Connect with us

Hi, what are you looking for?

သတင်း

ဆီးမီးလော့ရွာအနီးရှိ စစ်ကောင်စီစခန်းကို ထပ်မံရှင်းလင်းရာ ခဲယမ်းနှင့်ကျည်များ သိမ်းဆည်းရမိဟု KNDF အသိပေး

ဖယ်ခုံအင်းအရှေ့ဘက်ကမ်းတွင် KNDF အပါအဝင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ မေလ ၁၅ရက်မှ စတင်၍ တိုက်ပွဲများ ပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က ၃၀ကျော်သေဆုံးခဲ့ပြီး ကာကွယ် ရေးပူးပေါင်းတပ်မှ ရဲဘော် ၆ဦးကျဆုံးကာ ဒဏ်ရာရသူအချို့ရှိခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆီးမီးလော့ရွာ အောက်ဘက်ရှိ စစ်ကောင်စီတပ်စခန်းကို ဒုတိယ အကြိမ်ရှင်းလင်းခဲ့ရာ လက်နက်ကြီးကျည်နှင့် ဗုံးသီးများ၊ ကျည်များသိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၃) က သတင်းထုတ်ပြန်သည်။

အဆိုပါ ဆီးမီးလော့ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ကရင်နီပူးပေါင်းအဖွဲ့က မေလ ၂၄ရက်တွင် သွားရောက်ရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်များ ဆုတ်ခွာသွားသော် လည်း မိုင်းများထောင်ထား၍ ဖယ်ရှားပြီး ဖောက်ခွဲဖျက်ဆီးခဲ့ရသည်ဟု ဆိုသည်။

Public Service Announcement

အဆိုပါနေရာကို ဒုတိယအကြိမ် ရှင်းလင်းရာတွင် ရရှိခဲ့သည့် စစ်ကောင်စီတပ်၏ ပစ္စည်းများကို ဓာတ်ပုံဖြင့် ဖော်ပြခဲ့ရာ လက်နက်ကြီးကျည်၊ အီနာဂါဗုံးသီး၊ ဗုံးပစ်လောင်ချာကျည်များ၊ မိုင်း၊ ကျည်အိမ်နှင့် ကျည်များ၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။

ဖယ်ခုံအင်းအရှေ့ဘက်ကမ်းတွင် KNDF အပါအဝင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ မေလ ၁၅ရက်မှ စတင်၍ တိုက်ပွဲများ ပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က ၃၀ကျော်သေဆုံးခဲ့ပြီး ကာကွယ် ရေးပူးပေါင်းတပ်မှ ရဲဘော် ၆ဦးကျဆုံးကာ ဒဏ်ရာရသူအချို့ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။