Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ဘေးရှောင်တွေထဲ အဆိုးဆုံးခံစားကြရသူတွေ

အခုနှစ်အတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ကြီးမားတဲ့ထိခိုက်နစ်နာဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေပြီး ဒေသခံတွေထိခိုက်သေဆုံးခဲ့ကြရကာ နေအိမ်အဆောက်အဦးတွေ၊ ကျောင်းတွေ ဆေးခန်းတွေ ထိခိုက်ပျက်စီးခဲ့တဲ့အပြင် စစ်ဘေးရှောင်ဦးရေကလည်း ပိုမိုများပြားလာခဲ့တာဖြစ်ပါတယ်။

စစ်ဘေးရှောင်
စစ်ဘေးရှောင်

ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေထဲက သက်ကြီးရွယ်အို၊ မွေးကင်းစကလေးနဲ့ ကိုယ်ဝန်ဆောင်တွေ ပိုပြီးထိခိုက်ခံစားနေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ဆိုပါတယ်။

“ဒီအုပ်စုတွေကြတော့ အထူးအကူအညီတွေ လိုအပ်သူတွေဖြစ်ကြတယ်။ စစ်ပြေးရှောင်နေရတဲ့အခါမှာသော်လည်းကောင်း တိုက်ပွဲအတွင်းမှာနေထိုင်ရတဲ့အခါမှာသော်လည်းကောင်း ပိုပြီးတော့မှ သူတို့ကထိခိုက်နစ်နာစေတာပေါ့။ ဘာလို့လည်းဆိုလို့ရှိရင် သူတို့က သူများတွေလိုမျိုး လွယ်လွယ်ကူကူနဲ့ ထွက်ပြေးတိမ်းရှောင်လို့ရတဲ့ လူမျိုးထဲမှာ မဟုတ်သလိုမျိုး ထိခိုက်နစ်နာမှုကို ပိုမိုပြီးတော့မှ လွယ်ကူစွာခံစားရနိုင်တဲ့ အုပ်စုတွေဖြစ်တဲ့အတွက်ကြောင့်ပေါ့” လို့ KHRG က ပြောခွင့်ရသူ စောနန္ဒဆူးက ဆိုပါတယ်။

အခုနှစ်အတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ကြီးမားတဲ့ထိခိုက်နစ်နာဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေပြီး ဒေသခံတွေထိခိုက်သေဆုံးခဲ့ကြရကာ နေအိမ်အဆောက်အဦးတွေ၊ ကျောင်းတွေ ဆေးခန်းတွေ ထိခိုက်ပျက်စီးခဲ့တဲ့အပြင် စစ်ဘေးရှောင်ဦးရေကလည်း ပိုမိုများပြားလာခဲ့တာဖြစ်ပါတယ်။

“လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အချိန်နဲ့တပြေးညီ လုံလောက်စွာမရရှိတဲ့အတွက်ကြောင့်မို့လို့ရယ် ပြီးလို့ရှိရင် သူတို့အတွက် အသက်မွေးဝမ်းကြောင်းအခွင့်အလမ်းလည်း မရှိတော့တဲ့အတွက်ကြောင့်မို့လို့ ခက်ခဲတဲ့အခြေအနေမျိုးမှာ သူတို့ကနေထိုင်ရတာပေါ့။ ပြည်သူတွေဟာဆိုလို့ရှိရင် သူတို့ရဲ့နေ့စဉ်ဘ၀မှာ အကြောက်တရားနဲ့ပဲ နေထိုင်နေရတယ်ပေါ့။ အသက်မွေးဝမ်ကြောင်းအခွင့်အလမ်း ကျန်းမာရေး ပညာရေး လက်လှမ်းမှီနိုင်ခွင့် အသက်ရှင်သန်ခွင့် ဘေးကင်းလုံခြုံခွင့်တွေကအစ ချိုးဖောက်ခံနေရတာပေါ့” လို့ စောနန္ဒဆူးက ဆိုပါသေးတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဒေသခံပြည်သူတွေအပေါ် စစ်ကောင်စီက ဖမ်းဆီးမှုနဲ့ လူသားဒိုင်းအဖြစ် အသုံးပြုလုပ်ဆောင်နေတာတွေဟာ ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့လုပ်ရပ်တွေဖြစ်ကြပြီး ဒီလိုလုပ်ဆောင်တာတွေဟာ ဒေသခံပြည်သူတွေအပေါ် တိုက်ရိုက်ထိခိုက်နစ်နာမှုကိုဖြစ်စေတဲ့ လုပ်ဆောင်ချက်တွေဖြစ်တယ်လို့ စောနန္ဒဆူးက ဆိုပါသေးတယ်။

“အထူးသဖြင့် ဒေသခံပြည်သူတွေရဲ့ အသက်ရှင်သန်ခွင့် ဘေးကင်းလုံခြုံစွာနေထိုင်ခွင့် လွတ်လပ်စွာသွားလာနေထိုင်ခွင့် ဒီအခွင့်အရေးတွေကို ဆုံးရှုံးစေတယ်ပေါ့။ ဆိုတော့ စစ်ရေးဆိုင်ရာလုပ်ဆောင်မှုတွေ ဆက်လက်ဖြစ်နေသမျှတော့ ပြည်သူတွေရဲ့အခြေခံအခွင့်အရေးတွေ ဆက်လက်ပြီးတော့မှ ချိုးဖောက်ခံနေရမှာပဲ။ ပြည်သူတွေရဲ့ ဘ၀လည်း ဆက်ပြီးမှ ဆိုးပြီးဆိုးရွားလာနေဦးမယ်လို့တော့ ပြောလို့ရတယ်ခင်ဗျ” လို့ စောနန္ဒဆူးက ဆိုပါတယ်။

လတ်တလောမှာ ကေအဲန်ယူ တပ်မဟာ ၁ သထုံခရိုင်၊ တပ်မဟာ ၃ ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၄ ဘိတ်ထားဝယ်ခရိုင်၊ တပ်မဟာ ၅ ဖာပွန်ခရိုင်နဲ့ တပ်မဟာ ၆ ဒူးပလာယာခရိုင်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး မိုးကာလလည်းရောက်ရှိလာတာကြောင့် စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေး၊ နေထိုင်ရေးနဲ့ စားဝတ်နေရေးတွေအတွက် လိုအပ်ချက်များပြားလာတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားတာပါ။

အထူးသဖြင့် တပ်မဟာ ၁၊ တပ်မဟာ ၃ ၊ တပ်မဟာ ၄ နဲ့ တပ်မဟာ ၅ နယ်မြေအတွင်းမှာရှိ သွားရေးလာရေးခက်ခဲတဲ့ ဒေသတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အထူးလိုအပ်နေတယ်လို့လည်း ကေအဲန်ယူရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။