Connect with us

Hi, what are you looking for?

LuduNwayOo

News

ယင်းမာပင်နယ် မိုးကောင်း​ရွာတွင်တပ်စွဲထားသော စစ်​ကောင်စီတ​ပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက နှစ်ကြိမ်တိုက်ခိုက်

အကြမ်းဖက်စစ်တ​ပ်သည် မိုးကောင်းရွာအတွင်းရှိ နေအိမ် ၂၀ကျော်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

(ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ယင်းမာပင်မြို့နယ်အတွင်း၌ အကြမ်းဖက်စစ်တပ်အား တိုက်ခိုက်နေကြသော ဒေသတွင်းအဖွဲ့များအား ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မိုးကောင်း​ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တ​ပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုများနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

ယမန်နေ့(မေလ ၂၂ ရက်)ည ၇နာရီခန့်က မိုးကောင်းကျေးရွာတွင် တပ်စွဲထားသော အင်အားတစ်ရာခန့်ရှိမည့် အကြမ်းဖက်စစ်တပ်အား အမျိုးသားတော်လှန်ရေး ပြောက်ကျားတပ်ရင်း(NRG)၊ ဗိုလ်မီးတောက်(WG)၊ နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

၁နာရီခန့်ကြာအောင် ရှော့တိုက်ဒုံး၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်တပ်ဘက်မှ သေဆုံးမှုများနိုင်ကြောင်း ၎င်းအဖွဲ့များက ပြောသည်။

ယနေ့ (မေလ ၂၃ရက်) နံနက်ပိုင်းတွင်လည်း ယမန်နေ့ညက အဖွဲ့များမဟုတ်ဘဲ အခြားအဖွဲ့များက မိုးကောင်းရွာရှိ အကြမ်းဖက်စစ်တ​ပ်အား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်မှအရာရှိတစ်ဦးနှင့် စစ်ကောင်စီတပ်သားလေးဦးသေဆုံးသွားပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

အကြမ်းဖက်စစ်တ​ပ်သည် မိုးကောင်းရွာအတွင်းရှိ နေအိမ် ၂၀ကျော်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ စစ်ဆင်ရေးအား မုံရွာခရိုင်တပ်ရင်း-(၂) တပ်ခွဲ(၁)၊ မုံရွာခရိုင် တပ်ရင်း(၃)၊ တပ်ခွဲ(၁)၊ မုံရွာခရိုင်တပ်ရင်း – (၄)နှင့် အမိမြေတော်လှန်ရေးတပ်ဖွဲ့၊ ယင်းမာပင်ခရိုင် တပ်ရင်း(၂)၊ ယင်းမာပင်ခရိုင် တပ်ရင်း(၃)၊ Yoma Fighter PDF၊ KUG ကိုယ်စားပြု GYZ တပ်ဖွဲ့၊ ဆားလင်းကြီး PDFအဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။