Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ​၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော အိမ်ထောင်စုများအတွက် ငွေနှင့်ဆန်များ ထောက်ပံ့

ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၏ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)တာဝန်ခံမှ ဦးဆောင်ကာ ပေးအပ်ထောက်ပံ့ခဲ့ပြီး Phoenix အထူးပြောက်ကျားတပ်ဖွဲ့နှင့် ဒေါင်းညီနောင် အဖွဲ့များမှလိုက်ပါကူညီဆောင်ရွက်ပေးခဲ့ ကြောင်းလည်း အသိပေးသည်။

မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော အိမ်ထောင်စုများအတွက် ငွေနှင့်ဆန်များ ထောက်ပံ့
မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော အိမ်ထောင်စုများအတွက် ငွေနှင့်ဆန်များ ထောက်ပံ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း မေလဒုတိယပတ်မှစတင်ကာ အကြမ်းဖက်စစ်ကောင်စီ​၏ လူမဆန်စွာ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော အိမ်ထောင်စုများအတွက် ငွေနှင့်ဆန်များ ထောက်ပံ့ပေးခဲ့ကြောင်း Phoenix အထူးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

မီးဘေးသင့်ဒေသခံ အိမ်ထောင်စု ၁၇၃ခုအတွက် တစ်အိမ်ထောင်လျှင် ၄၀,၀၀၀ (လေးသောင်းကျပ်) နှန်းဖြင့် ၆,၉၂၀,၀၀၀(ခြောက်ဆယ့်ကိုးသိန်းနှစ်သောင်းကျပ်တိတိ)နှင့် ဆန်အိတ်အလုံး (၆၀)ထောက်ပံ့ခဲ့သည်ဟု ဆိုသည်။

မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော အိမ်ထောင်စုများအတွက် ငွေနှင့်ဆန်များ ထောက်ပံ့
မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော အိမ်ထောင်စုများအတွက် ငွေနှင့်ဆန်များ ထောက်ပံ့

အဆိုပါထောက်ပံ့မှုငွေနှင့် ဆန်တို့သည် ပြည်တွင်းပြည်ပမှအလှူရှင်များနှင့် ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)​၏ ထောက်ပံ့ကူညီမှုများဖြစ်သည်ဟု ဖော်ပြသည်။

ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၏ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)တာဝန်ခံမှ ဦးဆောင်ကာ ပေးအပ်ထောက်ပံ့ခဲ့ပြီး Phoenix အထူးပြောက်ကျားတပ်ဖွဲ့နှင့် ဒေါင်းညီနောင် အဖွဲ့များမှလိုက်ပါကူညီဆောင်ရွက်ပေးခဲ့ ကြောင်းလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထောက်ပံ့ပေးအပ်မှုကို ကူညီဆောင်ရွက်ပေးပါသောရပ်ရွာ (ပအဖ၊ ပကဖ) တာဝန်ခံများကို လည်းအထူးကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော အိမ်ထောင်စုများအတွက် ငွေနှင့်ဆန်များ ထောက်ပံ့
မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော အိမ်ထောင်စုများအတွက် ငွေနှင့်ဆန်များ ထောက်ပံ့

လက်ရှိတွင် စစ်ကိုင်း နှင့်မကွေးတိုင်းဒေသများရှိ မြို့နယ်အများစုတွင် အကြမ်းဖက်စစ်တပ်က ဖုန်း၊အင်တာနက်လိုင်းများ ဖြတ်တောက်ကာ နေ့စဥ် ရွာလုံးကျွတ်မီးရှို့နေသည်။

ထို့ကြောင့် စစ်ဘေးရှောင်ပြည်သူများ သိန်းနှင့်ချီ မြင့်တက်လာနေပြီး အရေးပေါ်စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများစွာလိုအပ်နေကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

“ကူညီထောက်ပံ့မှုအရ လောလောဆယ် အဆင်ပြေနိုင်အောင်စီစဥ်ခဲ့တာပါ။အားလုံးတော့ မရကြသေးဘူး။နယ်မြေအခြေအနေအရခက်ခဲနေလို့ မရောက်ဖြစ်သေးတာတွေလည်းရှိတယ်။ကျွန်တော်တို့ မြို့နယ်ထဲမှာ အခုလပိုင်းအတွင်း မီးဘေးသင့် အိမ်ထောင်စုက ခန့်မှန်ခြေ ၃၀၀ အထက်မှာရှိပါတယ်”ဟု ဒေါင်းညီနောင်အဖွဲ့မှ တာဝန်ရှိသူက People’s Springသို့ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

သတင်း

မူးယစ်တိုက်ဖျက်ရေးတိုးမြှင့်ဖို့ သံသယဖြစ်ဖွယ်လှုပ်ရှားမှုတွေကို အကြောင်းကြားပေးဖို့ KNU ဖိတ်ခေါ်