Connect with us

Hi, what are you looking for?

News

ထီးချိုင့်နယ် အင်ဒေါင်းရွာမှပြန်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၍ သေဆုံးထိခိုက်များ

မေလ ၂၂ရက် နံနက် ၈နာရီခွဲတွင် Eagles Army၊ Tagung PDF၊ MGZ PDF၊ Fox Army ၊ KIA PDF များ ပူးပေါင်းကာ အင်ဒေါင်းရွာမှ စစ်ကြောင်းထိုး ပြန်လာသည့် စစ်ကောင်စီတပ်ကို စောင့်ကြို၍ အနီးကပ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - Eagles Army

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် အင်ဒေါင်းရွာမှ စစ်ကြောင်းထိုးပြန်လာသည့် စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားကြောင်း ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ၏ Eagles Army- HPDFက သတင်းထုတ်ပြန်သည်။

မေလ ၂၂ရက် နံနက် ၈နာရီခွဲတွင် Eagles Army၊ Tagung PDF၊ MGZ PDF၊ Fox Army ၊ KIA PDF များ ပူးပေါင်းကာ အင်ဒေါင်းရွာမှ စစ်ကြောင်းထိုး ပြန်လာသည့် စစ်ကောင်စီတပ်ကို စောင့်ကြို၍ အနီးကပ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ – Eagles Army

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ၂၀ ကျော်သေဆုံးပြီး ၈ဦး ဒဏ်ရာရခဲ့ကြောင်း အထိနာသည့် စစ်ကောင်စီတပ်များသည် ပြည်သူလူထု နေအိမ်များ၊ ထွန်စက်နှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း ဖော်ပြထားသည်။

Public Service Announcement

“ ဒီနေ့တော့ ထီးချိုင့်နယ် မြစ်အရှေ့ဘက်ကမ်းမှာ ထိတွေ့မှု ဖြစ်တယ်။ ကိုယ့်ဘက်ကတော့ ဘာမှတော့ ထိခိုက်မှုမရှိပါဘူး။ အခုလောလောဆယ်တော့ သူတို့က မနက်က ဖြစ်တဲ့နားတစ်ဝိုက်မှာ ရှိနေပါသေးတယ်။ အင်ဒေါင်းဘက်ပေါ့”ဟု ဒေသခံ PDF တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထီးချိုင့်နယ်အပါအဝင် စစ်ကိုင်းတိုင်းရှိ မြို့နယ်အများအပြားကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လျက်ရှိရာ ဒေသခံ PDF ပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်များက ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများလည်း မကြာခဏ ပြုလုပ်နေ၍ ပြည်သူလူထု နေအိမ်များ မီးလောင်ပျက်စီးမှုများ ဖြစ်ပေါ်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။