Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု စာအုပ်ရောင်းချမှုကြောင့် လွင်ဦးစာပေတိုက်ကို ထုတ်ဝေခွင့်ပိတ်သိမ်း

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်သော သတင်းမီဒီယာ အနည်းဆုံး ၉ ခုကို ထုတ်ဝေခွင့်ပိတ်သိမ်းခဲ့ပြီး သတင်းသမား ၁၁၅ဦး ဖမ်းဆီးခံခဲ့ရကာ ၅၇ ဦးကို မတရားဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သည်။

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုစာအုပ်
ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုစာအုပ်

မြန်မာ့ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်ခြင်း(Myanmar’s Rohingya Genocide) စာအုပ်တင်သွင်းရောင်းချသည့် လွင်ဦးစာပေတိုက်ကို စစ်ကောင်စီသည် ထုတ်ဝေခြင်းပိတ်သိမ်းလိုက်သည်။

ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြုလက်မှတ်ရယူထားသူ ဦးလွင်ဦး(လွင်ဦးစာပေ)သည် မေလ ၂၇ ရက်တွင် Lwin Oo Book Store ဖေ့စ်ဘုတ်စာမျက်နှာ၌ Ronan Lee ၏ Myanmar’s Rohingya Genocide စာအုပ်ကို တင်သွင်း၊ ထုတ်ဝေ၊ ဖြန့်ချိခဲ့ကြောင်းတွေ့ရှိရသည်ဟု စစ်ကောင်စီလက် အောက်ခံပြန်ကြားရေးဝန် ကြီးဌာနက ထုတ်ပြန်သည်။

ယင်းသို့ဖြန့်ချိခြင်းသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို ချိုးဖောက်ခဲ့သည်ဟုဆိုကာ ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို မေလ ၂၈ ရက်တွင်စတင်ရုတ်သိမ်းကြောင်းနှင့် လွင်ဦးစာပေတိုက်အနေဖြင့် ရေးသားထုတ်ဝေခြင်းလုံး၀ မလုပ်ဆောင်ရန် ထုတ်ပြန်သည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်သော သတင်းမီဒီယာ အနည်းဆုံး ၉ ခုကို ထုတ်ဝေခွင့်ပိတ်သိမ်းခဲ့ပြီး သတင်းသမား ၁၁၅ဦး ဖမ်းဆီးခံခဲ့ရကာ ၅၇ ဦးကို မတရားဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အာဏာသိမ်းမှုကို ဆန့်ကျင်သော ထင်ပေါ်ကျော်ကြားသူများ၊ စာရေးဆရာများ၏ ရေးသားထုတ်ဝေပြီးသော စာအုပ်များကိုလည်း စစ်ကောင်စီက လွတ်လပ်စွာရောင်းချခွင့်မပေးဘဲ ပိတ်ပင်ကန့်သတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

သတင်း

လက်ရှိ ဖမ်းဆီးခံထားရတယ်ဆိုတဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ လွတ်မြောက်နိုင်ခြေနဲ့ အသက်အန္တရာယ် ကျရောက်နိုင်ခြေတွေကလည်း မရေမရာ ဖြစ်နေဆဲလို့ ဆိုပါတယ်။

မေးမြန်းခန်း

ရက္ခိုင့်တပ်​တော်-AA ရဲ့ထိုးစစ်​ကြောင့် မရှုမလှ ရှုံးနိမ့်ပြီး မြို့​တွေဆက်တိုက်လက်လွှတ်​နေရတဲ့ စစ်​ကောင်စီဟာ ရိုဟင်ဂျာ​တွေကို အသုံးချပြီး ရခိုင် နဲ့ ရိုဟင်ဂျာ ကြားလူမျိုး​ရေးပြသာနာဖန်တီးဖို့လည်း ကြိုးစား​နေပါတယ်။