Connect with us

Hi, what are you looking for?

News

ယင်းမာပင်နယ် မိုးကောင်း​ရွာတွင်တပ်စွဲထားသော စစ်​ကောင်စီတ​ပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက နှစ်ကြိမ်တိုက်ခိုက်

အကြမ်းဖက်စစ်တ​ပ်သည် မိုးကောင်းရွာအတွင်းရှိ နေအိမ် ၂၀ကျော်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

(ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ယင်းမာပင်မြို့နယ်အတွင်း၌ အကြမ်းဖက်စစ်တပ်အား တိုက်ခိုက်နေကြသော ဒေသတွင်းအဖွဲ့များအား ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မိုးကောင်း​ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တ​ပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုများနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

ယမန်နေ့(မေလ ၂၂ ရက်)ည ၇နာရီခန့်က မိုးကောင်းကျေးရွာတွင် တပ်စွဲထားသော အင်အားတစ်ရာခန့်ရှိမည့် အကြမ်းဖက်စစ်တပ်အား အမျိုးသားတော်လှန်ရေး ပြောက်ကျားတပ်ရင်း(NRG)၊ ဗိုလ်မီးတောက်(WG)၊ နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

၁နာရီခန့်ကြာအောင် ရှော့တိုက်ဒုံး၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်တပ်ဘက်မှ သေဆုံးမှုများနိုင်ကြောင်း ၎င်းအဖွဲ့များက ပြောသည်။

ယနေ့ (မေလ ၂၃ရက်) နံနက်ပိုင်းတွင်လည်း ယမန်နေ့ညက အဖွဲ့များမဟုတ်ဘဲ အခြားအဖွဲ့များက မိုးကောင်းရွာရှိ အကြမ်းဖက်စစ်တ​ပ်အား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်မှအရာရှိတစ်ဦးနှင့် စစ်ကောင်စီတပ်သားလေးဦးသေဆုံးသွားပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

အကြမ်းဖက်စစ်တ​ပ်သည် မိုးကောင်းရွာအတွင်းရှိ နေအိမ် ၂၀ကျော်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ စစ်ဆင်ရေးအား မုံရွာခရိုင်တပ်ရင်း-(၂) တပ်ခွဲ(၁)၊ မုံရွာခရိုင် တပ်ရင်း(၃)၊ တပ်ခွဲ(၁)၊ မုံရွာခရိုင်တပ်ရင်း – (၄)နှင့် အမိမြေတော်လှန်ရေးတပ်ဖွဲ့၊ ယင်းမာပင်ခရိုင် တပ်ရင်း(၂)၊ ယင်းမာပင်ခရိုင် တပ်ရင်း(၃)၊ Yoma Fighter PDF၊ KUG ကိုယ်စားပြု GYZ တပ်ဖွဲ့၊ ဆားလင်းကြီး PDFအဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် (၈+၁)=၉ (၉) ရွာ (၉)မိုင် ချီတက်လမ်းလျှောက်တဲ့ လှုပ်ရှားမှု ဒီကနေ့ (ဇွန် ၁၈) ပြုလုပ်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။