Connect with us

Hi, what are you looking for?

News

ရေဦးတွင်စစ်​ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူ ၄ဦး​သေဆုံးပြီး ၆ ဦးအပြင်းအထန်ဒဏ်ရာရ

ညနေ ၅ နာရီခန့်တွင် အကြမ်းဖက်စစ်တပ်၏ပစ်ခတ်မှုကြောင့် ခင်ဦးမြို့နယ် တာတိုင်ကျေးရွာမှ စစ်ရှောင်ပြည်သူများ လက်နက်ကြီးထိပြီး ​လေးဦးသေဆုံးကာ ၆ ဦးမှာအရေးပေါ်အခြေအနေ ဖြစ်နေကြောင်း ခင်ဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

(ရေဦးမြို့နယ်၊ စိန့်ဇွန်းကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ခဲ့စဥ်။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင်စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူလေးဦးသေဆုံးပြီး ၆ ဦးစိုးရိမ်ရကြောင်းဒေသခံများကပြောသည်။

အကြမ်းဖက်စစ်တပ်သည် ယနေ့ (မေလ ၁၉ ရက်) နံနက်ပိုင်းမှစတင်ကာရေဦးမြို့နယ်၊ ဇိမ့်ဇွန်းကျေးရွာ၊မူးသာကုန်းကျေးရွာ၊ပိဋကတ်ကျကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့နောက် နေ့လယ်ပိုင်းတွင်ရေဦး နှင့် ဒီပဲယင်း နယ်အစပ် စစ်ကြောင်းထိုးလာရာတွင်လည်းလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်းဒေသခံများက ပြောသည်။

(ရေဦးမြို့နယ်၊ စိန့်ဇွန်းကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ခဲ့စဥ်။ ဓါတ်ပုံ-CJ)

ညနေ ၅ နာရီခန့်တွင် အကြမ်းဖက်စစ်တပ်၏ပစ်ခတ်မှုကြောင့် ခင်ဦးမြို့နယ် တာတိုင်ကျေးရွာမှ စစ်ရှောင်ပြည်သူများ လက်နက်ကြီးထိပြီး ​လေးဦးသေဆုံးကာ ၆ ဦးမှာအရေးပေါ်အခြေအနေ ဖြစ်နေကြောင်း ခင်ဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ညနေ (၄) နာရီခန့်ကဇိန်ဇွန်းကျေးရွာနှင့် ပိဋိကတ်ကျေးရွာများအား မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက်စစ်တပ်ကို KUPDFတပ်ဖွဲ့နှင့်အတူ Localမဟာမိတ်တပ်ဖွဲ့မှ ၄၀မမ၊ ဒရုန်းဖြင့်ချတိုက်ခိုက်မှုများ ပြုလုပ်ရာ ၅ ဦးသေဆုံးကြောင်း ခင်ဦး PDF က ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် ဒီပဲယင်းနယ်အတွင်းပါ ဝင်ရောက်ပစ်ခတ်နေသဖြင့် ရေဦး၊ ဒီပဲယင်းနယ်စပ်ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ စစ်မှုထမ်းဖို့ အဓမ္မပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့လူငယ်တွေ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Facebook