Connect with us

Hi, what are you looking for?

News

CDFတိုက်ခိုက်၍ မင်းတပ်မြို့ မီးသတ်ကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေ

စစ်ကောင်စီတပ်သည် ယနေ့နံနက်တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ရာ အသက် ၁၁နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် ၄၀ကျော်အရွယ် အမျိုးသမီးတစ်ဦးလက်နက်ကြီးကျည် ထိမှန်ပြီးဒဏ်ရာပြင်းထန်ခဲ့သည်ဟု ဆိုသည်။

▪️စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကလေးငယ်နှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်

ချင်းပြည်နယ် မင်းတပ်မြို့ မင်းသတ်ကုန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF)က သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့သည်ဟု မင်းတပ် CDFက ထုတ်ပြန်သည်။

ယမန်နေ့(မေလ ၂၂ရက်)ည ၁၀နာရီခန့်တွင် စစ်ကောင်စီတပ်စွဲရာ နေရာကိုသွားရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မိနစ် ၃၀ကြာတိုက်ပွဲဖြစ်ခဲ့ကြောင်း၊ မင်းတပ် CDF ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

စစ်ကောင်စီတပ်သည် ယနေ့နံနက်တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ရာ အသက် ၁၁နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် ၄၀ကျော်အရွယ် အမျိုးသမီးတစ်ဦးလက်နက်ကြီးကျည် ထိမှန်ပြီးဒဏ်ရာပြင်းထန်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

လက်နက်ကြီးကျည်ထိမှန်သည့် ကလေးငယ်မှာ ခြေထောက်တစ်ဖက် ပြတ်ဒဏ်ရာရခဲ့ပြီးအမျိုးသမီးမှာ ဦးခေါင်း၌ ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။ စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ပြည်သူ့လူထု၏ နေအိမ်အချို့ပျက်စီးခဲ့သည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။