Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု စာအုပ်ရောင်းချမှုကြောင့် လွင်ဦးစာပေတိုက်ကို ထုတ်ဝေခွင့်ပိတ်သိမ်း

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်သော သတင်းမီဒီယာ အနည်းဆုံး ၉ ခုကို ထုတ်ဝေခွင့်ပိတ်သိမ်းခဲ့ပြီး သတင်းသမား ၁၁၅ဦး ဖမ်းဆီးခံခဲ့ရကာ ၅၇ ဦးကို မတရားဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သည်။

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုစာအုပ်
ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုစာအုပ်

မြန်မာ့ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်ခြင်း(Myanmar’s Rohingya Genocide) စာအုပ်တင်သွင်းရောင်းချသည့် လွင်ဦးစာပေတိုက်ကို စစ်ကောင်စီသည် ထုတ်ဝေခြင်းပိတ်သိမ်းလိုက်သည်။

ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြုလက်မှတ်ရယူထားသူ ဦးလွင်ဦး(လွင်ဦးစာပေ)သည် မေလ ၂၇ ရက်တွင် Lwin Oo Book Store ဖေ့စ်ဘုတ်စာမျက်နှာ၌ Ronan Lee ၏ Myanmar’s Rohingya Genocide စာအုပ်ကို တင်သွင်း၊ ထုတ်ဝေ၊ ဖြန့်ချိခဲ့ကြောင်းတွေ့ရှိရသည်ဟု စစ်ကောင်စီလက် အောက်ခံပြန်ကြားရေးဝန် ကြီးဌာနက ထုတ်ပြန်သည်။

ယင်းသို့ဖြန့်ချိခြင်းသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို ချိုးဖောက်ခဲ့သည်ဟုဆိုကာ ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို မေလ ၂၈ ရက်တွင်စတင်ရုတ်သိမ်းကြောင်းနှင့် လွင်ဦးစာပေတိုက်အနေဖြင့် ရေးသားထုတ်ဝေခြင်းလုံး၀ မလုပ်ဆောင်ရန် ထုတ်ပြန်သည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်သော သတင်းမီဒီယာ အနည်းဆုံး ၉ ခုကို ထုတ်ဝေခွင့်ပိတ်သိမ်းခဲ့ပြီး သတင်းသမား ၁၁၅ဦး ဖမ်းဆီးခံခဲ့ရကာ ၅၇ ဦးကို မတရားဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အာဏာသိမ်းမှုကို ဆန့်ကျင်သော ထင်ပေါ်ကျော်ကြားသူများ၊ စာရေးဆရာများ၏ ရေးသားထုတ်ဝေပြီးသော စာအုပ်များကိုလည်း စစ်ကောင်စီက လွတ်လပ်စွာရောင်းချခွင့်မပေးဘဲ ပိတ်ပင်ကန့်သတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာ ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် ဒေသခံအရပ်သားပြည်သူတွေကို စစ်တပ်က ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေပြီး အခု ၂ပတ်အတွင်း ဖမ်းဆီးခံရသူ ၁၆ ဦးထက်မနည်း ရှိသွားခဲ့ပြီလို့ မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ရွှေ့ပြောင်း အခြေချနိုင်ဖို့ ရည်ရွယ်ထားသူတွေကို တင်ဆောင်သွားတဲ့ လှေတစ်စီး နစ်မြုပ်ပြီး ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ စုစုပေါင်း ၂၅၀ ဝန်းကျင် ပျောက်ဆုံးနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ အမြင်အာရုံ ချွတ်ယွင်းနေတဲ့ ရိုဟင်ဂျာ အမျိုးသား တစ်ဦးကို နယ်စပ် လုံခြုံရေး အေးဂျင့်တွေက မိသားစုဆီ သေချာ မအပ်နှံဘဲ ပြန်လွှတ်ပေးခဲ့ရာက သေဆုံးသွားခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့ရှိ ဖင်လန်နိုင်ငံသံရုံးဟာ ဒီလကုန် ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင် ပိတ်သိမ်းမယ်လို့ ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။