ရိုဟင်ဂျာတွေလူမျိုးတုံးသတ်ဖြတ်ခံရတဲ့အကြောင်းစာအုပ်ကို တင်သွင်းထုတ်ဝေ ဖြန့်ချီရောင်းချတာကြောင့် လွင်ဦးစာပေကို ထုတ်ဝေခွင့်လိုင်စင်သိမ်းကာ စစ်ကောင်စီကစာအုပ်တိုက် ပိတ်သိမ်းလိုက်ပါတယ်။
Ronan Lee ရဲ့ MYANMAR’S ROHINGYA GENOCIDE စာအုပ်ကို လွင်ဦးစာပေ ဟာ တင်သွင်း၊ထုတ်ဝေ၊ဖြန့်ချီရောင်းချခဲ့ပြီးဒါဟာ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းဥပဒေပါ စည်းကမ်းချက်ကို ချိုးဖောက်တယ်လို့ ဒီနေ့ထုတ်စစ်ကောင်စီရဲ့သတင်းစာမှာဖော်ပြထားပါတယ်။
စာအုပ်တိုက်ထုတ်ဝေခွင့်ကိုမေလ ၂၈ ရက်မှာ ရုတ်သိမ်းလိုက်ပြီး မီဒီယာအမျိုးအစားတစ်ခုခုကိုအသုံးပြုတာဖြစ်စေ ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြုပြီးဖြစ်စေ ရေးသားထုတ်ဝေတာတွေ မထုတ်ဖို့ စစ်ကောင်စီကဆိုထားပါသေးတယ်။