Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယ − အာဆီယံ အစည်းအဝေးစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားဖွယ်မရှိ

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အစည်းအဝေးတက်ရောက်ဖို့ နိုင်ငံရေးအရ ကိုယ်စားမပြုသူ စစ်ကောင်စီနိုင်ငံခြားရေးဌာနရဲ့အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး
စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး

လာမယ့် ဇွန်လလယ်ပိုင်းမှာ ကျင်းပမယ့် အိန္ဒိယ − အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အာဏာသိမ်းစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားဖွယ်မရှိဘူးလို့ The Hindu သတင်းဌာနက ဖော်ပြပါတယ်။

အာဆီယံဘုံသဘောတူညီချက်တွေကိုအကောင်အထည်ဖော်ဖို့ပျက်ကွက်နေသမျှ အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ စစ်ကောင်စီကိုဖိတ်ကြားခြင်းမပြုဘူးဆိုတဲ့ အာဆီယံအဖွဲ့ကြီးရဲ့ ဆုံးဖြတ်ချက်အတိုင်း အိန္ဒိယဟာ ကျင့်သုံးဖွယ်ရှိနေတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိကြီးတွေနဲ့ သံတမန်သတင်းရင်းမြစ်တွေ ကို ကိုးကားပြီး သတင်းမှာဖော်ပြထားပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အစည်းအဝေးတက်ရောက်ဖို့ နိုင်ငံရေးအရ ကိုယ်စားမပြုသူ စစ်ကောင်စီနိုင်ငံခြားရေးဌာနရဲ့အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

ဒါပေမယ့် စစ်ကောင်စီဘက်က တစုံတရာ ပြန်ကြားလာတာမရှိသေးပါဘူး။ စစ်ကောင်စီဟာ အရင်က အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ ခေါင်းဆောင်ပိုင်းတွေကို ဖိတ်ကြားတာမရှိရင် ကိုယ်စားလှယ်လွှတ်ပြီးတက်ရောက်လေ့မရှိတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့မတ်လအတွင်းကကျင်းပခဲ့တဲ့ ဘင်းမ်စတက်အဖွဲ့ရဲ့အစည်းအဝေးမှာ စစ်ကောင်စီကို ဖိတ်ကြားခဲ့တဲ့အတွက် အစည်းအဝေးကို တက်ရောက်ခဲ့တဲ့အိန္ဒိယဝန်ကြီးချုပ်ဟာဝေဖန်ခံရမှုတွေရှိခဲ့ပါတယ်။

ကိုးကား − The Hindu
Photo Credit: R.V. Moorthy

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။