Connect with us

Hi, what are you looking for?

LuduNwayOo

News

အင်အား ၁၅၀ခန့်ရှိ စစ်ကြောင်းကို ကသာ(ပကဖ)နှင့် ABSDF မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များ

ယနေ့ နံနက် ၅နာရီ ၁၅တွင် ကသာမြို့ ပေကုန်းမှ ကပ်ပလိပ်​ကျေးရွာသို့ ချီတက်လာသည့် အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ်ကို ကပ်ပလိပ်မှ ကသာမြို့သို့သွားရာ တာရိုး လမ်းပေါ်၌ ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ကသာမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ကို ယနေ့ (မေလ ၂၂ရက်) နံနက်ပိုင်းတွင် ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)နှင့် ABSDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့ကြောင်း ကသာ(ပကဖ) က သတင်းထုတ်ပြန်သည်။

ယနေ့ နံနက် ၅နာရီ ၁၅တွင် ကသာမြို့ ပေကုန်းမှ ကပ်ပလိပ်​ကျေးရွာသို့ ချီတက်လာသည့် အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ်ကို ကပ်ပလိပ်မှ ကသာမြို့သို့သွားရာ တာရိုး လမ်းပေါ်၌ ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃၀ဦးခန့် ထိခိုက်သေဆုံးပြီး ၎င်းစစ်ကြောင်းမှာ ရပ်တန့်နေကြာင်း ကသာ(ပကဖ)က ကနဦး သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကသာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးလျက်ရှိပြီး ကျေးရွာများကို မီးရှို့ခြင်း၊ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခြင်း၊ များ ပြုလုပ်ခဲ့၍ ပြည်သူလူထု အသက်သေဆုံးပြီး အိုးအိမ်များ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိသည်။