▪️စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကလေးငယ်နှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်
ချင်းပြည်နယ် မင်းတပ်မြို့ မင်းသတ်ကုန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF)က သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့သည်ဟု မင်းတပ် CDFက ထုတ်ပြန်သည်။
ယမန်နေ့(မေလ ၂၂ရက်)ည ၁၀နာရီခန့်တွင် စစ်ကောင်စီတပ်စွဲရာ နေရာကိုသွားရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မိနစ် ၃၀ကြာတိုက်ပွဲဖြစ်ခဲ့ကြောင်း၊ မင်းတပ် CDF ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ယနေ့နံနက်တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ရာ အသက် ၁၁နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် ၄၀ကျော်အရွယ် အမျိုးသမီးတစ်ဦးလက်နက်ကြီးကျည် ထိမှန်ပြီးဒဏ်ရာပြင်းထန်ခဲ့သည်ဟု ဆိုသည်။
လက်နက်ကြီးကျည်ထိမှန်သည့် ကလေးငယ်မှာ ခြေထောက်တစ်ဖက် ပြတ်ဒဏ်ရာရခဲ့ပြီးအမျိုးသမီးမှာ ဦးခေါင်း၌ ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။ စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ပြည်သူ့လူထု၏ နေအိမ်အချို့ပျက်စီးခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement
