀ကျော် ထောက်ပံ့ပေးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်သည်။

ပြည်သူလူထုထံသို့ပြီးခဲ့သည့် ဧပြီအတွင်း ထောက်ပံ့ခဲ့သည့်အခြေအနေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ယမန်နေ့(မေ ၁၇ရက်) ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

စစ်ကောင်စီ၏ အတားအဆီးများကို ပုံစံမျိုးစုံဖြင့် ခက်ခက်ခဲခဲဖြတ်သန်းပြီး စုစုပေါင်းကျပ် ၁၀၀.၃၈ သန်း ထောက်ပံ့ခဲ့သည်ဟု ဆိုသည်။

“အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ဘေးလွတ်မည့်ဟု ထင်သော နေရာများသို့ ထွက်ပြေးခိုလှုံနေကြရသည့် ပြည်သူများ၊ တော်လှန်ရေး၌ပါဝင်ရင်း ထိခိုက် ဒဏ်ရာရရှိသူများနှင့် အသက်ဆုံးရှုံးရသူများ၏ မိသားစုဝင်များ၊ အကူအညီလိုအပ်နေသော မသန်စွမ်းများအပါအဝင် ထိခိုက်လွယ်အုပ်စုများ၊ အကြောင်းကိစ္စအမျိုးမျိုးကြောင့် လူသားချင်းစာနာမှုအကူအညီလိုအပ်သူများကို မိတ်ဖက်အသီးသီးနှင့် လက်တွဲ ချိတ်ဆက်၍ အတတ်နိုင်ဆုံး မြေပြင်အထိရောက်အောင် ကြိုးစား ပံ့ပိုးကူညီပေးလျက်ရှိပါသည်” ဟု လူသားချင်း စာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက လူထုအားရှင်းပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဘေးဒုက္ခခံစားနေကြရသော ပြည်သူများထံသို့ စစ်ကောင်စီ၏ အတားအဆီး အမျိုးမျိုးကို ဖြတ်ကျော်၍ ကူညီထောက်ပံ့ပေးခဲ့သည့် မိတ်ဖက်အဖွဲ့များ၊ ကိုယ်စားလှယ်များ၊ စေတနာ့ ဝန်ထမ်းပြည်သူများနှင့် ထောက်ပံ့မှုရန်ပုံငွေအတွက် လှူဒါန်းပေးသောပြည်သူများကိုလည်း ကျေးဇူးတင်စကား ပြောကြားထားသည်။

စစ်ကောင်စီသည် လတ်တလောတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့ကို အင်အားတိုး၍ တိုက်ခိုက်နေပြီး အရပ်သားနေအိမ်များကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ကိုင်းနှင့် မကွေးတိုင်းရှိ ကျေးရွာများမှ ပြည်သူလူထုနေအိမ်များ အပါအဝင် နေရာပေါင်း ၄၀ကျော်၌ မီးရှို့ဖျက်ဆီးမှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့၍ နှစ်ပတ်အတွင်း အိမ်ခြေ ၂၂ ၃၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရကြောင်း Data for Myanmar က သတင်းထုတ်ပြန်ထားသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၂ ဧပြီ ၃၀ရက်အတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများက နေရာပေါင်း ၂၉၆ နေရာမှ လူနေအိမ် ခန့်မှန်းခြေ ၁၁,၄၁၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။ Data for Myanmarက ဧပြီ ၁၃ရက်အထိ ထုတ်ပြန်ခဲ့သည့် စာရင်းမှာ နေရာပေါင်း ၂၅၄ နေရာမှ နေအိမ် ၉,၁၈၇လုံးကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟု ဖော်ပြခဲ့ရာ ယခုနှစ်ပတ်အတွင်း အိမ်ခြေ ၂ထောင်ကျော်ကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။