Connect with us

Hi, what are you looking for?

News

ဂန့်ဂါနယ်တောင်ပိုင်းရှိ ယောဒေသကာကွယ်ရေးတပ်စခန်းတစ်ခုကို စစ်ကောင်စီတပ် ရဟတ်ယာဥ်လေးစီးဖြင့် တိုက်ခိုက်နေ

လာရောက်ပစ်ခတ်သည့် ရဟတ်ယာဥ်များသည် Mi 35 နှင့် Mi 17 အမျိုးအစားများဖြစ်ကြောင်း လည်း အသိပေးသည်။

မကွေးတိုင်း၊ ဂန့်ဂါမြို့နယ်တောင်ပိုင်းရှိ ယောဒေသကာကွယ်ရေးတပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က ရဟတ်ယာဥ်လေးစီးဖြင့်တိုက်ခိုက်နေသည်ဟု YDF တာဝန်ရှိသူက People’s Springသို့ အတည်ပြုသည်။

ယနေ့(မေ ၂၆ ရက်) နံနက် ၁၁နာရီခန့်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က ဂန့်ဂေါမြို့နယ်တောင်ပိုင်း မြစ်သာဆည်အနီးတစ်ဝိုက်ရှိ အရာရှိရိပ်သာကုန်းအနီး ထိုးစစ်ဆင်လာခြင်းဟု ဆိုသည်။

“အဲဒီမှာကျွန်တော်တို့ YDFရဲ့ စခန်းတစ်ခုရှိတယ်။ရဟတ်ယာဥ် လေးစီးနဲ့ကို လာပစ်တာ။အခုတော့သုံးစီး တပ်ပြန်ဆုတ်သွားတယ်။ တစ်စီးက ထပ်ကင်းထောက်နေတုန်းပဲ”ဟု YDF တာဝန်ရှိသူက ယနေ့ နေ့လယ် ၁၂ နာရီတွင် ပြောသည်။

စခန်းအား ရဟတ်ယာဥ်များဖြင့် တိုက်ခိုက်စီး နင်းခံရမှုတွင် ရဲဘော်များ ထိခိုက်ကျဆုံးမှု ရှိ၊မရှိကို မစိစစ်ရသေးဟုလည်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

လာရောက်ပစ်ခတ်သည့် ရဟတ်ယာဥ်များသည် Mi 35 နှင့် Mi 17 အမျိုးအစားများဖြစ်ကြောင်း လည်း အသိပေးသည်။

လက်ရှိတွင် မြစ်သာဆည်ပတ်ဝန်းကျင်ရှိ ပနန်း၊စင်ပုံ၊ယင်းမာ နှင့် စံပယ်ကျေးရွာတို့မှ ပြည်သူများ ထွက်ပြေးနေရသည်ဟုလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။